Wednesday, September 26, 2012

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း


ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း 


အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို
 သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်
သွားသောအမှုကို ယနေ့တိုင်စုံစမ်းလျက်
ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း
 ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက
 စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။
အမူပေါ်ပေါက်မူအခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက
ဆိုသည်။
အဆိုပါ လူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်း
များ ပါဝင်ပက်သတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။
၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်
သာလမ်းသွယ် ခြံအမှတ်(၁၂၆)၌ လူ ၅ဦး အသံတိတ် ပစ္စတိုများဖြင့်
 သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်
အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ်
ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့
မိသားစုဖြစ်ပြီး နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေးအထူးတင်းကြပ်သော အနေအထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ငါးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုလူသတ်မူကို ပေါ်ပေါက်ရန် ယနေ့တိုင်
 ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်းအမူပိတ်ထားခြင်း မရှိဘဲ ဆက်လက်စုံစမ်း
လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ
တစ်ဦးက အပတ်စဉ်ထုတ် သတင်းစာဆောင်တစ်ခုတွင် ယခုလအတွင်း၌လည်း
 ပြောဆိုခဲ့သည်။ Yangon Chronicle

မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန် ဖြေလျှော့မည်




မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန် ဖြေလျှော့မည်   PDF Print
Thursday, 27 September 2012 09:48
AddThis Social Bookmark Button
UTS-us1
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ စက်တင်ဘာလ ၂၆ ရက်နေ့က နယူယောက်မြို့တွင် တွေ့ဆုံစဉ် (AP Photo/Craig Ruttle)
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားမှုကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုသို့ လတ်တလောရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်
ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှု ဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
''မိမိတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့မှု ကန့်သတ်ချက်တွေကို ဖြေလျှော့ရေး စတင်ဆောင်ရွက်သွားပါမယ်။ ဒါက လူကြီးမင်းတို့ရဲ့ ပြည်သူများအတွက် ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချဖို့ အခွင့်အလမ်း ပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်
ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုသည် အမေရိကန်ပြည်ထောင်စု အိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု ပိတ်ပင်ထားမှုကို ဖယ်ရှားအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။''ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်
မြန်မာသမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
နိုင်ငံတကာမီဒီယာများက မြန်မာသမ္မတ၏ အမေရိကန်ခရီးစဉ်မှာ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူပေးနိုင်လိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေပါသည်။
မြန်မာသမ္မတသည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင် ၁၅ မိ နစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
''အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးနောက် ၀ါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြိုဆိုခဲ့ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်သစ် နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ အမြင်


