Saturday, December 22, 2012

၂၀၁၂ ခုနှစ်ရဲ့ထူးခြားတဲ့ နိုင်ငံတကာပုံရိပ်များ

၂၀၁၂ ခုနှစ်ရဲ့ထူးခြားတဲ့ နိုင်ငံတကာပုံရိပ်များ 


     ၂၀၁၂ ခုနှစ် ကုန်ဆုံးဖို့ရက်ပိုင်းသာ  လိုပါတော့တယ်။ တစ်နှစ်တာအတွင်း ကမ္ဘာတစ်ဝန်း ဖြစ်ပေါ် ပြောင်းလဲမှုအစဉ် ကိုလေ့လာရာမှာ အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ပေါ်မှု ဣဋ္ဌာရုံတွေအများ အပြားရှိသလိုအဖျက်သဘောဆောင်တဲ့ အနိဋ္ဌာန်ရုံတွေကလည်း အမြောက်အမြား  ပါဘဲ။ အဲဒီထဲကမှ ထူးခြားထင်ရှားတဲ့ ဖြစ်ရပ်အချို့ကို ထုတ်နှုတ်တင်ပြလိုက်ရ ပါတယ်။

အပြောင်းအလဲဟာ ပြောင်းလဲ သွားနိုင်တယ်.....


အပြောင်းအလဲဟာ ပြောင်းလဲ သွားနိုင်တယ်..... 

လက်ပံတောင်းအရေး တွေးမိသမျှ ရေးကြည့်ပါ့မယ်။ ကျွန်ုပ်ဟာ ဘယ်စစ်အာဏာရှင်ကိုမှ မလိုလားသလို အစဉ် ဆန့်ကျင်ပါတယ်။ 
အခု စစ်ဗိုလ်ချုပ် စစ်အာဏာရှင်ဟောင်း ဦးသိန်းစိန် အစိုးရ တက် လာပြီး အပြောင်းအလဲ တချို့ တေ
ွ့လာရတယ်။ ဒီအပြောင်းအလဲဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လို၊ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၈၈ တွေလို မြန်မာ့ နိုင်ငံရေးမှာ တ ကယ် အနစ်နာခံ စွန့်လွှတ်ခဲ့ကြသူတွေ ပါဝင်ခွင့် ရလာခဲ့တယ်။

မြန်မာနိုင်ငံအပြောင်းအလဲ တရုတ်နဂါးနှင့် KIA

မြန်မာနိုင်ငံအပြောင်းအလဲ တရုတ်နဂါးနှင့် KIA  


            မြန်မာနိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန် တတ်လာသည့်နောက် ပိုင်း တွင် အံ့အားသင့်ဖွယ်ရာ အပြောင်း အလဲများ ကြောင့် တစ်ကမ္ဘာ့လုံးမှအသိအမှတ်ပြု ချီးကျူးခဲ့ကြ သည်။ ယခင်ကလှည့်ပင်မကြည့်ဘူးခဲ့သော အနောက်နိုင်ငံများက ခေါင်းဆောင်းများတစ်ဖွဲဖွဲလာရောက်၍ သမ္မတဦးသိန်းစိန်ကို လာရောက်အားပေးခဲ့ကြသည်။ မြန်မာနိုင်ငံအား ယခင် အစိုးရလက်ထက်ကရန်သူ သဖွယ်ဆက်ဆံခဲ့သည့် အမေရိကန်နိုင်ငံ၏ သမ္မတကိုယ်တိုင်ပင် သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့သည်။

မြန်မာ့မူးယစ်ဆေး နဲ့ အမေရိကန်အစိုးရ


မြန်မာ့မူးယစ်ဆေး နဲ့ အမေရိကန်အစိုးရ


VOA News, 21 December 2012  —- ၂၀၁၁ ဒီဇင်ဘာလဆန်းပိုင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် ကိုလာပြီးတဲ့နောက်ပိုင်း ဗမာအစိုးရအပေါ်ထားရှိတဲ့ အမေရိကန် သဘောထား ပြောင်းလဲလာပေမယ့် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ လက်ရှိ အမေရိကန်အစိုးရသဘောထားကို လွန်ခဲ့တဲ့ မတ်လထုတ် International Narcotics control Strategy Report အတွဲ (၁) မှာ တွေ့နိုင်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။