Wednesday, November 14, 2012

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု


ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု  

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု
ဒေါက်တာလွဏ်းဆွေ

“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

နယ်စပ်ဖြတ်ကျော်ဝင်/ထွက်မှုများကြောင့် ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ရက်အကန့်အသန့်မရှိ ပိတ်


နယ်စပ်ဖြတ်ကျော်ဝင်/ထွက်မှုများကြောင့် ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ရက်အကန့်အသန့်မရှိ ပိတ် 


Myitmakha Media Group, 15 November 2012  —  မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ်ဒေသများ၌ ကုန်းလမ်း ခရီး နှစ်နိုင်ငံပို့ကုန်သွင်းကုန်လုပ်ငန်းများ လည်ပတ်စီးဆင်း ရာတွင် အဓိကအရေးပါနေသော လမ်းပိုင်းဖြစ်သည့်  ကြိမ်ချောင်း-တောင်ပြို ကားလမ်းအား ဒေသတွင်း အခြေအနေများကြောင့် သက်ဆိုင်ရာမှ ရက်အကန့်အသန့်မရှိ ပိတ်ထားကြောင်း ကြိမ်ချောင်း ကားဂိတ်မှ ယာဉ်မောင်းများနှင့် ပို့ကုန်လုပ်ငန်းရှင်အချို့ ထံမှ သိရသည်။

တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ ပြီးဆုံး


တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ ပြီးဆုံး 

တရုတ် သမ္မတ ဟူဂျင်တောင်းက လာမယ့် နှစ်ဆန်း အထိ ရာထူးမှာ ဆက်ရှိမယ်
BBC News, 14 November 2012  —  တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီရဲ့ သီတင်း တပါတ်ကြာ ကွန်ဂရက်စ် အစည်းအဝေး ဗုဒ္ဓဟူးနေ့က ကျင်းပ ပြီးစီး သွားပါပြီ။
ဘေဂျင်း မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ကွန်မြူနစ် ပါတီ ကွန်ဂရက်စ် မှာ မျိုးဆက်သစ် ခေါင်းဆောင် တွေကို အာဏာ လက်ဆင့်ကမ်း ပေးမှု စတင် ပြု လုပ်ခဲ့ ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲစတင်


တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲစတင် 

မကြာမီ သမ္မတဖြစ်တော့မည့် ဒု-သမ္မတ Xi Jinping (လယ်)
VOA News, 14 November  2012  —  ဒီကနေ့ဗုဒ္ဓဟူးနေ့မှာပဲ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် Hu Jintao ဟာ ဥက္ကဋ္ဌ ရာထူးကနေ တရားဝင် အနားယူသွားပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ထိပ်သီး ခေါင်းဆောင်နေရာကိုတော့ ဒုသမ္မတ Xi Jinping က လွှဲပြောင်းယူဖို့ စီစဉ်ထားပါတယ်။

ဘေဂျင်းမြို့တော် ပြည်သူ့ခန်းမကြီးမှာ သီတင်းတပတ်ကြာ ကျင်းပတဲ့ ပါတီညီလာခံရဲ့ နောက်ဆုံးနေ့မှာ သမ္မတ Hu က ဆယ်နှစ် တကြိမ် ပြုလုပ်တဲ့ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှု အပြောင်းအလဲ စတင်ချိန်မှာ စည်းလုံး ညီညွတ်ကြဖို့ တက်ရောက် လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။