Tuesday, March 26, 2013

ငြိမ်းချမ်းရေးရဖို့ တရားဥပဒေ စိုးမိုးရမည်


ငြိမ်းချမ်းရေးရဖို့ တရားဥပဒေ စိုးမိုးရမည်

Hits:1,671
ရှမ်းပြည်နယ် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ကျင်းပခဲ့ပြီးပြီ။ ထိုညီလာခံ၏ ခေါင်းစဉ်က “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဖြစ်သည်။
တိုင်းရင်သားလူမျိုးစုကြီး တစုအောက်တွင် နှစ်ပေါင်းများစွာ အကွဲကွဲ အပြားပြား ဖြစ်ခဲ့ကြသော လူမျိုးစုနွှယ်များကို  ပထမဆုံးကြိမ် တပေါင်းတစည်းတည်း မြင်တွေ့ရပြီး ရှမ်းမျိုးနွယ်စုများ ဖြစ်သည့် လားဟူ၊ ပအိုဝ်း၊ တောင်သူ၊ ဝ၊ ကိုးကန့်၊ ပလောင် အစရှိသဖြင့် အကွဲကွဲအပြားပြား ဖြစ်ခဲ့ကြရာမှ ယခုကျင်းပမည့် ညီလာခံသို့ စိတ်တူကိုယ်တူ တက်ရောက်လာကာ ညီညွတ်မှုနှင့် ငြိမ်းချမ်းရေး အဖြေတခုကို ရာဖွေရန်ကြိုးစားခဲ့သည့် ပွဲဟု ဆိုချင်သည်။
ရှမ်းတိုင်းရင်းသားများသာ မကဘဲ တခြားသော တိုင်းရင်းသား လူမျိုးစုကြီးတချို့ အတွင်းတွင်လည်း မတူကွဲပြားမှု၊ အယူ ခြားနားမှုများကြောင့် အဖွဲ့များ ကွဲကာ အချင်းချင်း ရန်စောင်တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးသည်၊ ရလဒ်က ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းရပြီး ရည်မှန်းချက်ပန်းတိုင် ပျောက်ဆုံးရခြင်းသာ အဖတ်တင် ကျန်ခဲ့ကြောင်း တွေ့ကြရပြီ။
အယူကွဲပြားမှု အစွန်းရောက်ခြင်း၊ ညီညွတ်မှု မရှိခြင်းတို့ကြောင့် အကျိုးမဲ့ကြရသည့် ဖြစ်ရပ်များကို ဥပမာ၊ ဥပမေယျများ ပြကာ ပြောရန် လိုမည်မထင်ပါ။
လတ်တလောတွင် အယူအဆ အစွန်းရောက်မှုမှ ပေါ်ထွက်လာသည့် ရိုင်းပြခဲ့မှု များကြောင့် အလွန်စည်ကားခဲ့သော လမ်းဆုံမြို့ကြီးတမြို့ဖြစ်သည့် မိတ္ထီလာမြို့ကြီး ပျက်စီးသွားခဲ့ရပြီ။ မလိုလားအပ်သော ရိုင်းပြသည့် ဖြစ်ရပ်များက ငြိမ်းချမ်းရေး လိုလားသည့် ပြည်သူအားလုံးကို စိတ်ဆင်းရဲစေခဲ့ပါသည်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနား ဖြစ်မြောက်ရေးကော်မတီက ၎င်းတို့၏ ကြေညာချက်တွင် “တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက် ပျက်ပြားစေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် ဖန်တီးလှုံ့ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ရှုတ်ချပါကြောင်း” ထည့်သွင်း ဖော်ပြထားသည်။
အချင်းချင်း ခွဲခြားမှု၊ ကြီးနိုင်ငယ်ညှဉ်း ပြုမူခဲ့မှုတို့ကြောင့် သွေးစွန်းခဲ့ရသည့် ဖြစ်ရပ်များ ရပ်တန်းက ရပ်သင့်ပေပြီ။
ရှမ်းပြည် ငြိမ်းချမ်းရေးပါတီ/ ရှမ်းပြည်နယ် တပ်မတော်၏ နာယက၊ ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်က ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး အခမ်းအနားတွင် “တရားဥပဒေစိုးမိုးမှု မရှိလျှင် ယုံကြည်မှု တည်ဆောက်၍ မဖြစ်နိုင်” ကြောင်း ပြောသွားသည်။
တရားဥပဒေ စိုးမိုးရေး ကင်းမဲ့လျှင် ငြိမ်းချမ်းရေး မရနိုင်ကြောင်း တိုင်းရင်းသား ပြည်သူ တရပ်လုံး လက်သင့်ခံရပေလိမ့်မည်။

ဘာသာရေးအကြမ်းဖက်မှုများက ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်း အစိုးရ သတိပေး


ဘာသာရေးအကြမ်းဖက်မှုများက ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်း အစိုးရ သတိပေး

ဘာသာရေးအကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။
မတ်လ (၂၅) ရက်နေ့စွဲနဲ့ ကြေညာခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေ အပါအဝင် အကြမ်းဖက်မှု အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊
အကြမ်းဖက်မှု၊ မီးလောင်မှုနဲ့ အဓိကရုဏ်းတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည် ပြည်သူတွေရဲ့ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး၊ လုံခြုံရေးအခြေအနေ တည်ငြိမ်လာတာနဲ့အမျှ ဒုက္ခသည် ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊
လူသားချင်းစာနာရေး အကူအညီတွေကို  လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ့်အပြင်၊  ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရတဲ့ လူ့အဖွဲ့အစည်း တွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မယ့် ဆွေးနွေးမှုတွေ၊ စိတ်ခံစားချက်တွေကို ကုစားနိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်မယ့် အကြမ်းဖက်တာတွေ၊ ဘာသာရေး အစွန်းရောက်တာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

အခုအခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အခြေအနေ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေကပြောပါတယ်။
မိတ္တီလာမြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်က မိတ္တီလာမြို့မှာ အကြမ်းဖက်တိုက်ခိုက်တာတွေ၊ မီးရှို့တာ တွေမရှိတော့ပါဘူး၊ လုံခြုံရေးအခြေအနေ တိုးတက်လာနေပါပြီ၊ ဈေးဆိုင်တွေပြန်ဖွင့်နေပြီး အဝေးပြေး ဘတ်စ်ကားတွေလည်း ပြန်ပြေးနေပြီဖြစ်ပါတယ်၊ အဓိကပြဿနာကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား အရင်ကလို ဆက်ဆံရေးမျိုး ပြန်လည်ထူထောင်နိုင်ရေးပဲဖြစ်ပါတယ်လို့ ပြောကြားခဲ့ ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

သတင်းထောက်တွေ လုံခြုံရေး ဦးစားပေး အဆင့်ဆောင်ရွက်ဖို့ CPJ တိုက်တွန်း


သတင်းထောက်တွေ လုံခြုံရေး ဦးစားပေး အဆင့်ဆောင်ရွက်ဖို့ CPJ တိုက်တွန်း

မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ဦးစားပေးအဆင့်မှာ ထည့်သွင်း ဆောင်ရွက် ဖို့ အရေးကြီးကြောင်း  အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တိုက်တွန်းလိုက် ပါတယ်။
မတ်လ (၂၀) ရက်နေ့က မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းအတွင်း သတင်းယူနေသူ သတင်းထောက်တွေကို အကြမ်းဖက်ဖျက်ဆီးနေသူတွေက ခြိမ်းခြောက်ခဲ့ကြပြီး၊ ကင်မရာ စတဲ့ သတင်း ထောက်သုံး ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ CPJ ရဲ့ ထုတ်ပြန်ကြေညာချက် မှာ ဖေါ်ပြပါတယ်။
ဘာသာရေး အဆောက်အအုံတွေအပါအဝင် နေအိမ်တွေကို အကြမ်းဖက် ဖျက်ဆီးနေကြတဲ့ လက်နက်ကိုင် ဆောင်ထားသူတွေက သတင်းထောက်တွေကို ဓါတ်ပုံမရိုက်ဖို့၊ ဖုန်းနဲ့သတင်းမပေးဖို့ ဟန့်တားခဲ့ကြတဲ့အပြင် လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး  ကင်မရာတွေကို သိမ်းဆည်း၊ Memory card တွေကို ထုတ်ယူသွားခဲ့ကြ ကြောင်း၊ ပြည်တွင်း ပြည်ပ သတင်းဌာနတွေအတွက် သတင်းယူနေကြသူ သတင်းထောက်အများအပြားက ဒီဖြစ်ရပ်တွေကို ကိုယ်တွေ့ကြုံခဲ့ကြရကြောင်း၊ သတင်းထောက် တချို့နီးရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံခဲ့ကြရပြီး၊ နောက်ဆုံး ရဲတပ်ဖွဲ့က ကူညီကယ်ထုတ်သွား ခဲ့ရကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အခုလို သတင်းထောက်တွေကို ခြိမ်းခြောက်နှောက်ယှက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ကိုယ်စားလှယ် ရှောင်ခရစ်စပင်က ပြောကြားလိုက်ပြီး၊ ပဋိပက္ခဖြစ်ပွား ရာ ဒေသ တွေကို သွားရောက်ပြီး သတင်းတာဝန်ထမ်းဆောင်နေကြတဲ့ သတင်းထောက်တွေရဲ့လုံခြုံရေး ကို တာဝန်ယူဖို့ အစိုးရမှာ တာဝန်ရှိကြောင်း၊  ဦးသိန်းစိန် အစိုးရအနေနဲ့ သတင်းမီဒီယာ ကာ ကွယ်စောင့်ရှောက်ရေး ကို ဦးစားပေးနေရာမှာ မထားတဲ့အတွက် အထူးစိုးရိမ်မိကြောင်း လည်း ပြောဆို လိုက်ပါတယ်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း


ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း

japan-donate-karen-peace-305.jpg
ဂျပန်အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အလှူငွေပေးအပ်ပွဲကိုတွေ့ရစဉ်
photo: RFA/ Sai Tun Aung Lwin
ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။
အဲဒီထောက်ပံ့ကြေးတွေကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“စာချုပ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိတဲ့ ထောက်ပံ့ အကူအညီတွေကို ၃ နှစ်အတွင်းမှာ ကရင်ပြည်နယ် ကို ထောက်ပံ့ဖို့ အစီအစဉ်တွေလည်းပါ ပါတယ်၊ အစိုးရသစ်လက်ထက်မှာ အလှူရှင်တွေက ကာယကံရှင်တွေဆီကို သူတို့စိတ်တိုင်းကျ တိုက်ရိုက်လှူလို့ရတဲ့စနစ်မျိုးကို ဆောင်ရွက်နေပါတယ်၊ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ အသေးစိတ်အစီအစဉ်တွေကိုတော့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်”

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။