Monday, November 26, 2012

ငြိမ်းချမ်းရေးအတွက် ပထမအဆင့် ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်


ငြိမ်းချမ်းရေးအတွက် ပထမအဆင့် ယုံကြည်မှုတည်ဆောက်ဖို့လိုအပ် 

Photo:RFA/Sai Htun Aung Lwin နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံမှာ SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦး မိန့်ခွန်းပြောကြားနေစဉ်။
RFA News, 26 November 2012  —  ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၃ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံကို ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ စတင်ကျင်းပခဲ့ပါတယ်။

အစိုးရ၏ နိုင်ငံရေး ဆွေးနွေးပွဲ ထိုးစစ်ကို KIA လက်ခံမည် မထင်


အစိုးရ၏ နိုင်ငံရေး ဆွေးနွေးပွဲ ထိုးစစ်ကို KIA လက်ခံမည် မထင် 


ရွှေဟင်္သာသတင်းဌာန. ၂၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်ဖွဲ့တို့သည် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားရာမှ (၂) ရက်ခန့် ငြိမ်သက် နေကြောင်း KIA စစ်ရုံးချုပ်မှ အရာရှိ တစ်ဦး က ပြောပါသည်။
“ တိုက်ပွဲငြိမ်သွားတာက ကျနော်တို့နဲ့ အစိုးရ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဆိုင်မယ်လို့ ယူဆပါတယ်။

ရခိုင်မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိသော လူငယ်ခေါင်းဆောင်များအတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်


ရခိုင်မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိသော လူငယ်ခေါင်းဆောင်များအတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ် 

Arakan Times, 26 November 2012  —  

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအား အလေးပေး ကာ ဆောင်ရွက်ကြမည့် မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိသော ရခိုင်လူငယ်ခေါင်းဆောင်များအတွက် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ရခိုင်လူငယ်များဖိုရမ် (ရန်ကုန်)မှ ဦးဆောင်ကာ ရန်ကုန်မြို့၊ သမိုင်းမြို့မကျောင်းတွင် နိုဝင်ဘာ ၂၄ မှ ၂၅ ရက်ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံက တရားရုံးတွေ အဆင့်မှီအောင် ကြိုးစားရမည်


မြန်မာနိုင်ငံက တရားရုံးတွေ အဆင့်မှီအောင် ကြိုးစားရမည် 

Photo:RFA/Win Naung Toe တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊
ဇမ္ဗူသီရိမြို့နယ်အတွင်းကတရားရုံးတွေကိုဝင်ရောက်စစ်ဆေးနေစဉ်
RFA News, 26 November 2012  —-   တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီအဖွဲ့ဟာ နေပြည်တော်မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။