Friday, March 15, 2013

စပျစ်သီး ရဲ့ အကျိုးကျေးဇူး


စပျစ်သီး ရဲ့ အကျိုးကျေးဇူး 

စပျစ်သီးမှ ကုသပေးသော ရောဂါများ
====================

စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်း အထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိပါတယ်။

၁။ ပန်းနာ ပျောက်ကင်းစေခြင်း

ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများကို ပျောက်ကင်း စေပါတယ်။ အထူးသဖြင့် စပျစ်သီး ခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။

၂။ ဝန်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း

စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင် ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ ဝမ်းချုပ် ဝမ်း ပုံမှန် သွားစေပါတယ်။

တုံရွာသပိတ်စခန်း ဖယ်ရှားရန် အကြောင်းကြား


တုံရွာသပိတ်စခန်း ဖယ်ရှားရန် အကြောင်းကြား 

ဒေသခံများ မနေ့က ချီတက်ဆန္ဒပြစဉ်
DVB News, 15March 2013  —– စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တုံရွာသပိတ်စခန်း တည်ထားတဲ့နေရာဟာ လမ်းဧရိယာမှာ ပါနေတဲ့အတွက် ဖယ်ရှားပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက် လမ်းတံတားဌာန တာဝန်ရှိသူတွေ ဒီမနက် ၈ နာရီကျော်လောက်မှာ သပိတ်စခန်းက တာဝန်ရှိသူတွေကို အသိပေးပြောဆိုသွားပါတယ်။
သတင်းအားဆက်လက်ဖတ်ရှု့ရန်  .  …….. 
http://burmese.dvb.no/archives/37448

ပြည်ထဲရေးဝန်ကြီး လက်ပန်းတောင်း ဒုံးတောရွာသားများနှင့် ဆွေးနွေး

DVB News, 15March 2013  —- ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသ ဒုံးတောကျေးရွာကို ရောက်ရှိပြီး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်ပြီး ကုစားပေးမယ့်အခြေအနေတွေကို ဒီနေ့မွန်းလွဲပိုင်းမှာ ညှိနှိုင်းနေပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်၊ ကော်မတီများ ဖွဲ့စည်းရေးအဆို သဘောတူ


ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်၊ ကော်မတီများ ဖွဲ့စည်းရေးအဆို သဘောတူ 

သူရဦးအေးမြင့်
DVB News, 15March 2013  —-   ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူလိုက်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ဝက်လက်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး မြစ်ကြီးနား မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။
သူရဦးအေးမြင့်က “ဒါကတော့ အခုလက်ရှိလက်ခံကျင့်သုံးနေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တချို့နေရာလေးတွေမှာ ပြင်သင့်တယ်ဆိုတဲ့ အနေအထားလေးတွေ ပြည်သူဆီက တော်တော် များများ ကြားနေရပါတယ်။ ကျနော်တို့က ပြင်မယ်ဆိုရင်လည်း သေသချာချာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတရပ်ရပ် အထူးသဖြင့် ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြင်ဆင်သင့်တယ် ဆိုပြီး ကော်မတီ၊ ကော်မရှင်ဖွဲ့ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး သူရဦးအေးမြင့်က အခုလို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ရန် လွှတ်တော် ခြေလှမ်းစပြီ


၂၀၀၈ ဖွဲ့စည်းပုံပြင်ရန် လွှတ်တော် ခြေလှမ်းစပြီ 


DVB News, 15March 2013  —- ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ နဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က သဘောတူလိုက်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးထဲမှာ ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။
သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်း
 ပြည်သူ့လွှတ်တော်က ဆုံးဖြတ်သဘောတူလိုက်တဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနဲ့ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေးတိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်ထံ သ၀ဏ်လွှာပေးပို့သွားမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယကက ကော်မတီနဲ့ ကော်မရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖွဲ့စည်း လုပ်ဆောင် သွားဖို့ရှိတယ်လို့ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။
ဦးရဲထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး မုံရွာမှာ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း


အစီရင်ခံစာနဲ့ ပတ်သက်ပြီး မုံရွာမှာ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း  

