Monday, March 25, 2013

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား..

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား..

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား
လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို

 မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
 “ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ  လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊ 
   ကျွန်တော်တို့ဆီကို ဟိုမှာ ဘာဖြစ်နေပြီ၊ ဒီမှာ ဘာဖြစ်နေပြီဆိုပြီး ဖုန်းဆက် တာတွေ အကြောင်းကြားတာတွေ ရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို ကျွန်တော်တို့ ချက်ချင်းသွားတယ်။ တကယ်တော့ ဘယ်သူမှလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ သို့သော် သူတို့စိတ်ပူပြီး စိုးရိမ်ပြီး ထင်ရာမြင်ရာ လျှောက်လုပ်ရင် ပိုစိုးလာနိုင်တဲ့အတွက် ခင်ဗျားတို့ စိတ်မပူနဲ့။  မလိုအပ်တဲ့ နေရာမှာ မပါကြနဲ့။ ကျွန်တော်တို့ကိုယ်တိုင် သွားမယ်ဆိုပြီး သက်ဆိုင်တဲ့သူတွေကိုပဲ ကျွန်တော်တို့က ပြန်ပြီး ရှင်းပြခဲ့ရတယ်။ 
   ကျွန်တော်တို့မှာ ရဲတပ်ဖွဲ့အင်အား အလုံအလောက်ရှိပါတယ်။ အခြေအနေ အားလုံးကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ မနေ့ညကဆို တောင်ညွှန့်နယ်မြေထဲကို တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်လုံး ကျွန်တော်တို့ အနားမှာ အနီးကပ်လာကြည့်ပြီး ကြီးကြပ်ပေးတယ်။ လုံခြုံရေးပိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတယ်။ မမှန်မကန်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်။
   အဓိကတော့ မမှန်သတင်းတွေကို မစဉ်းစား မတွေးခေါ်ဘဲ ဖြစ်နိုင်တယ်ဆိုပြီး တစ်ခုခု ထလုပ်လိုက်မှ မလိုအပ်တဲ့ မီးပွားက အဲဒီမှာ ထတောက်လာမယ်။ အဲလိုမဖြစ်အောင် စဉ်းစားတွေးတော ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ဆန္ဒဂျာနယ်အား ပြောကြားခဲ့သည်။
မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား.. လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို
မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
“ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊

မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

 င်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပေါ်နေသောသတင်းများမဟုတ်မှန် ရန်ကုန်၊ မတ် ၂၅ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတစ်စုက အုပ်စုဖွဲ့၍ ရန်ပြုဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပြီး ယင်းသတင်းများမှာ မဟုတ်မှန်ဘဲ ကောလာဟလများကြောင့် ယင်းမြို့နယ်တွင်း လူစုလူဝေးများဖြစ်ပေါ်နေခြင်းကို မြို့နယ်မှူး နှင့် ရဲအုပ် တို့ဦးဆောင်ကာ လိုက်လံရှင်းပြပြောဆို၍ အခြေနေကို ထိန်းသိမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက The Voice Weekly သို့ ပြေကြားသည်။ 
 “မြို့နယ်မှုးရော၊ ရဲအုပ်ဝင်းရွှေခေါင်းဆောင်တဲ့ အဖွဲ့တွေပါ လူစုလူဝေးဖြစ်တဲ့နေရာတွေကို လိုက်ပြီး ရှင်းပြနေပါတယ်။ ဘာပဋိပက္ခမှ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်သည့်အပြင် ရပ်ကွက်အလိုက် လူမျိုး/ဘာသာ မရွေး စုပေါင်း၍ လုံခြံရေးဆောင်ရွက်သည့် အစီအမံကို အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိ/ရပ်ဖများဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ကိုးကား၍ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ 

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင် ..

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်ရပ်မှာ မတ်လ ၂၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူများက ပြောကြားခဲ့ကြသည်။
ယင်းကဲ့သို့ ဆူပူစေရန်လှုံ့ ဆော်သူများအကယ်၍ ပေါ်ပေါက် လာခဲ့သည်ရှိသော် အများပြည်သူမှ ဓာတ်ပုံရိုက်ယူ၍လည်းကောင်း၊ အ ရေးပေါ်ဆက်သွယ်၍လည်းကောင်း အနီးစပ်ဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့သတင်းပေးတိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၀န်းကျင်အချိန်မှစ၍ နောက်တစ်ရက် နံနက် ၂ နာရီဝန်းကျင်အထိ မင်္ဂလာတောင်ညွန့်မြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့တွင် ဘာသာရေး အကြောင်းပြကာ ဆူပူမှုဖြစ်စေရန် သတင်းဖြင့် လှုံ့ဆော်ခြင်း၊ လိုက်လံပြောကြား လှုံ့ဆော်ခြင်း၊ အော်ဟစ်ပြောကြားခြင်းများကို လူတစ်စုမှပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဖြစ်ပွားသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ "ည ၁ နာရီလောက်မှာ သတင်းဝင်လာတယ်။ ရပ်ကွက်ထဲမှာရှိနေတဲ့ ပြည်သူတွေက လှမ်းပြီးအကြောင်းကြားတယ်။ ဒီလိုပဲ အသံတွေ ကြားတယ်၊ ဘာညာဆိုတော့ အစ်မတို့ အဖွဲ့ဝင်သုံးယောက်ကို ဆက်သွယ်ပြီးတော့ လျှောက်ကြည့်ပေးပါဆိုလို့ လျှောက်ကြည့်တော့ အေးဆေးပဲ၊ ဘာမှမဖြစ်ဘူး။ နောက်နှစ်ပတ် သုံးပတ်လောက် ရပ်ကွက်ထဲကို လှည့်ကြည့်တော့လည်း ဘာမှမဟုတ်ဘူးလို့သတင်းပြန်ပို့တယ်။ နောက်တစ်ကြိမ် ၂ နာရီခွဲလောက်မှာ ပြန်ပြီး အဆက်အသွယ်ရတဲ့အခါ လွတ်လပ်ရေးရပ်ကွက် ဘက်မှာတော့ ဒီလို ဒီလို ဖြစ်နေတယ်။ ကျွန်မလွှတ်လိုက်တဲ့လူက ကျွန်တော်သွားကြည့်မယ်ဆိုပြီး သွားကြည့်တော့ Super Custom အမျိုးအစား ကားတစ်စီးက ရပ်ပြီးတော့ ဗလီတွေဘာတွေကို ဖြိုနေပြီဆိုပြီးတော့ လှမ်းပြီးတော့ ရပ်ကွက်ထဲက လူတွေကို ပြောတာ။ အဲတော့ ရပ်ကွက်ထဲက လူတွေကလည်း ဓားတွေဆွဲ၊ တုတ်တွေဆွဲနဲ့ ထွက်ကြတာပေါ့နော်။ ကျွန်မတို့ဆီက သွားကြည့်တဲ့လူက မဟုတ်ဘူး။ ကျွန်တော် ရောက်ခဲ့ပြီးပြီ။ ဘယ်ဗလီမှ မဖြိုဘူးဆိုတော့ ကားထဲကနေပြီးတော့ ဟာရှုပ်တယ်ကွာ ဆိုပြီး ကားကိုလှည့်ပြီးတော့ မောင်းထွက်အသွားမှာ ကားပေါ်ကနေ ဓားထွက်လာတာပေါ့နော်။ သူတောင် တော်တော်ရှောင်လိုက်ရတယ်ပေါ့။ ဓားနဲ့ လှမ်းခုတ်တဲ့ ပုံစံမျိုးပေါ့နော်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။