Thursday, February 7, 2013

လစာနည်းဝန်ထမ်းတွေ ဘယ်လောက်ရ၊ ဘယ်လိုနေကြသလဲ


လစာနည်းဝန်ထမ်းတွေ ဘယ်လောက်ရ၊ ဘယ်လိုနေကြသလဲ

    ရန်ကုန်ကို  နယ်ကနေ ယာယီ ပြောင်းရွှေ့လာသူ၊ အပြီး ပြောင်းလာသူ အများအပြား ရောက်နေ ကြပါတယ်။
ရန်ကုန်မြို့ကြီးမှာက အလုပ် အကိုင် အခွင့်အလမ်းတွေ ပေါများတယ် မဟုတ်လား။
ဒါပေမယ့် ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ် ရှိသူတွေရဲ့ ဝင်ငွေ၊ လစာ နှုန်းထားတွေ နိမ့်ကျနေသေးတယ်လို့ ရန်ကုန်မြို့မှာ အလုပ်လုပ် ကိုင်သူတွေက ပြောပါတယ်။
    မီနီမတ်တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မသူဇာက ပထဝီဘာသာရပ်နဲ့ တက္ကသိုလ်ဘွဲ့ရသူပါ။ ကွန်ပြူတာအခြေခံနဲ့ စာရင်းကိုင် Level 2 ပြီးထားသူပါ။ ဧရာဝတီတိုင်းက လာပြီးတော့ အလုပ်လာလုပ်တာ တနှစ်လောက်ရှိပါပြီ။

မြန်မာ့သတင်းမီဒီယာ အဆင့်အတန်း 


VOA News, 6February 2013  —- (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနှင့်အတူ သတင်းလွတ်လပ်ခွင့်ဆိုတာကိုပါ ကြားလာခဲ့ရတာ အခုဆိုရင်တော့ ပုဂ္ဂလိက သတင်းစာတွေကိုတောင် သိပ်ပြီးတော့မကြာမြင့်တော့တဲ့အချိန်မှာ တွေ့မြင်ဖတ်ရှုကြရတော့မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့မီဒီယာ အဆင့်အတန်းဟာ လောလောဆယ် ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ဝါရင့်သတင်းစာဆရာကြီး ဦးဝင်တင်နှင့် ဦးကျော်ဇံသာတို့က ဆွေးနွေးသုံးသပ်ထားပါတယ်။

ကုလကိုယ်စားလှယ်နှင့် ဆွေးနွေးပြော ဆိုခွင့်မရသဖြင့် ကချင်လူထု ဝေဖန်


ကုလကိုယ်စားလှယ်နှင့် ဆွေးနွေးပြော ဆိုခွင့်မရသဖြင့် ကချင်လူထု ဝေဖန် 


ချင်းမိုင်(မဇ္စျိမ) . ၇ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —–  ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ရောက်ရှိစဉ် ကချင်လူထုနှင့် ပြောဆိုခွင့် မရ သဖြင့် ဒေသခံ လူထုက ဝေဖန်ပြောဆိုနေကြသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။
ယခုလ ဖေဖော်ဝါရီလ ၅ ရက်နေ့က မစ္စတာ ဗီဂျေးနမ်ဘီယား၊ ပြည်ထောင်စု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ မြစ်ကြီးနားမြို့နေ ဌာနဆိုင် ရာ များနှင့် လူမှုအခြေပြု အဖွဲ့အစည်းတချို့ နှင့်တွေ့ဆုံခဲ့သော်လည်း မေးမြန်းခွင့် မရခဲ့ခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့ခံ တဦးက “သူပြောတာက ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ အားလုံး ကြိုးစားရအောင်။ သူတို့ဘက်ကလည်း အမြဲ စောင့်ကြည့်နေတာပါ။ ငြိမ်းချမ်းရေးရဖို့ နှစ်ဖက်လုံး(အစိုးရနဲ့ ကေအိုင်အို) တာဝန်ခံမှုရှိရမယ်ဆိုတာတွေ ပြောတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။