Monday, November 26, 2012

ငြိမ်းချမ်းရေးအတွက် ပထမအဆင့် ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်


ငြိမ်းချမ်းရေးအတွက် ပထမအဆင့် ယုံကြည်မှုတည်ဆောက်ဖို့လိုအပ် 

Photo:RFA/Sai Htun Aung Lwin နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံမှာ SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦး မိန့်ခွန်းပြောကြားနေစဉ်။
RFA News, 26 November 2012  —  ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၃ ရက်ကြာ ကျင်းပမယ့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ညီလာခံကို ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ စတင်ကျင်းပခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းတွေထဲမှာ အဓိကဖြစ်တဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၆ရက်ကနေ ၂၈ရက်နေ့ထိ ၃ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပြီး ဒီကနေ့ ဆွေးနွေးပွဲကို အမှတ်(၂) လျပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းနဲ့ ၀န်ကြီး ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံရေးပါတီအသီးသီးက တာဝန်ရှိသူတွေ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေ အပါအ၀င် လူဦးရေ (၂၅၀) နီးပါး တက်ရောက်ခဲ့ကြပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။