နိုင်ငံတော်သစ် နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ အမြင် 

၂၂-၉-၂၀၁၂နေ့တွင် တော်ဝင်နှင်း ဆီ၌ ၈၈ မျိုးဆက်သစ်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၏ အသင်းအဖွဲ့ များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် မြန်မာပြည် ဟောပြောပွဲ၌ ပြောကြားခဲ့ သည့်အချက်အလက်များအား တင်ပြ လိုက်သည်။ -နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ ခဏခဏခံနေရတယ်။ နိုင်ငံတော်လုံခြုံေ ရးလို့ ပြောလိုက်ရင်လည်း ကျွန်တော်တို့ ခံနေရတာပဲ။ နိုင်ငံတော်အကြည်အညို ပျက်စေမှုဆိုရင်လည်း ကျွန်တော်တို့ခံနေ ရတာပဲ။
““ဘယ်သူက နိုင်ငံတော်လို့ပြောနေ တာလဲ။ နိုင်ငံဆိုတော်ဆိုတာဘာလဲ။ အခြေခံအယူအဆတွေ ကွဲလွဲနေတာက ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့ရှင်းပြဖို့ လိုတယ်။ ဒါမှမဟုတ်ရင် ဗလုံးပထွေးနဲ့ နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ချည်းပဲ ခံနေရတယ်။ အဲဒါတစ်ခုခုတော့ မှားနေြ့ပီ။ အဲဒီတော့ ကျွန်တော်က နိုင်ငံတော် ဆိုတာကို ဘာသာရပ်ရှုထောင့်က အရင် ပြောမယ်။နိုင်ငံတော်ရဲ့ ကြန်အင်လက္ခ ဏာဆိုပြီးတော့ (၄)ခုကွဲသွားတယ်။ (၁) နိုင်ငံလို့ပြောရင် နယ်နမိတ်ရှိရမယ်။ ပထ၀ီဝင်နယ်နမိတ် သတ်သတ်မှတ်မှတ် တစ်ခုရှိရမယ်။ (၂) နယ်နမိတ်ထဲမှာနေ တဲ့နိုင်ငံသားတွေ၊ ပြည်သူတွေပါရမယ်။ ပြီးတော့ (၃) အဲဒီနိုင်ငံမှာ အုပ်စိုးနေတဲ့ အစိုးရပါရမယ်။ (၄) အဲဒီနိုင်ငံကနေ ကိုင်တွယ်ကျင့်သုံးနေတဲ့ အချုပ်အခြာ အာဏာဆိုတာ ပါရမယ်။ အဲဒီ (၄)ခု ပေါင်းထားတာကိုမှ လုံခြုံမှုရှိပြီးစစ်မှန်တဲ့ နိုင်ငံတော်လို့သတ်မှတ်တယ်။
ကာလများစွာကျွန်တော်တို့က နိုင်ငံ တော်ဆိုတဲ့ဟာကို ဘယ်လိုမြင်လဲဆို တော့ အစိုးရက သူတို့ကိုယ်သူတို့ နိုင်ငံ တော်လို့သတ်မှတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဟုတ်နိုးနိုးနဲ့ နိုင်ငံ တော်ဆိုလည်း နိုင်ငံတော်ပေါ့ဆိုပြီး နေ လာခဲ့ရတယ်။ ကျွန်တော်တို့ ပြန်ပေးပိုင် ခွင့်မရှိသလို၊ သိခွင့်လည်းမရှိဘူး။ အဲဒီ တော့ လေးလေးနက်နက် ပြန်စဉ်းစား ကြည့်ရင် အစိုးရဆိုတာ နိုင်ငံတော်မှာ အစိတ်အပိုင်း (၄)ခုပေါင်းထားတဲ့အထဲမှာ ကလေးပြောပြောရလျှင် လေးပုံပုံ တစ်ပုံ ပဲရှိတယ်။ သူတို့က အင်္ဂါရပ်တစ်ခုပဲ။ ဒါပေမဲ့ နိုင်ငံတော်ဆိုတဲ့ဟာက နိုင်ငံပိုင် ပြုလုပ်တယ်ဆိုပြီးတော့ အိမ်တွေ၊ ဈေး တွေ အဆောက်အအုံတွေ အကုန်လုံး အသိမ်းခံနေရတယ်။ အဲဒီ နိုင်ငံတော် ဆိုတဲ့ဟာကြီးကို ပြောတိုင်းပြောတိုင်းမှာ နိုင်ငံသား ပြည်သူတွေက ကိုယ်နဲ့ဘာမှ မဆိုင်သလိုဘဲ နိုင်ငံတော်ဆိုတာ သူတို့ အုပ်ချုပ်နေတဲ့ ကိစ္စပဲဆိုပြီးတော့ နေလာ ခဲ့ကြတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရ တဲ့ နိုင်ငံတော်ဆိုတာဒါပါပဲ
