Friday, January 11, 2013

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပထမ ဒုတိယ တတိယပါ


၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပထမ ဒုတိယ တတိယပါ


Moe MaKa News, 12 January 2013  —-
ဗမာပြည်မြောက်ပိုင်း ကချင်ဒေသမှာ ကချင်လွတ်မြောက်ရေးတပ်နဲ့ ကြံ့ဖွတ်အစိုးရစစ်တပ်ရဲ့ တဖက်သတ် နယ်မြေကျူး ကျော်စစ် တိုက်ပွဲကြီးတွေ အပြင်းအထန် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲရေး ၁၇-နှစ်ကြာကာလ အတွင်း ကေအိုင်အိုဟာ ၂၀၀၆မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံခဲ့တာ အပြင် ၂၀၁၀-ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကချင်ပြည်နယ်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ပေမဲ့ စစ်အစိုးရက မှတ်ပုံ တင်ခွင့်မပေးဘဲ နယ်ခြားစောင့်တပ်အဖြစ်သာ ဇွတ်ပြောင်းခိုင်းရာကစပြီး ၂၀၁၁ခု ဇွန်(၉)ရက်နေ့ မှာ သေနတ်ပြန်ပေါက်ပြီး တဖြည်းဖြည်းနဲ့ အရှိန်ပြင်းလာခဲ့တာ အခုဆို ၁၉-လရှိသွားခဲ့ပါပြီ။

ကချင်အရေးမှာ ဘယ်သူကနှုတ်ပိတ်ပြီး ဘယ်သူက ဘာတွေလုပ်မှာလဲ


ကချင်အရေးမှာ ဘယ်သူကနှုတ်ပိတ်ပြီး ဘယ်သူက ဘာတွေလုပ်မှာလဲ

UNFC ရဲ့အတွင်းရေးမှူးချုပ် နိုင်ဟံသာ
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၁ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-
ကချင်အရေးမှာ ဘယ်သူကနှုတ်ပိတ်ပြီး ဘယ်သူက ဘာတွေလုပ်မှာလဲ (UNFC သတင်းစာရှင်းလင်းပွဲမှ သတင်းထောက်များအား ဖြေကြားချက်)
ဂျန္နဝါရီလ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC ကအစည်းအဝေးတရပ်ပြုလုပ်ခဲ့ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စား လှယ်နဲ့တရားဝင်တွေ့ဆုံဖို့အတွက် ပြင်ဆင်တဲ့အစည်းအဝေးလို့သိရပါတယ်။ ဘာအကြောင်း တွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်လိုပြင်ဆင်ထားကြသလဲဆိုတာ သိရအောင် အစည်းအဝေးအပြီးမှာ သတင်းဌာနအသီးသီးက သတင်းထောက်တွေကနေ UNFC ရဲ့အတွင်းရေးမှူးချုပ် နိုင်ဟံသာကို မေးမြန်း ထားတာကို ပြန်လည်တင်ပြလိုက်ရပါတယ်။

ကချင်တွင် ဓါတုလက်နက်များသုံး၍ တိုက်ခိုက်နေခြင်း မရှိဟု မြန်မာအစိုးရငြင်းဆို


ကချင်တွင် ဓါတုလက်နက်များသုံး၍ တိုက်ခိုက်နေခြင်း မရှိဟု မြန်မာအစိုးရငြင်းဆို

နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အား တိုက်ခိုက်နေသော စစ်ဆင်ရေးများအတွင်း ဓါတုလက်နက်များအသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက်များအား မဟုတ်မှန်ကြောင်း မြန်မာအစိုးရက ငြင်းဆိုလိုက်သည်။
အေအက်ဖ်ပီ သတင်းဌာနမှ ဖေါ်ပြသောသတင်းတွင် မြန်မာသမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က “ကျနော်တို့တပ်တွေဟာ ဓါတုလက်နက်တွေကို ဘယ်တော့မှ မသုံးခဲ့ပါဘူး။ အဲဒါတွေကို အသုံးပြုဖို့ ရည်ရွယ်ချက် လည်း မရှိခဲ့ပါဘူး၊ ကေအိုင်အေဟာ ကျွန်တော်တို့ကို မှားယွင်းစွာ စွပ်စွဲနေတယ် ထင်ပါတယ်” ဟု ပြောကြားသည်။

ဝှက်ထားတဲ့ တိုက်လေယာဉ်ပျံတွေ ဘယ်မှာလဲ


ဝှက်ထားတဲ့ တိုက်လေယာဉ်ပျံတွေ ဘယ်မှာလဲ

ဒီလ ၄ ရက်ထုတ် (ရိုက်တာ) သတင်းဌာနက ထုတ်ပြန်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
ဒီသတင်းရဲ့ အဓိက လိုရင်း အဓိပ္ပာယ်ကတော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မြန်မာနိုင်ငံမှာ မြှုပ် နှံထား တဲ့၊ မြေအောက် မှာ ဝှက်ထားတဲ့ စပစ်ဖိုင်းရား (Spitfire) တိုက်လေယာဉ်တွေ ကို ပြန်လည် ရှာဖွေတူးဖော် တဲ့ အလုပ်တွေကို စကြတော့မယ် ဆိုတာပါပဲ။

အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ (မောင်ဝံသ- ပြောချင်လွန်းလို့)


အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ (မောင်ဝံသ- ပြောချင်လွန်းလို့) 


ရခိုင်ပြည်နယ်က ပဋိပက္ခများစုံစမ်းစစ်ဆေးရေး၊ လက်ပံတောင်း တောင် အရေး ၊ မိုးထိ မိုးမိနဲ့ ရွှေတော်ဝင်အလုပ်သမား ဆနပြမှု ကိစ္စတို့လို လတ်တလော မြန်မာနိုင်ငံရေးမှာ ထိပ်ဆုံးတန်း က နေရာယူထားတဲ့ အရေးကိစ္စတစ်ချို့(နှိုင်းယှဉ်ချက်အရ) နည်း နည်းလေး အသံတိုး တိမ် သွားချိန်မှာ နှစ်ဟောင်းကတည်းက အရှိန်မြင့် တက် လာနေ ခဲ့ပြီး နှစ် သစ် ရဲ့ နိဒါန်းမှာ အထွတ်အထိပ်ကို ရောက်လာပြီလားလို့ လူအများ တွေးတော စိုးရိမ်ပူပန်နေ ကြတဲ့ ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ သေနတ်သံတွေ မစဲ သေးတဲ့အခြေအနေဖြစ်ပြီး အဲဒီကိစ္စနဲ့အတူ အခုတလောလေးမှာ ပြည်သူ့ အလွှာမျိုးစုံအကြား ဆွေးနွေးလာကြတဲ့ အကြောင်းအရာ တစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ မြန်မာနိုင်ငံရဲ့ သမ္မတဘယ်သူဖြစ်လာနိုင်သလဲ ဆိုတဲ့ ခေါင်း စဉ်ဖြစ်တယ်ဗျ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။