Tuesday, October 23, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာဖွယ်ရှိ



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာဖွယ်ရှိ 


Tuesday, 23 October 2012 11:45
အောက်တိုဘာလ ၂၂ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတက ပေးပို့လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ် သဘောထားမှတ်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာ ကို ထုတ်ပြန်ခဲ့သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမှာ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာဖွယ်ရှိကြောင်း ပြည်ထောင်စု  လွှတ်တော်ကိုယ်စားလှယ်များက ပြောခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ 


နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို အခြေစိုက် Asia Foundation  ဥက္ကဋ္ဌ  Mr.David Arnold ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံဘုရင်ဟောင်း နိုရိုဒွန် သီဟာနု၏ ဈာပနအခမ်းအနားသို့ တက်ရောက်၍ ရုပ်ကလပ်အား ပန်းခွေချအလေးပြု


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံဘုရင်ဟောင်း နိုရိုဒွန် သီဟာနု၏ ဈာပနအခမ်းအနားသို့ တက်ရောက်၍ ရုပ်ကလပ်အား ပန်းခွေချအလေးပြု 

Printer-friendly versionSend by email
နေပြည်တော် အောက်တိုဘာ၂၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် အောက်တိုဘာ(၂၂)ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ ဘုရင့်နန်းတော်၌ ကျင်းပသည့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်ဟောင်း နိုရိုဒွန်သီဟာနု၏ ဈာပနအခမ်းအနားသို့ တက်ရောက်၍ ရုပ်ကလပ်အားပန်းခွေချ အလေးပြုသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်အား သွားရောက်တွေ့ဆုံ


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်အား သွားရောက်တွေ့ဆုံ

Printer-friendly versionSend by email 
နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်အား အောက်တိုဘာ(၂၁)ရက် ညနေ (၄)နာရီခွဲတွင် ဖနောင်ပင်မြို့ Peace Palace ရှိ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ သွားရောက် တွေ့ဆုံသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။