Wednesday, October 24, 2012

KNU ၏ အမျိုးသား ရင်ကြား စေ့ရေး မအောင်မြင်


KNU ၏ အမျိုးသား ရင်ကြား စေ့ရေး မအောင်မြင် 


ရွှေဟင်္သာသတင်းဌာန. ၂၃ရက်နေ့ အောက်တိုဘာ ၂၀၁၂    —–  အောက်တိုဘာ (၂၂) နှင့် (၂၃) ရက်နေ့ နှစ်ရက်ကြာ ကျင်းပသော KNU ထိပ်သီး ခေါင်းဆောင် များ၏ အမျိုးသား ရင် ကြားစေ့ရေး တွေ့ဆုံ ဆွေးနွေးပွဲသည် ရလာဒ် တစ်စုံတရာ မရှိဘဲ ပြီးဆုံး သွားခဲ့ သည်ဟု ဆွေးနွေး ပွဲနှင့် နီးစပ်သူ တဦးက ဆိုပါသည်။
“ ဆွေးနွေးပွဲကို ဘယ်နေရာ ဆွေးနွေး ကြတယ် ဆိုတာ ကတော့ မသိရဘူးဗျ။ ဗဟိုဖက်ရော GOC ဖက်ကပါ တဖက်ကို ကိုယ်စားလှယ် (၅)ဦးစီ တက်ကြတယ်။ အဲဒါ ဆုံးဖြတ်ချက် မကျဘဲနဲ့ ရပ်လိုက် ရတယ်လို့ အစည်းအဝေး တက်တဲ့ လူတွေ ကပြောတယ်။ အဲဒီလောက် ဘဲပြောတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို 


ရွှေဟင်္သာသတင်းဌာန. ၂၄ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ရေး အတွက် အချက် (၃) ချက် ပါသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က အစိုးရထံ အကြောင်း ပြန်ထားကြောင်း အမည်မဖေါ်လိုသော ကချင် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင် တဦးက ပြောပါသည်။  

KIO နဲ့ မြန်မာအစိုးရ ရွှေလီမှာ ဆွေးနွေးဖို့သဘောတူ


KIO နဲ့ မြန်မာအစိုးရ ရွှေလီမှာ ဆွေးနွေးဖို့သဘောတူ 

မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ဦးအောင်သောင်းနဲ့ KIOတို့မတ်လ၈ရက်နေ့ကငြိမ်းချမ်းရေးအတွက် တွေ့ဆုံခဲ့ကြစဉ်။
VOA News, 24 October 2012  —-  သေနတ်သံတွေမစဲသေးတဲ့ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေဆဲပါ။ ဒီတိုက်ပွဲတွေရပ်စဲသွားရေး နှစ်ဘက်ကြား ဆွေးနွေးမှုတွေ အချိန်အတန်ကြာ ရပ်ဆိုင်းနေပေမဲ့လို့ မကြာခင်မှာတော့ KIA နဲ့ မြန်မာအစိုးရတို့ကြားမှာ ဒီဆွေးနွေး ပွဲတွေ ပြန်စလာဖို့ရှိတဲ့အကြောင်း KIO ဌာနချုပ်ကို သွားရောက်ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ပြောလိုက်ပါတယ်။

ကမ္ဘာ့ရွှေဈေး အကျနှင့်အတူ ပြည်တွင်းရွှေဈေး လိုက်ကျ၊ ဈေးကွက်ငြိမ်


ကမ္ဘာ့ရွှေဈေး အကျနှင့်အတူ ပြည်တွင်းရွှေဈေး လိုက်ကျ၊ ဈေးကွက်ငြိမ် 

photo - Popular News
ရန်ကုန် မဇ္ဈိမ .၂၄ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနှင့်အတူ ပြည်တွင်းမှ အခေါက်ရွှေဈေးပါ လိုက်ကျသော်လည်းဈေးကွက်မှာ ပုံမှန်တန်းထက် အနည်းငယ် ငြိမ်နေကြောင်း ရွှေကုန်သည်များက ပြောကြသည်။
“ဒီတပါတ် ဈေးကွက်မှာ ငွေကြပ်တာရယ်၊ ဝယ်အားကောင်းတဲ့ အရပ်ဝယ်လက်တွေ ဝယ်အား မရှိတာရယ်၊
ဈေးကွက်ထဲမှာ ရောင်းတဲ့ ပစ္စည်း၊ ရွှေပေါတာရယ်ကြောင့် ဈေးကွက် အေးပါတယ်။

ကုရ်ဘာနီ အိဒ် ပွဲတော် အစ္စလာမ်အသင်းချုပ် သဘောထားကွဲ


ကုရ်ဘာနီ အိဒ် ပွဲတော် အစ္စလာမ်အသင်းချုပ် သဘောထားကွဲ 

ဆူးလေဘုရား လမ်းမကြီးပေါ်က ဗလီ (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၂၄ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  အောက်တိုဘာလ ၂၇ ရက်နေ့ လာမည့် စနေနေ့တွင် ကျရောက်မည့် ကုရ်ဘာနီ အိဒ် ပွဲတော်နေ့ကို အစဉ်အလာမပျက်  ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်ရှိ အစ္စလာမ် ဘာသာရေး အသိုင်းအ၀န်းမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ယနေ့နံနက် ပြုလုပ်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အစ္စလမ် ဘာသာရေး အဖွဲ့ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အိဒ် ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပရန်နှင့် လုံခြုံရေး အပြည့်အ၀ပေးမည်ဟု အစိုးရအဖွဲ့က ပြောဆိုခဲ့အပြီး ယခုလို ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။