Friday, March 29, 2013

အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ကွန်တိန်နာတစ်စီး ကျပ် ၄ဝဝဝ၊ ယာဉ်ငယ်တစ်စီး ကျပ် ၁၅ဝဝ ကို Asia World ကုမ္ပဏီမှ ဧပြီ ၁ ရက် စတင်ကောက်ခံမည်

အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ကွန်တိန်နာတစ်စီး ကျပ် ၄ဝဝဝ၊ ယာဉ်ငယ်တစ်စီး ကျပ် ၁၅ဝဝ ကို Asia World ကုမ္ပဏီမှ ဧပြီ ၁ ရက် စတင်ကောက်ခံမည် 

Created on Saturday, 30 March 2013 11:59

AddThis Social Bookmark Button
အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ပေ ၂ဝ နှင့်အထက် ကွန်တိန်နာ တစ်စီး ကျပ် ၄ဝဝဝ၊ ၁၄ ပေ အောက် ယာဉ်ငယ်တစ်စီးလျှင် ကျပ် ၁၅ဝဝ နှုန်းဖြင့် Asia World ကုမ္ပဏီက တာဝန်ယူ၍ ဧပြီ ၁ ရက်မှ စတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ သတင်းရရှိသည်။
ကမ်းနားလမ်းသစ်တွင် ဖြတ်သန်းမည့် ယာဉ်များအနေဖြင့် ယာဉ်ဖြတ်သန်းခ တစ်ကြိမ်ပေးထားရုံဖြင့် နံနက် ၆ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအထိ အကျုံးဝင်ပြီး ထပ်မံပေးဆောင်ရန် မလိုကြောင်း သိရသည်။
ကမ်းနားလမ်းသစ်ပေါ်တွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ယာဉ်များဖြတ်သန်းခွင့် ပေးခဲ့ပြီး ဖေဖော်ဝါရီ လကုန်မှစတင်၍ လမ်းအသုံးပြုခအဖြစ် ၁၄ ပေအောက် ယာဉ်ငယ်များကို ကျပ် ၁၅ဝဝ နှင့် ၁၄ ပေအထက် ယာဉ်ကြီးများကို ကျပ် ၄ဝဝဝ ကောက်ခံရန် စီစဉ်ခဲ့သည်။
သို့သော် ယင်းနှုန်းထားအား ပြန်လည်ညှိနှိုင်းခဲ့ခြင်းနှင့် လမ်းသစ်ပေါ်တွင် မီးပွိုင့်အချို့ ပြုလုပ်ပေးရန် ကျန်ရှိနေသောကြောင့် ယာဉ်ဖြတ်သန်းခကို ဖေဖော်ဝါရီလတွင် ကောက်ခံရန် စီစဉ်ခဲ့ရာမှ ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ယခု ဧပြီ ၁ ရက်နေ့တွင်မူ ယခင်သတ်မှတ် နှုန်းထားအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ပြီး ယာဉ်ဖြတ်သန်းခ ကောက်ခံရေး ဂိတ်နှစ်ခုထားရှိကာ ကောက်ခံသွားမည် ဖြစ်သည်။

