Wednesday, January 23, 2013

ယမ်းငွေ့ဝေဆဲ ကချင်မြေ


ယမ်းငွေ့ဝေဆဲ ကချင်မြေ   PDF Print
Written by နေထွန်းနိုင်   
Saturday, 05 January 2013 19:41
AddThis Social Bookmark Button

(၁)
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်ဆီကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စာတစ်စောင် ရောက်လာခဲ့ပါတယ်။သတိပေး အကြောင်းကြားရန်ကိစ္စ။လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း ၀င်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတစ်လျောက်ရှိ ကေအိုင်အေအဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး ကေ အိုင်အေအဖွဲ့သို့ သတိပေးသွားရန် အကြောင်းကြားအပ်ပါသည်။ စာပါ အကြောင်းအရာက ဒီလောက်မျှ။

ယမ်းငွေ့ဝေဆဲ ကချင်မြေ (၂




ယမ်းငွေ့ဝေဆဲ ကချင်မြေ (၂)   PDF Print
Written by နေထွန်းနိုင်   
Saturday, 12 January 2013 16:57
AddThis Social Bookmark Button
thn-13-1-1
ယခင်တစ်ပတ်မှ အဆက်
(၄)
ဒီဇင်ဘာလ ၂၈ ရက်နေ့။ နံနက် ၇ နာရီခန့်အချိန်မှာ မြစ်ကြီးနား-ကန်ပိုက်တီးလမ်းက တစ်ဆင့် တရုတ်နိုင်ငံကို ဖြတ်ပြီး လိုင်ဇာ သွားဖို့ ခရီးစတင်ခဲ့ပါတယ်။ မိုင် ၇၀ ခန့်မျှသာ ဝေးတဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းက လိုင်ဇာကို သွားရင် အချိန် ၂ နာရီ ကျော်လောက်ပဲ ကြာမြင့်မှာပါ။ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်ချိန်ကစပြီး အဲဒီလမ်းပိုင်းကို အသုံးပြုခွင့် မရတော့ပါဘူး။ ဒီအတွက်ကြောင့် မနက် ၇ နာရီအချိန်က သွားရင် ည ၁၀နာရီ ၀န်းကျင် (တရုတ်နိုင်ငံစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀) လောက်မှ လိုင်ဇာ(တရုတ်ဘက်ခြမ်း)ကို ရောက်နိုင်မယ့် မြစ်ကြီးနား- ကန်ပိုက်တီး - ထိန်းချုံး - ယင်ကျန်း -လိုင်ဇာ လမ်းကို အသုံးပြုရပါတော့တယ်။

ယမ်းငွေ့ဝေဆဲ ကချင်မြေ (၃)


ယမ်းငွေ့ဝေဆဲ ကချင်မြေ (၃)   PDF Print
Written by နေထွန်းနိုင်   
Sunday, 20 January 2013 16:13
AddThis Social Bookmark Button
ha-21-1-4
KIA စစ်သားတစ်ဦး၏ နာရေးအခမ်းအနား မတိုင်မီ တွေ့ရသော KIA စစ်သားနှစ်ဦးအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
(၇)
ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကျော်ချိန်မှာတော့ တရုတ်နိုင်ငံထဲကို ရောက်ခဲ့ပါပြီ။ အချိန်တစ်နာရီကျော်လောက် သွားပြီးချိန်မှာ ကူယုံးမြို့ကို ရောက်ပါတယ်။ ဒီမြို့လွန်ရင်တော့ မှောင်ခိုလမ်းကို အသုံးပြုပြီး လိုင်ဇာကို ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ကူယုံးမှာ ခဏနားမယ်လို့ တရုတ်ယာဉ်မောင်းက ပြောပါတယ်။ မှောင်ခိုလမ်းမှာ ရဲတွေရောက်နေလို့ ရဲရှင်းမှ ဆက်သွားနိုင်မယ်လို့ သူကဆက်ပြောပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။