Saturday, October 27, 2012

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားဝယ်၌ ဆွေးနွေး


သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားဝယ်၌ ဆွေးနွေး 

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ (ဓာတ်ပုံ – Reuters)
ဧရာဝတီသတင်းဌာန. ၂၆ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-   တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ တခုကို ထားဝယ်မြို့တွင် ယနေ့ ကျင်းပကြောင်း သိရသည်။
ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) နှင့် နိုင်ငံတကာ ရေအောက် သယံဇာတ ထိန်းသိမ်းရေး (FFI) အဖွဲ့တို့ က ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။

ဘင်္ဂလီ-ရခိုင် ပဋိပက္ခတွင် ရခိုင်(၂)ဦး ထပ်မံ ဒဏ်ရာရ


ဘင်္ဂလီ-ရခိုင် ပဋိပက္ခတွင် ရခိုင်(၂)ဦး ထပ်မံ ဒဏ်ရာရ 

Arakan Times, 26 October 2012  —- ယနေ့ နံနက်(၇)နာရီ၊ ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးရွာတွင် ရခိုင်- ဘင်္ဂလီ အဓိကရုဏ်းကြောင့် ရခိုင်(၂)ဦး ထပ်မံဒဏ်ရာရရှိကြောင်း သိရှိရသည်။
အဓိကရုဏ်းတွင် ဒဏ်ရာရသူများမှာ ဆားပြင်ကြီးရွာမှ မောင်လုံးချေ(ဘ)ဦးမဲလူ၊ အသက်(၁၉)နှစ်၊ ဘယ်ဖက်ခြေထောက်တွင် ကျည်ထိ၊ ကန်ပြင်ရပ်ကွက်မှ မောင်ဇော်ဇော်သန်း၊(ဘ)ဦးမောင်မြင့်စိန်၊ အသက် (၁၇)နှစ်မှာ ပေါင်တစ်ချောင်းလုံး ကျည်ဝင်သွားကြောင်းသိရသည်။ ရသေ့တောင်မြို့နယ် အဓိကရုဏ်းတွင် ဒဏ်ရာရသူ အားလုံးမှာ သေနတ်ဒဏ်ရာဖြင့် ဖြစ်ကြောင်းသိရသည်။

ရမ်းဗြဲမြို့ တွင် မီးဆက်လက် လောင်နေဆဲ


ရမ်းဗြဲမြို့ တွင် မီးဆက်လက် လောင်နေဆဲ 

ရမ်းဗြဲမြို့နယ်မှ ကျေးရွာ တစ်ရွာ (ဓါတ်ပုံ- နိရဉ္စရာ)
နိရဉ္စရာသတင်းဌာန. ၂၆ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မွတ်ဆလင်များ ရှို့ခဲ့သော မီးမှာ အခုညနေ အချိန်ထိ   လောင်ကျွမ်းနေကြောင်း သိရသည်။
“ အိမ်က ၁၅ လုံး၊ ၂၀ ခန့် လောင်သွားပါပြီ။ အခုအချိန်ထိ မငြိမ်းသေးပါဘူး။ ဟိုနား တကွက် ဒီနား တကွက် လောင်နေပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောသည်။

မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ



မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ 


Arakan Times, 26 October 2012  —-  အောက်တိုဘာလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ဥပဒေ အကောင်အထည်ဖော်မှု အားနည်း၍ ပြဿနာကြုံရဟု ALP ဆို


ဥပဒေ အကောင်အထည်ဖော်မှု အားနည်း၍ ပြဿနာကြုံရဟု ALP ဆို 

ALP ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင် (ဓာတ်ပုံ - ဘစောတင်/ ဧရာဝတီ)
နယူးဒေလီ (မဇ္ဈိမ) . ၂၆ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တာဝန်ရှိသူများ အကောင်အထည် ဖော်ရာတွင် အားနည်းခဲ့၍ ယနေ့ပြဿနာများ ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)က ပြောဆို လိုက်သည်။
ထို့ကြောင့် စက်တင်ဘာလအတွင်းက ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင် လူထု အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တိကျစွာ အကောင်အထည်ဖော်ရန် ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။

ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်


ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင် 

DVB News, 26 October 2012  —-  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက ဆွေးနွေးဆုံးဖြတ်ပြီး ပန်းတေန်ာမြို့နယ်က ဦးမောင်မောင်ဉာဏ် တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို အမတ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။