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

AddThis Social Bookmark Button
3.30.1
မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။ အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အားကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာယာဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများအတွက် မည်သူ့ကိုမဆို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ပစ်ခတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများအား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက “ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို၊ ရဲချုပ်တို့ရဲ့ မိန့်မှာချက်တွေကို ကျွန်တော် လာပြောပြတာပါ။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်။ မိုးညိုနဲ့ ကြို့ပင်ကောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပါ။ အဲဒီမြို့နယ်တွေမှာ သံဃာတော်တွေ ဦးဆောင်တဲ့ သံဃာတော်တွေရဲ့ ကာကွယ် ပေးမှုကြောင့် ကျွန်တော်တို့ ရဲတွေ လုပ်ရကိုင်ရ ခက်ပါတယ်။ ကြို့ပင်ကောက်မှာ ဘုန်းကြီးအပါး ၄၀ လောက်က ကုလားအိမ်တွေကို ဖျက်နေတယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ ချက်ချင်း ရောက်ပါတယ်။ သို့သော် သံဃာတော်တွေက မင်းတို့ ရဲတွေနဲ့ မီးသတ်တွေ အနား ကပ်လာရင် ငါတို့ မီးရှို့ရလိမ့်မယ်လို့ ပြောလို့ ကျွန်တော်တို့ လက်ခံပြီး နောက်ဆုတ် ပေးခဲ့ပါတယ်။ အဲဒီနောက် သံဃာတော် ၁၅၀ လောက် ဖြစ်လာပြီး လူက အယောက် ၂၀၀ လောက် ဖြစ်လာတယ်။ မိုးလင်းသည်အထိ ဖျက်ဆီးမှုတွေ ဖြစ်သွားခဲ့တယ်။ မိုးညိုမှာလည်း အလားတူပါပဲ။ ကျွန်တော်တို့ ဘာသာမှာ ဝိနည်း စည်းကမ်းနှင့်အညီ နေထိုင်နေတဲ့ ဆရာတော်၊ သံဃာတော်များသည် ယခုလို ဥပဒေမဲ့ လုပ်နေလားလို့ နိုင်ငံတကာက မေးလာရင် အဖြေ မရှိပါဘူး။ မလျှော်ညီပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ သံဃာ့နာယက ဆရာတော်ကြီးများလည်း ဆင်းလာပြီး မိန့်ပါမယ်။ ဖြစ်ရင် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်ပါမယ်။ ဒါ့အတွက် ကျွန်တော် လက်ပံတန်းမြို့ကို စိုးရိမ်ပါတယ်။ အခုချိန်စပြီး အဖျက် လုပ်ငန်းလုပ်ရင် ကျွန်တော်တို့ ပြင်းပြင်ထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့နေနဲ့ အတတ်နိုင်ဆုံး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့နဲ့ ကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ။ အခု အချိန်မှာ ကျွန်တော်တို့ သမ္မတကြီးရဲ့ ညွန်ကြားချက် အရ တရားဥပဒေ စိုးမိုးဖို့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခု ချိန်ကစပြီး မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား လုပ်ပါမယ်။ လမ်းပေါ်မှာ ဖွဲ့ရင် သည်းခံမယ်။ ဗလီနဲ့ လူနေအိမ်တွေ ဖျက်ပြီဆိုရင်တော့ မည်သူ့ကိုမဆို ကျွန်တော်တို့ ပစ်ခတ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ပြစ်မှု ကျူးလွန်သူ ၁၀ ဦး၊ ပေါင်းတည်မြို့နယ်တွင် ၁၀ ဦး၊ သနပ်ပင် မြို့နယ်တွင် ၃ ဦး၊ နတ္တလင်းမြို့နယ်တွင် ၂ ဦးကို ဖမ်းဆီးအရေးယူထားကြောင်းနှင့် လက်ပံတန်း မြို့နယ်တွင် သံသယဖြစ်ဖွယ် လူ ၂ ဦးကို ဖမ်းဆီးခဲ့သော်လည်း မကြာမီ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၌ သေဆုံးသူ ၄၂ ဦးနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ၆၈ ဦးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

