Tuesday, October 16, 2012

ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံခရီး သတင်းစာရှင်းလင်း


ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံခရီး သတင်းစာရှင်းလင်း 

မြန်မာနိုင်ငံ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုက်ရက်တစ် တပ်ဦး(ABSDF) ခေါင်းဆောင်ဟောင်းများထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များ ကလပ်မှာ၂၀၁၂ခုနှစ် အောက်တိုဘာလ၁၆ရက်နေ့ကသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA News, 16 October 2012  —  မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ် တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းတွေ က မြန် မာနိုင် ငံမှာ အစိုးရ အပေါ်ပိုင်း ပြောင်းလဲနေပေ မယ့် အောက်ခြေအ ဆင့် အာဏာပိုင်တွေ မပြောင်းလဲသေးဘူးလို့ ဒီကနေ့ ပြောကြား လိုက် ပါ တယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ်မှာ ဒီကနေ့ မနက်(၁၀) နာရီက ပြု လုပ် တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ငြိမ်းချမ်းရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

နေပြည်တော်မှာ လယ်သိမ်းခံ လယ်သမားတွေကို ရဲကဖမ်း


နေပြည်တော်မှာ လယ်သိမ်းခံ လယ်သမားတွေကို ရဲကဖမ်း

နေပြည်တော်ခရိုင်မှာလယ်သမားတွေရဲ့လယ်မြေတွေအသိမ်းခံနေရ
BBC News, 17 October 2012  —-  နေပြည်တော်ခရိုင် ဒက္ခိဏ သီရိနဲ့ လယ်ဝေး မြို့နယ် အစပ်မှာ စည်ပင်သာယာဌာနက သိမ်းယူ ထားတဲ့ လယ်မြေတွေမှာ ဒေသခံ မူလပိုင်ရှင် လယ်သမားတွေက သူတို့သာ ပိုင်ရှင်ဖြစ်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့လို့ ဦးဆောင်သူ လယ်သမား နှစ်ဦးကို ရဲက အင်္ဂါနေ့ည အထိ ဖမ်းဆီး စစ်ဆေးနေ တယ် လို့ သိရပါတယ်။
စည်ပင်သာယာဌာနက သူတို့ သိမ်းထားတဲ့ လယ်မြေတွေမှာ စည်ပင်ပိုင်မြေ မကျူးကျော်ရ၊ နိုင်ငံတော် ပိုင်မြေ မကျူးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေ ထူထားတာကြောင့် ဒေသခံ လယ်သမားတွေက ဘိုးဘွား

ဖားကန့်မြို့နယ်တွင်း အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတချို့ အကြမ်းဖက်လုယက်


ဖားကန့်မြို့နယ်တွင်း အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတချို့ အကြမ်းဖက်လုယက် 


RFA News, 16 October 2012  —-  ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်း သာယာ ရပ်ကွက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ည ၁၀ နာရီအချိန်က အင်အား ၃၀ နီးပါးရှိတဲ့ အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတွေ ဝင်ရောက်ပြီး ဒေသ ခံပြည်သူတွေကို ရိုက်နှက်ကာ ပစ္စည်းတွေ အဓမ္မ လုယက် ယူဆောင် သွားတယ်လို့ စုံစမ်း သိရှိရပါတယ်။

မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ


မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ 


Monday, October 15, 2012

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေ စက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။
ရဲအဖွဲ့မှ ၀င်ရောက်စီးနှင်းစဉ် အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့် အိန္ဒိယ ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။