Saturday, November 10, 2012

မိုဘိုင်းအင်တာနက် အသုံးပြုမှု ဘီလ်စနစ်ကို ပြောင်းလဲမည်


မိုဘိုင်းအင်တာနက် အသုံးပြုမှု ဘီလ်စနစ်ကို ပြောင်းလဲမည်


Myitmakha Media Group, 10 November 2012  —-   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းအင်တာနက် အသုံးပြုမှု ဘီလ်စနစ်ကိုမိနစ်ဖြင့် ကောက်ခံနေရာမှ Web site အသုံးပြုသည့် အပေါ်မူတည်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရှိရသည်။
ပြောင်းလဲကောက်ခံမှု ဈေးနှုန်းအား သတ်မှတ်ခြင်းမရှိသေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့





ဒေါ်အောင်ဆန်းစုကြည် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့ 


Myitmakha Media Group, 10 November 2012  — အန်အယ်လ်ဒီပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တင်သွင်းသည့်အဆို(၂)ခုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သာမက တပ်မတော်သားကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့ပြီး အတည်ပြုအောင်မြင်ခဲ့သည်ဟု သိရှိရသည်။

ပြောင်းခြံလုပ်သားအား အစိုးစစ်ကြောင်းပစ်ခတ် ဆေးရုံတင်ထားရ




ပြောင်းခြံလုပ်သားအား အစိုးစစ်ကြောင်းပစ်ခတ် ဆေးရုံတင်ထားရ 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၉ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —   သျှမ်းပြည်မြောက်ပိုင်း  နမ္မတူမြို့တွင်မူ ပြောင်းဖူးကောက်နေသောရွာသားများအား မြန်မာစစ်ကြောင်း က ပစ်ခတ်သဖြင့် ရွာသားတဦးဆေးရုံတင်ထားရကြောင်း နိုင်ငံရေးပါတီဝင်လူငယ် တဦး ကပြောသည်။

တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်၍ လူသေဆုံးထိခိုက်ဒဏ်ရာရသူများပြား





တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်၍ လူသေဆုံးထိခိုက်ဒဏ်ရာရသူများပြား

photo - (iCJ)
7 Day News Journal, 9 November 2012  —- ရန်ကုန်၊နိုဝင်ဘာ-၉
မြစ်ကြီးနား-မန္တလေး ပြေးဆွဲသော ဆီသယ်ရထားသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာအနီးရှိ ချက်ကြီးဘူတာအဝင် ပွိုင့်ခွဲတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲတိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ ဆီလုယက်ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း

သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တွေ့ဆုံ



သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တွေ့ဆုံ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်
RFA News, 8 November 2012  —-  ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ မနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း The Nation နဲ့ Bangkok Post သတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။
ဦးသိန်းစိန်နဲ့ သက်ဆင်တို့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သက်ဆင်က ချီးကျူးပြောဆိုခဲ့ပြီး၊ အာဆီယံရဲ့ရှေ့ရေးအပါအဝင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်အတော်များများကို ဆွေးနွေးခဲ့တယ်လို့ သက်ဆင်ရဲ့ ဥပဒေအကြံပေး နော့ပါဒန်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။