Thursday, January 31, 2013

အတိုက်အခံ နိုင်ငံရေး ရှိလို့လားဆိုတဲ့ မေးခွန်း (မောင်ဝံသ)


အတိုက်အခံ နိုင်ငံရေး ရှိလို့လားဆိုတဲ့ မေးခွန်း (မောင်ဝံသ)

by Maung Wuntha on Wednesday, January 30, 2013 at 12:41am ·
ပြည့်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်ပါ မောင်ဝံသပြောချင်လွန်းလို့ ဆောင်းပါး
ဝေဖန်ချက်များတဲ့ ခေါင်းစဉ်
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ကျွန်တော့် ဆောင်းပါး ]]မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား}}ကို ခါတိုင်းလိုပဲ အင်တာနက် လူမှု စာမျက်နှာ face book တင်လိုက်တော့  မိတ်ဆွေများနဲ့ စာဖတ်ပရိသတ်များဆီက နှစ်သက်သဘောကျပါတယ်လို့ like  ပေးသူတွေ ရှိသလို ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေနဲ့ ဝေဖန်ထောက်ပြသူတွေ၊ မေးခွန်းထုတ်သူတွေ၊ စောဒကတက်သူတွေလည်း အတော် များများ တွေ့ရတယ်။

Wednesday, January 30, 2013

အောက်ခြေမှ ပါဝင်ရေးဆွဲသည့် စာနယ်ဇင်း ဥပဒေ ပေါ်ထွက်လာတော့မည်လား


အောက်ခြေမှ ပါဝင်ရေးဆွဲသည့် စာနယ်ဇင်း ဥပဒေ ပေါ်ထွက်လာတော့မည်လား 

ရန်ကုန်မြို့ရှိ ဂျာနယ်အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၀၁၂ တွင် စတင် ပေါ်ပေါက်လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်၏။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်း လောကအား ချုပ်ချယ်၊ စီးနင်း၊ လွှမ်းမိုးထားသော စာပေစိစစ်ရေးကို ဖျက်သိမ်းကာ၊ စာနယ်ဇင်း ကောင်စီ ဟူ၍ ထားရှိမည် ဆိုပြီး အမည်စာရင်းများ ထုတ်ပြန်သောအခါ လက်ရှိ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်းများက တခဲနက် ကန့်ကွက်ခဲ့ကြ၏။ မိမိတို့ကိုယ်တိုင် မသိရှိလိုက်ရဘဲ ကောင်စီထဲ ပါနေခဲ့သူတချို့နှင့် ပြည်သူ မနှစ်မြို့သည်ကို လက်မခံ လိုသော ပုဂ္ဂိုလ်များက ကောင်စီမှ နုတ်ထွက်ခဲ့ကြသည်။ ဤသည်ကား ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးမှုပင်ဖြစ်၏။

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း


Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း 
Written by   
Wednesday, 30 January 2013 14:52
AddThis Social Bookmark Button
w1-30-1-8
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများအား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက်တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။

Tuesday, January 29, 2013

ယုံလွယ်သူများ


ယုံလွယ်သူများ


 သိပ်မကြာခင်က ဖေ့ဘွတ်ပေါ်မှာဘုမသိဘမသိ ရှဲကြတဲ့သူတွေ ဆဲကြတဲ့သူတွေနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်မှကန်းကြရှာသူများဆိုပြီး ရေးခဲ့ဖူးပါတယ်။ အခုကျနော်ထပ်ပြီးဆက်စပ်စဉ်းစားကြည့်မိတယ်။ တကယ်တမ်းကျတော့ ကျနော်တို့လူမျိုးတွေ အဲသလောက်မရိုင်းပါဘူး။ အဲဒီတုန်းကဆဲခဲ့တဲ့သူတွေ၊ ရှဲခဲ့တဲ့သူတွေထဲမှာ တကယ်ကိုစိတ်ထား ယုတ်ယုတ်မာမာနဲ့ သူများသားသမီးစော်ကားလိုတဲ့စိတ်နဲ့လုပ်တဲ့သူတွေပါနိုင်ပေမယ့် အများစုကတော့ လှုံ့ဆော်ခံရတဲ့မျိုးချစ်စိတ်ကြောင့် အဲလိုမျိုးတွေလုပ်တာဖြစ်နိုင်တယ်လို့စဉ်းစားမိတယ်။ အဲလိုကျတော့ သူတို့ကိုစိတ်မတိုမိတော့ဘဲ အယုံလွယ်လွန်းလို့ သူများအသုံးချခံရတဲ့ အဲလိုလူတွေကိုသနားမိတယ်။ အဲဒီကနေမှ ကျနော်တို့လူမျိုးတွေအများအားဖြင့်တွေ့ကြုံနေရတဲ့ ပြဿနာအစစ်ကိုသွားတွေ့မိတယ်။ အဲဒါကတော့ အယုံလွယ်ခြင်းပါပဲ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။