ကျွန်တော် တို့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်နဲ့ပတ်သက် ပြီးတော့ ကမ္ဘာမှာကျော်ကြားတဲ့စကား တစ်ခွန်းရှိပါတယ်။ ““ပြင်သစ်ဘုရင် လုဝစ် တက်စစ္စတန်က I am the state နိုင်ငံ တော်ဆိုတာငါပဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပါပဲ””ဟု ဆို ထားသည်။ အင်မတန်ကျော်ကြားပါ တယ်။ နောက်ဆုံးတော့ ခေါင်းဖြတ်စက် နဲ့ အသက်ခံလိုက်ရတယ်။ နိုင်ငံတော် လည်း ကိစ္စတုံးသွားတယ်။ အဲဒီ အယူ အဆဟာ အခုအချိန်ထိ အာဏာပိုင် နိုင်ငံတွေမှာ ဆက်ပြီးတော့ ရှင်သန်တုန်း ပဲရှိသေးတယ်။ အဲဒီနိုင်ငံတွေက ပြည် သူတွေဟာလည်း အဲဒီအစိုးရနဲ့ နိုင်ငံနဲ့ ကို ကွဲကွဲပြားပြား နားမလည်တော့ဘဲနဲ့ အစိုးရဆိုတာ နိုင်ငံတော်ပဲလို့ ထင်နေ ကြတယ်။ အဲဒီတုန်းက နိုင်ငံတော်ဆို တာ အက်တိုလေးတစ်ချောင်းတောင် မရှိ တဲ့ကြားထဲမှာ တုတ်တစ်ချောင်းရှိရင် အစိုးရတက်လုပ်လို့ရတယ်။ နိုင်ငံတော် အာဏာကို ရယူထားတဲ့သူဟာ ဘယ် နည်းနဲ့ပဲရရ သူ့ကိုသူ နိုင်ငံတော်ဟုသတ် မှတ်ထားတယ်
လူတစ်ဦးတစ်ယောက် အုပ်ချုပ် တာပဲဖြစ်ဖြစ်၊ လူအနည်းစု လေးငါးဆယ် ယောက်ကနေပြီးတော့ သူ့ကိုသူ နိုင်ငံ တော်လို့ ကိုယ်စားပြုပြီးတော့ လုပ်လာ ခဲ့တဲ့ဟာကို နိုင်ငံတော်အဟောင်းလို့ ကျွန်တော်တို့သတ်မှတ်လိုက်ကြပါစို့။ ဒီနေ့ ဆွေးနွေးမယ့်ခေါင်းစဉ်က နိုင်ငံတော်အသစ် ပါပဲ။ ဘယ်လောက် သစ်လဲ၊ ဘယ်လောက်သစ်ပြီလဲ ဆိုတာ ကိုတော့ ဆင်ခြင်တုံတရားနဲ့သာ သတ် မှတ်ပါ။ ဒီနေရာမှာ ကျွန်တော် ဆုံးဖြတ် ချက်မပေးပါဘူး။ သို့သော် ကျွန်တော်တို့ မျှော်လင့်တာက နိုင်ငံတော်အသစ်၊ နိုင်ငံ တော်အဟောင်းမှာက နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍပျောက်ဆုံးနေတဲ့ ကိုယ့်ကို ကိုယ်ရှာမတွေ့နိုင်တဲ့ အခြေအနေတစ်ခု။ အဲဒါနိုင်ငံတော်အဟောင်းပဲ။ အဲဒီတော့ ကျွန်တော်တို့က ခေါင်းစဉ် နိုင်ငံတော် အသစ်မုခ်ဦးကြီးကို ဖြောက်ထားလို့မရ ဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ ဆိုတဲ့ မုခ်ဦးတွေရှိတယ်။ ခင်ဗျားတို့တွေ့တယ်။ အဲဒီအောက်က ဖြတ်သွားရင် နိုင်ငံတော်သစ်ဆီသို့ ရောက်မလားဆိုတာ မသေချာဘူး။ ကျွန် တော်လည်းမသိဘူး။ ဒါပေမဲ့ကျွန်တော် ရယ်စရာတွေးမိတယ်။ မင်္ဂလာဒုံလေဆိပ် ကိုသွားတဲ့လမ်းမှာလည်း အဲဒီမုခ်ဦးကြီး တွေတွေ့ရတယ်။
