Monday, March 18, 2013

“ကောင်းတဲ့ ပယောဂ”သမား (သို့မဟုတ်) ဟန်ဝင်းအောင်


“ကောင်းတဲ့ ပယောဂ”သမား (သို့မဟုတ်) ဟန်ဝင်းအောင် 

ကိုဟန်ဝင်းအောင် (ယာအစွန်) ကို လက်ပံတောင်းဒေသတွင် တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြ လှုပ်ရှားမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်နေသော ခေတ်သစ်ဦးစောဟု ဆိုရှယ်မီဒီယာ ဖေ့ဘွတ်စာမျက်နှာများတွင် စွပ်စွဲပြောဆိုနေကြသည့် နိုင်ငံရေး အကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံ ကိုဟန်ဝင်းအောင်ကို  အစီရင်ခံစာအပေါ် သဘောထား၊ စွပ်စွဲမှုများအပေါ် ထင်မြင်ချက်၊ ရှေ့ဆက်လုပ်မည့် အနေအထားတို့အား ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာန သတင်းထောက် မေစစ်ပိုင်မှ မေးမြန်းထားပါသည်။
မေး။    ။ ဖေ့ဘွတ်ခ် စာမျက်နှာတွေထက်မှာ တချို့ ဘလော့တွေမှာ ကိုဟန်ဝင်းအောင်ကို ခေတ်သစ် ဦးစော လို့ ပြောနေကြတယ်၊ ဘယ်လိုမြင်ပါသလဲ။

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်


နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာနှင့် ပုံစံတူ တည်ဆောက်ထားသော နေပြည်တော် ဗုဒ္ဓဂယာ စီမံကိန်း ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်၍ နိုင်ငံတဝန်းရှိ ပြည်သူများ လာရောက် ဖူးမျှော်နိုင်ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
အဆိုပါ ပုံစံတူ ဗုဒ္ဓဂယာကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် စတင် တည်ဆောက်ခဲ့ပြီး အန္ဒိယနိုင်ငံသို့ သွားရောက်ဖူးမျှော်ရန် ခက်ခဲသော ဗုဒ္ဓဘာသာဝင်များအတွက် ရည်ရွယ်တည်ထားခြင်း ဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင်၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးကံချွန်က ပြောသည်။
နေပြည်တော်ရှိ ပုံစံတူ ဗုဒ္ဓဂယာထဲမှ မြင်ကွင်းတခု (ဓာတ်ပုံ – မြန်မာ့အလင်း)
“ဗုဒ္ဓဂယာကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အထွတ်အမြတ်ထားတဲ့ နေရာဆိုတော့ ကျနော်တို့ဆီက လူတွေအများစု အနေနဲ့ လူတိုင်း အိန္ဒိယကိုသွားပြီး ဖူးဖို့ဆိုတာ မသက်သာဘူးလေ။ ဒါကြောင့်အများစု လာရောက်ဖူးမျှော်နိုင်အောင် အဓိက ရည်ရွယ်ပြီး တည်ထားတာပါခင်ဗျ။ အခုလည်း ဒေသတွင်းက ဘုရားဖူးဧည့်သည့်တချို့ လာကြပါတယ်” ဟု ဦးကံချွန်က ဧရာဝတီသို့ ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦးရဲ့ရင်ဖွင့်စာ




တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦးရဲ့ရင်ဖွင့်စာ 


(၈-၁၂-၂၀၁၂)ရက် စစ်တက္ကသိုလ် အမှတ်စဉ်(၅၅)သင်တန်းဆင်းပွဲမှာ ““ခေါင်းဆောင်တို့သည် မိမိဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့်၊ မလုပ်သင့် ဝေဖန်ပိုင်း ခြားရန်လိုကြောင်း၊ လုပ်ကိုင်ဆောင်ရွက် ရာတွင်လည်း အခြေအနေ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစားချင့်ချိန် ပြီးမှ အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း၊ လက်အောက်ခံစစ်သည် များ၏ အခြေအနေကို သေချာသိရှိရန် လိုကြောင်း၊ အသိတရား၊ သတိတရား ရှိရှိဖြင့် နေထိုင်လုပ်ကိုင်တတ်ရန် လို ကြောင်း မိမိရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကို စိစစ်သုံးသပ်ကာ လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ၊ အနာဂတ်တွင် ဖြစ်လာနိုင်မည့် အခြေအနေများ ကို ကြိုတင်မြော်တွေးပြီး သတိတရားရှိ ရှိ ဆောင်ရွက်ရန်လိုကြောင်း””ဒုတိယ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မိန့်ခွန်းပြောခဲ့ တာကြောင့် ကျွန်တော့်သားကြီးအဖြစ် ဟာလည်း မိန့်ခွန်းထဲမှာပါတဲ့အကြောင်း အရာတွေနဲ့ တူနေတာမို့ ရင်ဖွင့်တင်ပြ လိုက်ရပါတယ်။
ကျွန်တော်ဟာ တပ်မတော်မှာ နှစ်ပေါင်း(၄၀)တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ကြပ်အဆင့်နဲ့ အငြိမ်းစားယူခဲ့ပါ တယ်။ ကျွန်တော် စစ်မှုထမ်းဘ၀နဲ့ရှိ တုန်း (၁၀)တန်းအောင်တဲ့သားကြီးက စစ်ထဲဝင်ချင်တယ်ဆိုတာကြောင့် ဗိုလ်သင်တန်းလျှောက်ခိုင်းပြီး ၀င်ခွင့်ရတဲ့ အတွက် ကျွန်တော့်လစာထဲက ထောက် ပံ့ပြီး ဗိုလ်သင်တန်းတက်စေခဲ့ပါတယ်။ သင်တန်းဆင်းတော့ အဆင့်(၄)နေရာရခဲ့ ပြီး ကြံ့ခိုင်ရေးအကောင်းဆုံး စံပြဆုလည်း ရခဲ့ပါတယ်။ ဒုတိယဗိုလ်ကနေ ဗိုလ်ကြီး အထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တာဝန်ကျပြီး ရှမ်းပြည်နယ်တစ်ခွင် စစ် ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရပါ တယ်။