အစီရင်ခံစာနဲ့ ပတ်သက်ပြီး တုံရွာဒေသခံတွေကို ရှင်းလင်းပြောပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ photo: RFA/ Moe Thu Aung
RFA News, 15March 2013  —-  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို ရှင်းလင်းပြောဆိုဖို့ သွားရောက်ခဲ့တဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကမုံရွာမြို့က ပြန်လည်မထွက်ခွာခင်မှာ သတင်းထောက်တွေရဲ့မေးခွန်းတွေ ကို ဖြေကြားခဲ့ပါတယ်။
ဒေသခံရွာတွေမှာ ရှင်းလင်းပြောကြားခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး
“အမေတို့သွားတဲ့ ရွာတွေမှာဆိုရင် အများစုက နားလည်ပါတယ်၊ သူတို့ပြဿနာတွေ ဘာရှိလဲဆိုတာ သူတို့သိတယ်၊ အမေက ရှင်းပြတယ်၊ တချို့ရွာတွေက ရှင်းပြတာလည်း နားမထောင်ဘူး၊ ဖတ်လည်း မဖတ်ရဘူးပေါ့၊ ဒါလဲသူတို့မှာ ခဏခဏ ပဋိပက္ခတွေ ဖြစ်ခဲ့ရတော့လည်း ဒီလိုပြေပြေလည်လည်လုပ်တဲ့ အလေ့အကျင့်ကလည်း မလုပ်နိုင်ဘူးပေါ့၊ ဒါကိုအမေဘာမှ အပြစ်မတင်ပါဘူး”
ကြေးနီစီမံကိန်း ပြဿနာနဲ့ ပတ်သက်ပြီး အကောင်းဆုံးနည်းလမ်းလို့ ယူဆတာတွေကို ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူဟာ မိမိသာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

"သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ" သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း


"သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ" သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း  

AddThis Social Bookmark Button
Biweeklyeleven-1-march16
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟီဒေါ တက္ကသိုလ်၌ မတ်လ ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းတို့ထဲတွင် ဒေါက်တာအေးချမ်းလည်း ပါဝင်ရာ ၎င်းအား ရခိုင်သမိုင်း၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့်
စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - ဒီပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ပြောသွားတဲ့အထဲမှာ ရခိုင်တွေဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတယ်။ ဒါပေမယ်လို့ လက်ရှိအခြေအနေမှာ ရခိုင်သမိုင်းဟာ ခိုးခံရမယ့် အခြေအနေတစ်ခု ရောက်နေတယ်ဆိုပြီး ပြောသွားပါတယ်။ ဥပမာဆိုရင် မြောက်ဦးမြို့မှာရှိတဲ့ ရှစ်သောင်းပုထိုးတော်ကြီးကို တောင်ဗလီဆိုပြီး ပြောဆိုလာတဲ့အထိ သမိုင်းကို ခိုးယူလာတာ တွေ့ရပါတယ်ဆိုပြီး ပြောပါတယ်။ ဒီလိုပြောဆိုလာတာနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ သဘောထားကို သိလိုပါတယ်။
ဖြေ - အဲဒါအမှန်ပါပဲ။ မြောက်ဦးမြို့တော်ကို ၁၇၈၅ ခုနှစ် ဇန်န၀ါရီလ ၂ ရက်မှာ သိမ်းပြီးတဲ့ အခါကျတော့ နန်းတော်ထဲမှာ သိမ်းထားတဲ့ ဘုရင်ရဲ့ ရွှေတိုက်မှတ်တမ်း မှတ်ရာတွေ ထားတဲ့ထဲက အကုန်လုံး အမရပူရကို
သယ်ဆောင်သွားပါတယ်။ မသယ်ဆောင်နိုင်တဲ့ ဟာတွေကို အကုန်မီးရှို့ပစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရခိုင်မှတ်တမ်းကို လေ့လာတဲ့အခါ တော်တော်လေး အထောက်အထားတွေက အားနည်းနေတယ်။ အဲဒါ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ကျွန်တော်နဲ့အတူ စကားပြောသွားတဲ့ ပါမောက္ခနှစ်ယောက်က ဆိုရင်တော့ ရခိုင်ရာဇ၀င်၊ ရခိုင်ကျောက်စာတို့ကို လေ့လာထားတယ်၊ မြန်မာစာတွေ ကိုလည်း သေသေချာချာ လေ့လာ ထားတဲ့အတွက် သူတို့က ဥရောပ အထောက်အထားတွေနဲ့ ပေါ်တူဂီတို့၊ ဒက်ခ်ျတို့ အထောက်အထားတွေ အားကိုးပြီးတော့ မြောက်ဦးခေတ်သမိုင်းကို သုတေသနပြုနိုင်တဲ့သူ တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကျေးဇူးကြီးတယ်လို့ ပြောချင်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။