““သြော်.. နိုင်ငံတော် သစ်ဆီကိုသွားဖို့ဆိုရင် အဲဒီ လေယာဉ် ပျံကြီးနဲ့သွားမှပဲရမယ်””လို့ ကျွန်တော် ရှင်းရှင်းလေးပဲ တွေးကြည့်မိတယ်။ ကျွန် တော်တို့ နိုင်ငံတော်သစ်ကြီးဆီကို သွား ကြတော့မယ်။ ကျွန်တော်တို့လက်ရှိ နိုင်ငံ တော်မှာတာဝန်ယူထားတဲ့ ပုဂ်္ဂိုလ်ကြီး တွေ၊ အကြီးအကဲတွေ အားလုံးကလည်း ပြောတယ်။ အမူအကျင့်တွေပြောင်းရ မယ်။ အတွေးအခေါ်တွေ ပြောင်းရ မယ်။ လုပ်ပုံကိုင်ပုံတွေ ပြောင်းရမယ်။ တချို့စကားရပ်တွေဆိုရင် အင်မတန် ရိုသေဖို့ကောင်းတယ်။ ကျွန်တော်တို့ တစ်လျှောက်လုံးမှာ အထက်ကနေ အောက်ကို စီးဆင်းတဲ့ စ အသ ကြအအသည ပုံစံနဲ့လာခဲ့ကြတယ်။ ခေါက်ရိုးကျိုးနေကြ ပြီ။ အခုကျွန်တော်တို့သွားရမယ့် နိုင်ငံ တော်ဟာ အောက်ခြေကနေ အထက်ကို တင်ပြဆွေးနွေးတဲ့ အကြံပြုတဲ့ပုံစံတွေကို ဖော်ထုတ်ရမယ်လို့လည်း လူကြီးတွေက ပြောတယ်။ လက်တွေ့ခံစားရတာ၊ မခံစား ရတာထက်စာရင် စကားလုံးတွေကြားရ တာနဲ့တင် ပဏာပီတိဂွမ်စီထိတယ်ဆို တာမျိုးကြားရရုံနဲ့ပဲ တော်တော်ဝမ်းသာမိ တယ်။ တကယ်ခံစားရရင်တော့ အတိုင်း တက်အလွန်ပဲပေါ့ဗျာ။
ကျွန်တော်တို့နိုင်ငံတော်သစ်ကို သွားကြမယ်ဆိုရင် အဓိကကျတဲ့နိုင်ငံ တော်သစ်နဲ့ နိုင်ငံတော်အဟောင်းဘာ ကွာလဲ။ တစ်ခွန်းတည်းပြောရရင် နိုင်ငံ သားတွေရဲ့ အခန်းကဏ္ဍမြင့်တက်လာ တာနဲ့အမျှ နိုင်ငံတော်သစ်ကို တစ်ရွေ့ ရွေ့နဲ့ခြေလှမ်းတိုးနေပြီး ဒီထက်သာ နိုင်ငံ သားအားလုံးမှ တက်တက်ကြွကြွနဲ့ ကိုယ့် တန်ဖိုးကိုယ်သိပြီးတော့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတက်တဲ့ နိုင်ငံသားတွေအဖြစ်နဲ့အဲဒီအခြေအနေရောက်လာပြီဆိုရင်တော့ နိုင်ငံတော်သစ်အဆင့်ကို ရောက်ပြီလို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။
နိုင်ငံတိုင်းမှာ အယူအဆတွေ အများကြီးရှတယ်။ အခုချိန်ထိ ဘုရင် စနစ်အုပ်ချုပ်တာတွေရှိတယ်။ အာဏာ ပိုင်အစိုးရပုံစံမျိုးတွေ အုပ်ချုပ်နေတာတွေ ရှိတယ်။ ရွေးကောက်တင်မြှောက်ခံရ သော အာဏာရှင်အစိုးရတွေ ပုံသဏ္ဍာန် မျိုးစုံနဲ့ရှိတယ်။ ဒါလည်း အစိုးရပဲ။ ကျွန် တော်တို့လိုချင်တဲ့အစိုးရ၊ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံတော်သစ်ဆိုတာက ပြည် သူတွေက နိုင်ငံရေးအသိပညာနိုးကြားမှု အပြည့်အ၀နဲ့ သူတို့ကိုယ်စားလှယ်တွေ ကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီးတော့ နိုင်ငံရေးကို စီမံခန့်ခွဲနိုင်တဲ့ အုပ်ချုပ်နိုင် တဲ့ အခြေအနေမျိုးကို ရောက်ရင် ကျွန် တော်တို့လိုချင်တဲ့ နိုင်ငံတော်သစ်အဆင့် ကိုရောက်ပြီလို့ ကျွန်တော်တို့ပြောရမယ်။

