ဓာတ်ဆီဆိုင်အား ပြောင်းရွှေ့ပေးရန် သာစည်မြို့မှ ပြည်သူများ ဆန္ဒပြ
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 30 Jul, 2012
by Myit Makha Mediagroup on 30 Jul, 2012
မြို့တွင်း
မီးဘေးအန္တရာယ်စိုးရိမ်ရသဖြင့်
သာစည်မြို့အလယ်ရှိကောင်းဇော်ဟိန်းဓာတ်ဆီဆိုင်ရွှေ့ပြောင်း
ပေးရန်အတွက်သာစည်မြို့ခံပြည်သူ(၁၀၀)ခန့်က ယနေ့နံနက်(၉း၀၀)နာရီအချိန်မှ
စတင်၍တရားဝင်စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။
“ကောင်းဇော်ဟိန်းဓာတ်ဆီဆိုင်ရဲ့ဘေးမှာမူကြိုကျောင်း၊လဝကရုံး၊ဘဏ်၊လျှပ်စစ်ရုံး၊စတဲ့အစိုးရရုံးတွေရှိတယ်
၊မြို့လယ်ခေါင်တည့်တည့်ဆိုတော့ သာစည်မြို့ပြာကျမှာ စိုးရိမ်ရတယ်”ဟု ဆန္ဒပြရာတွင်ဦးဆောင်သူ ကိုဝင်းချိုက ပြောသည်။
ကောင်းဇော်ဟိန်း ဓါတ်ဆီဆိုင် ပြောင်းရွှေ့ရန်အတွက်မြို့အပြင်တွင်သတ်မှတ်ထားသော မြေနေရာရှိကြောင်းကိုလည်း ၄င်း၏ ပြောဆိုမှုအရ သိရှိရသည်။
“ဓါတ်ဆိုင်ထဲမှာဆီဂါလံတစ်သောင်းကျော်ဆန့်တဲ့ကန်တွေနဲ့ဓါတ်ဆီသိုလှောင်ထားတယ်မီးဘေးအတွက်သာစည်
မြို့နေလူထုရဲစိတ်ထဲမှာမတင်မကျဖြစ်နေကြတယ်၊ ကျမတို့က
ဓါတ်ဆီဆိုင်ပြောင်းရွေ့ရေးကိုပဲအဓိက
လုပ်ဆောင်သွားမှာပါသက်ဆိုင်ရာကလည်းထိထိရောက်ရောက်လုပ်ဆောင်ပေးစေလိုပါတယ်”ဟုသာစည် မြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်နွဲ့ယဉ်က ဆိုသည်။
ကောင်းဇော်ဟိန်းဓါတ်ဆီဆိုင်သည်သာစည်မြို့အမှက်(၄)ထိန်ကန်ရက်ကွက်ဗဟိုလမ်းမကြီးပေါ်တွင်ရှိပြီး အစိုးရပိုင်BOCစက်သုံးဆီအရောင်းဆိုင်မှ ပုဂ္ဂလိကသို့တဆင့်လွှဲပြောင်းရောင်းချထားခဲ့သည့် ဆိုင်ဖြစ်သည်။
ဆန္ဒပြမှုအပေါ်တွင်
ကောင်းဇော်ဟိန်းဓါတ်ဆီိဆိုင်မှ ပြန်လည်တုန့်ပြန်ခြင်းမရှိသေးကြောင်း
ဆန္ဒထုတ်ဖော် နေသူ မြို့ခံအချို့ ထံမှ သိရှိရသည်။
No comments:
Post a Comment