သြစတြေးလျက မြန်မာကို ဒေါ်လာသန်း ၂၀ ကူမည်၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်


သြစတြေးလျက မြန်မာကို ဒေါ်လာသန်း ၂၀ ကူမည်၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ်တို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံကြစဉ်။ (ဓါတ်ပုံ : Julia Gillard via Twitter)ကာကွယ်ရေးနှင့် ကုန်သွယ်ရေးတို့တွင် လက်တွဲဆောင် ရွက်မှု မြှင့် တင်ရန် စီစဉ်ချမှတ်ထားသည့် သြစတြေးလျ နိုင်ငံ အနေဖြင့် မြန် မာနိုင်ငံအား ဒေါ်လာသန်း ၂၀ ကူညီမည်ဟု ဝန်ကြီးချုပ်က တနင်္လာနေ့ တွင် ကတိပေး ပြောဆိုလိုက်သည်။
မြန်မာသမ္မတဦးသိန်းစိန်နှင့်သြစတြေးလျဝန်ကြီးချုပ်ဂျူလီယာဂီးလာ့ဒ်တို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က တွေ့ဆုံကြစဉ်။ (ဓါတ်ပုံ : Julia Gillard via Twitter)
မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ကင်ဘာရာမြို့တွင် ဆွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသွား ကြောင်း သြစတြေးလျ သတင်း အေဂျင်စီက ဆိုသည်။
“လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် တိုးတက်အောင် လုပ်စရာတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ ထူးခြားတဲ့ တိုးတက်မှု ပမာဏကိုလည်း ကျမတို့ ချီးကျူးပါတယ်။... နောက်ပြီး အနာဂတ် တိုးတက်မှု အတွက်လည်း အကောင်းမြင်ထားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard က ပြောဆိုလိုက်သည်။
သြစတြေးလျ အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး တဦးကိုလည်း မြန်မာနိုင်ငံတွင် ခန့်ထားရန်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသွားသည်။

စစ်အစိုးရလက်ထက် ကိုယ်ကျိုးအတွက် သိမ်းယူထားသည့် မြေယာများ ရခိုင်လူထုပြန်ရလို


စစ်အစိုးရလက်ထက် ကိုယ်ကျိုးအတွက် သိမ်းယူထားသည့် မြေယာများ ရခိုင်လူထုပြန်ရလို 

ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေကြသော ရခိုင်ပြည်သူများ၏ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)စစ်အစိုးရ လက်ထက် ရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သော ပြည်နယ် အဆင့်ဆိုင်ရာ အရာရှိကြီး သိမ်းယူပြီး အသီးသီးခွဲဝေ ယူထားသော ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ငပြီကျွန်း ကျေးရွာမှ လယ်မြေများကို ကျေးရွာသားများက ပြန်လည် ရယူလိုသဖြင့် အထက်သို့  စာရေး တိုင်ကြား လိုက်သည်ဟု  သတင်း ရရှိသည်။
ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေကြသော ရခိုင်ပြည်သူများ၏ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)
ငပြီကျွန်းကျေးရွာမှ  ဦးသာမောင်ထွန်းဦးဆောင်ပြီး ရွာသား ၂၀၀ က လက်မှတ် ရေးထိုးကာ ပေါက်တော မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား တိုင်ကြားလိုက်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူများ ကွန်ယက် (HRDP)  ဘုတ်အဖွဲ့ဝင် ဦးမြတ်ထွန်းက ပြောသည်။
ငပြီကျွန်း ကျေးရွာပိုင် လယ်မြေများကို သိမ်းဆည်းပြီးနောက် ပြည်နယ် အဆင့် တာဝန် ထမ်းဆောင်ခဲ့သူ အရာရှိကြီးများသည် ပုဇွန်မွေးမြူရေးကန် ပြုလုပ်ပြီး ဒေသအတွင်းမှ  သူတို့နှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင် များကို နှစ်အလိုက် ဌားစားထားသည်ဟု ဆိုသည်။
လယ်မြေများကို သိမ်းယူပြီး ကိုယ်ကျိုး အတွက် ပုဇွန်ကန် လုပ်ထားသူ အရာရှိကြီးများမှာ

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။