စိုးဝင်းနိုင်၊ မျိုးမင်းဇော်(Hot news weekly သတင်းဂျာနယ်)

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် အတတ်နိုင်ဆုံး အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်မည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ပြောကြား


လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် အတတ်နိုင်ဆုံး အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်မည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ပြောကြား  PDF Print
Thursday, 27 September 2012 00:06
AddThis Social Bookmark Button

စီးပွားရေးဦးပိုင်လီမိတက်က မီဒီယာများကို လက်ပံတောင်းတောင်တွင် ခေါ်ယူရှင်းလင်းစဉ်
မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ တာဝန်ရှိသူများက ရန်ကုန်မှ ပြည်တွင်းပြည်ပ မီဒီယာသမားများကို မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ စီးပွားရေးဦးပိုင် လီမီတက်ရုံးခန်းသို့ ခေါ်ယူ၍ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံရှင်းလင်းပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းတွေ့ဆုံရှင်းလင်းပွဲတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းခဲ့ပြီး အဆိုပါပွဲသို့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ စီမံကိန်းဌာနဒါရိုက်တာ ဦးမောင်မောင်တင့်၊ မုံရွာစီမံကိန်းတာဝန်ခံ ဦးမြင့်အောင်၊ သတ္ထုတွင်းအင်ဂျီနီယာ ဦးကိုမြင့်၊ မြန်မာဝမ်ဘို Mining Copper လီမီတက်မှ မန်နေဂျင်းဒါရိုက်တာ Gengyi တို့နှင့် ဖိတ်ကြားထားသော မီဒီယာသမားများ တက်ရောက်ခဲ့သည်။

