Monday, November 19, 2012

အိုဘားမား ပြန်လျင် ဘာကျန်ခဲ့မည်နည်း


အိုဘားမား ပြန်လျင် ဘာကျန်ခဲ့မည်နည်း   PDF Print
Written by ဒေါက်တာ ရန်မျိုးသိမ်း   
Sunday, 18 November 2012 11:54
AddThis Social Bookmark Button

thn-18-11-12-1ဇာတ်သမားပြန်လျင် မှတ်သားစရာ ကျန်ရမည်ဆိုသည့် စကားအတိုင်း၊ အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား မြန်မာနိုင်ငံမှပြန်လျင် ဘာကျန်ခဲ့မည် ကို စောင့်ကြည့်ရဦး မည်ဖြစ်သည်။ နှစ်နိုင်ငံသမိုင်းတွင် 
ပထမဆုံးဖြစ်သည့် အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံအလည်အပတ် 
ခရီးစဉ်သည် ပစိဖိတ်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဒေလီ၊ ပေကျင်းတို့နှင့် 
ဆက်စပ်လျက် သတင်းမျက်နှာစာများတွင် သတင်းကြီးနေသည့်နည်းတူ၊ အိုဘားမားခရီးစဉ်အလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် မည်သည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းလာမည်ကိုစောင့်ကြည့် လေ့လာရဦးမည်ဖြစ်သည်။

အာဆီယံဟာ ဘယ်သူ့အတွက်လဲ .. .


အာဆီယံဟာ ဘယ်သူ့အတွက်လဲ .. .   PDF Print
Written by နေထွန်းနိုင်   
Sunday, 18 November 2012 14:17
AddThis Social Bookmark Button
thn-18-11-12-2
(၁)
တစ်ချိန်တုန်းက'' အာဏာရှင် ကလပ်'' လို့ ခေါ်ဆိုသတ်မှတ်ခဲ့ကြတဲ့ အာဆီယံအဖွဲ့ရဲ့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ၁၅ရက်နေ့က စတင်လို့ပြုလုပ်နေပါပြီ။

အမေရိကန်သမ္မတနှင့် မြန်မာမင်းတုန်းမင်း ရှေး ၁၅၄ နှစ်အကြာက သံတမန်ဖလှယ်ကြခြင်း



အမေရိကန်သမ္မတနှင့် မြန်မာမင်းတုန်းမင်း ရှေး ၁၅၄ နှစ်အကြာက သံတမန်ဖလှယ်ကြခြင်း  
PDF Print
Written by ဦးသိန်းသန်းထွန်း (စာရေးဆရာ၊ သမိုင်းသုတေသီ)   
Sunday, 18 November 2012 16:06
AddThis Social Bookmark Button
အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာလတွင် ရောက်မည်ဟု သိရ၏။ မင်းတုန်းမင်း လက်ထက် အမေရိကန်သမ္မတထံ ချစ်ကြည်ရေး သံတမန်လွှတ်သည်ကို သွားသတိရ၏။ အမေရိကန်သမ္မတက လည်း သံတမန် တုံ့ပြန်သည်ကို သတိရ၏။ များများမသိပါ။ နည်းနည်းပဲ သိပါ၏။
ကုန်းဘောင်ဆက် ရာဇ၀င် တတိယတွဲ စာမျက်နှာ ၂၁၅နှင့် ၂၆၄တို့တွင် တွေ့ဖူး၏။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား တွေ့ဆုံ အမေရိကန်သမ္မတ သုံးစွဲခဲ့သည့် စကားအတိုင်း Move Forward ဆိုပြီး သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား တွေ့ဆုံ အမေရိကန်သမ္မတ သုံးစွဲခဲ့သည့် စကားအတိုင်း Move Forward ဆိုပြီး သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား   PDF Print
Monday, 19 November 2012 22:29
AddThis Social Bookmark Button

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အတွင်း၌ တွေ့ဆုံစဉ် (Photo:AFP)

obamatsနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားတို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား



မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား  
PDF Print
Monday, 19 November 2012 12:12
AddThis Social Bookmark Button
မြန်မာနိုင်ငံ မင်္ဂလာပါ......
လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက် လာခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေ ခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့် ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား



ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား  
PDF Print
Monday, 19 November 2012 15:24
AddThis Social Bookmark Button

မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကလိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်းပြောကြား (အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ)

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကလိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်းပြောကြား (အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ)   PDF Print
Tuesday, 20 November 2012 01:14
AddThis Social Bookmark Button

oနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာရောက်ခဲ့သည်။ သမ္မတအိုဘားမားသည် ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ တွင် တွေ့ဆုံဆွေးနွေးခဲ့သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေ အိမ် တွင် သွားရောက်တွေ့ဆုံခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။