Created on Friday, 29 March 2013 11:53

AddThis Social Bookmark Button
မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၌ မတ်လ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၂ ဦး၊ အမှုဖြင့် ဖမ်းဆီးထားသူ ၆၈ ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
မတ်လ ၂ဝ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီအထိ ဖြစ်ပွားခဲ့သော နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံး စာရင်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် သေဆုံးသူ ၄၂ ဦး၊ ဆေးရုံတက်ရောက် ကုသသူ ၉၃ ဦး၊ ဆေးရုံမှ ဆင်းသွားသူ ၆၃ ဦးနှင့် ကုသဆဲ ၃ဝ ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ၆၈ ဦးနှင့် မသင်္ကာ၍ စစ်ဆေးနေသူ ၁၅ ဦးရှိကြောင်း သိရသည်။
ယင်းပဋိပက္ခ ဖြစ်စဉ်များ၌ အကြမ်းဖက်သူများက နေအိမ် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် အခြားပစ္စည်းများအား မီရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် ၁၂၂၇ လုံး၊ ဈေးဆိုင်ခန်း ၇၇ ခန်း၊ ရုံး ၁ ရုံး၊ ဘာသာရေး အဆောက်အဦ ၃၇ လုံး၊ ဆန်စက်/ဂိုဒေါင် ၄ လုံး၊ ကား/ထော်လာဂျီ ၂၁ စီး၊ ဆိုင်ကယ် ၁၂ စီး၊ သုံးဘီးဆိုင်ကယ် ၃ စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကောလာဟလ သတင်းများကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့် နေခဲ့ကြရာမှမတ် ၂၉ ရက် ယနေ့တွင် တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေလူထု ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီဖြစ်

ကောလာဟလ သတင်းများကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့် နေခဲ့ကြရာမှမတ် ၂၉ ရက် ယနေ့တွင် တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေလူထု ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီဖြစ်

AddThis Social Bookmark Button
3.29.1
ယုဇနပလာဇာ အနီးဝန်းကျင်အား မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိတ္ထီလာ၊ ပဲခူးတိုင်း အနောက်ခြမ်းတို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေခဲ့ရာမှ ယနေ့ မတ် ၂၉ ရက်တွင်တည်ငြိမ်မှုများ ရှိလာပြီး ရန်ကုန်မြို့နေ လူထုလည်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေပြီ ဖြစ်ကြောင်း သိရသည်။
မတ် ၂၄ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင်ဆောင် အခြေအနေများ ဖြစ်ပေါ်စေရန် ဆူပူလှုံ့ဆော်မှုများ ရှိနေခြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှ ဆိုင်ခန်းအားလုံးကို ည ၉ နာရီမတိုင်မီ ပိတ်သိမ်းရန်နှင့် အခြားလုံခြုံရေးဆိုင်ရာ ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့ရသည်။ ထို့အတူ မတ် ၂၅ ရက်က မင်္ဂလာဈေးအနီး ဆူပူမည်ဟူသော ကောလာဟလ သတင်းများကြောင့် ညနေပိုင်းတွင် မင်္ဂလာဈေးနှင့် သိမ်ဖြူလမ်းပေါ်ရှိ ဈေးဆိုင်များကို ပိတ်သိမ်းခဲ့ကြပြီး ပြည်သူများမှာလည်း အထိတ်တလန့်နှင့် အသွားအလာ နည်းပါးသွားခဲ့ရသည်။
ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေးပါတီများကို မတ် ၂၆ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး လက်ရှိရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော စုရုံးလှုံ့ဆော်မှု ဖြစ်စဉ်များတွင် နိုင်ငံရေးပါတီဝင်များ ပါဝင်ပတ်သက်မှု ရှိနေသည့်အပေါ် ထိန်းသိမ်းပေးရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်ထက် လုံခြုံရေးယူထားမှုများကို ရှင်းပြခဲ့သည်။
ယင်းနောက်မတ် ၂၅ ရက်ညပိုင်းမှစကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်မြို့တွင်း လုံခြုံရေးအခြေအနေကို တိုးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်များ အသီးသီးတွင်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ရပ်ကွက်တွင်း သီးသန့်လုံခြုံရေးများ လုပ်ဆောင်လာကြသည်ဟု သိရသည်။
သို့သော် မတ် ၂၈ ရက်ညပိုင်းအထိ လုံခြုံရေး ဆောင်ရွက်မှုများ ရှိနေခဲ့သည့် နည်းတူ ည ၉ နာရီမတိုင်မီ ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

Wednesday, March 27, 2013

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀...န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက်။။ ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

Photo: ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး 

မှတ်ချက်။။  ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။