b5_26_27
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းမှု ပြုလုပ်နေစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့်စီ မံကိန်းတစ်ခုဖြစ်သောကြောင့် ရပ်နားမည်မဟုတ်ကြောင်း၊  ဒေသခံများနှင့် အတက်နိုင်ဆုံး အဆင်ပြေစေရန် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒေသခံများ နစ်နာ မှုများကို တရားဝင်စာတင်၍ တောင်းဆိုနိုင်ကြောင်း၊ မိမိတို့ဘက်မှ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီအား သတ္ထုတွင်းအတွင်း ၀င်ရောက်လုပ်ကိုင်ခွင့်သာ ပေးခြင်းဖြစ်ပြီး မိုင်းပါမစ်ကိုမူ မပေးဘဲ စီးပွားရေးဦးပိုင်လီမီတက်က ကိုင်ထားကြောင်း၊ ဤလုပ်ငန်းသည်ရပ်တန့်၍ မရဘဲဆက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ ညှိနှိုင်းစရာများရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကျိုးအမြတ် အသေးစိတ် အတိအကျကို မိမိအနေဖြင့် မပြောနိုင်သော်လည်း အကြမ်းဖျင်းအားဖြင့် နိုင်ငံတော်က တော်တော်များများရကြောင်း၊ အခွန်အခများနှင့် ပေါင်းပါက နိုင်ငံတော် အကျိုးအမြတ်ကများကြောင်း၊ ကျွန်တော်တို့ ဦးပိုင် အနေဖြင့်လည်းရကြောင်း၊ တရုတ်က အကျိုးအမြတ် ရမှုအနည်းဆုံးဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ မရှိနှင့်ပတ်သက်၍ လာရောက်စစ်ဆေးလိုပါက ပြည်တွင်းပြည်ပ ပညာရှင်များ လာရောက်လေ့လာနိုင်ကြောင်း၊ ကြိုဆိုပါကြောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ စီမံကိန်းဌာန ဒါရိုက်တာဦးမောင်မောင်တင့်က ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်
မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်သည် လက်ပံတောင်းတောင် ကြေးနီးသတ္ထုတွင်းလုပ်ငန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀မ်ဘို Mining Copper လီမီတက်မှ မြန်မာနိုင်ငံတွင် တည်ထောင်ထားသည့် မြန်မာဝမ်ဘို Mining Copper လီမီတက်နှင့် Production, Sharing ,Contract စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာဝမ်ဘို Mining Copper လီမီတက်မှ လက်ပံတောင်း တောင်ကြေးနီသတ္ထုတွင်းအတွက် 997 Million, USD ကို ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံဆောင်ရွက်သွားမည်ဟု ရှင်းလင်းပွဲမှ သိရသည်။
လက်ပံတောင်းတောင်ကြေးနီ သတ္ထုတွင်းတွင် လုပ်သားဖွဲ့စည်းအင်အား ၂၀၀၀ ဦးရေနှင့် နေ့စား ၀န်ထမ်းခန့်မှန်းခြေ ၁၅၀၀ ဦးရေခန့် ရှိကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်းနှင့်ပတ်သက်၍ ခွင့်ပြုသည့်ရက်စွဲမှာ သတ္ထုအကြီး စားတူးဖော်ထုတ်လုပ်မှုအတွက် ခွင့်ပြုမိန့် ၅/၃/၂၀၁၀နှင့် နိုင်ငံသား ရင်းနီးမြုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်မှာ ၅/၅/၂၀၁၀ ဖြစ်ပြီး သက်တမ်းကာလမှာ ၂၈ နှစ်ဖြစ်ကြောင်း၊ ခွင့်ပြုသည့်ဧရိယာမှာ ၇၈၆၇၇၈ ဧကဖြစ်ကြောင်းလည်း သိရသည်။

Comments 

+5 #6 Sat Nwe Kyaw 2012-09-27 10:37
သတ္တုတွင်း ဝန်ကြီးဌာနနှင့် အိုင်ဗင်ဟိုး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခဲ့သော အဆိုပါ ကြေးနီ စီမံကိန်း ကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင် ကုမ္ပဏီတို့ထံ လွှဲပြောင်း ရောင်းချခဲ့သည့် အတွက် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင် မှစတင်ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ အထိ တရားမဝင် စက်လည်ပတ်၍ ကြေးနီတန်ချိန် ၃၃၈ ဒသမ ၉၃၂ တန်ကို အလွဲသုံးစား ပြုလုပ် ခဲ့သဖြင့် ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ၂၀၁၁ ခုနှစ် စက်တင် ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိသောကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ တိုင်ကြားစာ ထပ်မံ ပေးပို့ခဲ့ရကြောင်း ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
အမှတ်(၁)သတ္တု တွင်းလုပ်ငန်း ခေတ္တ ဦးဆောင် ညွှန်ကြား ရေးမှူးနှင့် အကြီးတန်း အရာရှိများက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ တွင် လာရောက် တွေ့ဆုံခဲ့ပြီး အလွဲသုံးစားမှု မှန်ကန်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာကို ဖတ်ပြ၍ မုံရွာမြို့တွင် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အမှုစစ်ဆေး နေစဉ်မှာပင် ကြေးနီသတ္တုများ ပြန်လည် သိမ်းဆည်း မိကြောင်း အသိပေးခြင်း၊ နိုင်ငံတော် သမ္မတကြီး၏ နှုတ်မိန့်အရ အဆိုပါ သိမ်းဆည်းရမိသော ကြေးနီများကို လေလံတင် ရောင်းချရာမှ ရရှိသော နိုင်ငံခြားငွေများ ကို ဘဏ်တွင် အပ်နှံခြင်း၊ ယင်းငွေထဲမှ ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီး များတွင် ကင်ဆာရောဂါကုစက်များ လှူဒါန်း ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ကို အသိပေး ပြောကြားခဲ့သည်ဟု ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးတို့တွင် သတ္တုတွင်းဝန်ကြီး ဌာနကသော်လည်းကောင်း၊ မြန်မာအိုင် ဗင်ဟိုး ကုမ္ပဏီက သော်လည်းကောင်း ကင်ဆာ အထူးကု စက်များ လှူဒါန်းထားမှုရှိ မရှိကို The Voice Weekly သတင်း အဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် အတည်ပြု မေးမြန်းခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အများ စုပေါင်း လှူဒါန်း ထားသော ကင်ဆာ ဓာတ်ရောင်ခြည် စက်နှစ်လုံးသာ ရှိပြီး အလှူရှင်များ စာရင်းတွင် သတ္တုတွင်း ဝန်ကြီးဌာနပါဝင် ခြင်း မရှိကြောင်း ကင်ဆာ ဓာတ်ရောင်ခြည် ဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ စိုးဦးမောင်က ပြောကြားသည်။
What happened????? is it true ????
+1 #5 darinliu 2012-09-27 09:58
တစ်ခုပြောလိုပါတယ်... နိုင်ငံတော်စီမံကိန်းလို့ပြော နေတာက တကယ်တော့ပြည့်သူအတွက်ပါ တာပေမယ် တကယ့်တိုင်ပြည်အကျိုးအတွက်ကိုရည်ရွယ်ပြီးလုပ်ဖို့တော့ လိုအပ်ပါတယ်။
ဒီလိုစီမံကိန်းမျိုးကို ဖော်ဆောင်တဲ့အခါမှာ အဘက်ဘက်ကိုကြည့်ရပါတယ်၊ မျှမျှတတရှိမှ ဆက်လို့ဖို့ကောင်းပါလိမ့်မယ်။
+44 #4 koyin09 2012-09-27 08:05
နိုင်ငံတော် ဆိုတာသည် ဦးပိုင် မဟုတ်။ ဦးပိုင် သည် နိုင်ငံတော်ကို ကိုယ်စားမပြု။

ပြည်သူပြည်သားများ သည် နိုင်ငံတော်။ ပြည်သူပြည်သားများရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များကတဆင့် ဖွဲ့စည်းအပ်နှင်းထားသော အစိုးရသည် နိုင်ငံတော်။
နိုင်ငံတော်၏ မူလအာဏာသည် ပြည်သူ ပြည်သားများသာဖြစ်၏။
ထို့ကြောင့် ပြည်သူပြည်သားများ ဆန္ဒမပါလျှင်၊ ပြည်သူပြည်သားများ၏ ဆန္ဒ နဲ့ဆန့်ကျင် တဲ့ ကိစ္စများ ကို ဆက်လက်လုပ်ဆောင်ခွင့်မရှိ။
အဘယ်ကြောင့်ဆိုသော်.နိုင်ငံတော်ဆိုသည်မှာ ဦးပိုင်မဟုတ်၊ ပြည်သူ ပြည်သားများပင် ဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့် နိုင်ငံတော်အဆင့် စီမံ ကိန်း ဆိုသည်များကိုလည်း နိုင်ငံတော်ရဲ့မူလအာဏာပိုင်ရှင် ပြည်သူပြည်သားများက ပယ်ဖျက်ခွင့် ရှိကြောင်း ဦးပိုင်နှင့် တရုပ်ကုမ္ပဏီ တာဝန်ရှိလူကြီးဆိုသူများအား သိစေအပ်ပါသည်
+29 #3 Hercules 2012-09-27 06:56
ပထမအကြိမ် သမ္မတကြီး တရုတ်ပြည်ကပြန်လာတော့
ပြည်သူလက်မခံတဲ့ မြစ်ဆုံစီမံကိန်းကြီး ပျက်။
ဒုတိယအကြိမ် သမ္မတကြီး တရုတ်ပြည်ကပြန်လာတော့
ပြည်သူဆန့်ကျင်တဲ့ ကြေးနီစီမံကိန်းကြီး----။
ဦးပိုင်ကပုဂ္ဂိုလ်တွေ ထန်းခေါက်ဖာလေးတွေ ကြိုကြိုတင်တင်ပြင်ထားကြမယ်နော်။
 +48 #2 Zawtika 2012-09-27 06:13
ကြေးနီစီမံကိန်း သည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်သောကြောင့် ရပ်နားမည်မဟုတ်ကြောင်း၊
နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခု ဖြစ်လို့ မရပ်နိုင်ဘူးပြောရအောင်
နိုင်ငံတော်အဆင့် အကျိုးအမြတ် ဘယ်လောက်ထွက်နေပါသလဲ
နိုင်ငံတော်အဆင့် အကျိုးအမြတ် လို့ပြောတာနော်
စီးပွားရေးဦးပိုင်လီမီတက် အဆင့် အကျိုးအမြတ် ကို ပြောတာ မဟုတ်ကြောင်း
စီးပွားရေးဦးပိုင်လီမီတက်က ရနောင်မောင်မောင်တုတ်တို့
ငဖေငယ်တို့ အဆင့် အကျိုးအမြတ်ကို ပြောတာ မဟုတ်ကြောင်း ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိစေချင်တယ်

ပီးတော့
နိုင်ငံ ရဲ့ မြေသယံဇာတ ပျက်စီးဆုံးရှုံးမှု ရေသယံဇာတ ပျက်စီးဆုံးရှုံးမှု ဘယ်လောက် ထိခိုက် ရှိနေပါသလဲ။
လူသား အရင်းအမြစ် ပျက်စီးဆုံးရှုံးမှု ဘယ်လောက် ထိခိုက် ရှိနေပါသလဲ ဆိုတာကိုလဲ နိုင်ငံတော်အဆင့်
စုံစမ်းစစ်ဆေးပီး နိုင်ငံတော်အဆင့် တာဝန်ယူပီး နိုင်ငံတော်အဆင့် မှန်ကန်တဲ့သတင်းအမှတ်ကို ထုတ်ပြန်ပေး ပါ။
ကြေးနီစီမံကိန်း ကို ဘယ်သူတွေက တာဝန်ယူသလဲဆိုတာ နိုင်ငံတော်အဆင့် မှတ်တမ်းတင်ထားပါ။
+79 #1 tntun 2012-09-27 01:34
တိုင်းပြည်အတွက် အကျိုးဘယ်လောက်ရှိတဲ့ project မို့ မြေဧက ရှစ်သိန်းနီးနီးလောက်ပေးထားရတာလဲ နားမလည်ပါ။
Mining Project တစ်ခုတည်းအတွက် အရှေ့တောင်အာရှ ဒုတိယအကြီးဆုံးတိုင်းပြည် ဧရိယာ၏ .5% လောက်ပေးရတာ
international standard ဟုတ်မဟုတ် လိုက်မမီပါ။
တိုင်းပြည်ကိုလက်ညှိုးထိုးရောင်းစားနေတာ ဟုတ်မဟုတ် မဝေဖန်တတ်ပါ။
အဲဒါကြီးက ၀မ်ဘိုက ပေးထားတာ။ အဲဒါကြီးမရှိရင် တို့မြန်မာလူမျိုးတွေ တော်တော် ဒုက္ခရောက်မယ် ဆိုတဲ့ဟာမျိုးကြီးလဲ
မတွေ့ဖူး ၊ မကြားဖူးတာ အမှန်ပါ။
မိမိ၏ ဖြုတ်ဦးနှောက်ကလေးနှင့် ဥာဏ်မီသလောက်တွက်မိသည်ကတော့ ဤလို ကုမ္ပဏီ နှစ်ရာလောက်ဝင်လာပါမူ တို့လူမျိုးများ
နေစရာမြေပျောက်ကာ ဆလုံတိုင်းရင်းသားတို့ကဲ့သို့ ပင်လယ်ပြင်တွင် လှေကိုအိမ်လုပ်၍ သားစဉ်မြေးဆက် နေသွားရဖွယ်ရှိပေသည်
ဟူ၍သာ.....။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။