Sunday, February 10, 2013

ပါတီများ အင်အား လိုအပ်ပါလျှင်.......


ပါတီများ အင်အား လိုအပ်ပါလျှင်.......

ကမ္ဘာ့နိုင်ငံတိုင်းတွင် ၀န်ထမ်းများရှိပါသည်.....။
ဝန်ထမ်းများဆိုရာတွင် အင်းအားအကြီးဆုံး စည်းစနစ်အကျဆုံးနှင့် အသက်ပေး၍တာဝန်ထမ်းဆောင်သည် အထိ အမိန့်အတိုင်းဆောင် ရွက်တတ်သော ၀န်ထမ်းများသည် စစ်သားများ ဖြစ်ပါသည်...။
နိုင်ငံတိုင်းတွင် တပ်မတော်ရှိပါသည်.....။
တစ်ချို့နိုင်ငံများတွင် အချိန်ပြည့်စစ်မှုထမ်း၊ တစ်ချို့နိုင်ငံများတွင် အချိန်ပိုင်း စစ်မှုထမ်း... တစ်ချို့နိုင်ငံများတွင် မိမိဆန္ဒအလျောက် စစ်မှုထမ်းဆောင်ရပြီး အချို့နိုင်ငံများတွင် ဥပဒေအရ စစ်မှုထမ်းကြရပါသည်....။
စစ်တပ်အင်အားအကြီးအသေးနှင့် ခေတ်မီခြင်း မမီခြင်း.....၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုများ ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုများသည် ထိုစစ်တပ်ကို ပိုင်ဆိုင်သော နိုင်ငံကို ကိုယ်စားပြုပါသည်.....။
တစ်နည်းအားဖြင့် စစ်တပ်၏အရှိန်အ၀ါသည် တိုင်းပြည်၏ အရှိန်အ၀ါပင်ဖြစ်ပါသည်။
စစ်သားသည်လည်း နိုင်ငံသားတစ်ဦးသာ ဖြစ်ပါသည်...။
စစ်သားများလည်း မိမိဆန္ဒအလျောက် မဲပေးပိုင်ခွင့်ရှိပါသည်....။

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ




ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ 

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

ငြိမ်းချမ်းရေးလော- ဇယားရွှေ့ ခြင်းလော- ခွင်ဖန်ခြင်းလော


ငြိမ်းချမ်းရေးလော- ဇယားရွှေ့ ခြင်းလော- ခွင်ဖန်ခြင်းလော 

by Myat Thi Ha on Sunday, February 10, 2013 at 1:27pm ·
မာတလိ (မဲဆောက်)
-၁၁- ၂ -၂၀၁၃
" ငြိမ်းချမ်းရေး ဆိုတာ- ဘာလဲဗျာ ၊ ရှင်းရှင်းပြောရရင် သူတို့ပဲ ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ပြီး မြို့ ပေါ်တက် သေနတ်တွေ တကားကားနဲ့ စီးပွါးရေးတွေ လုပ်လိုက်ကြ၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ ကြီးတွေမှာ တက်ပြီး သောက်စား ပျော်ပါးလိုက်ကြ၊ အဝေမတည့် -မပြေလည်တော့ စစ်ပြန် တိုက်လိုက်ကြ လုပ်နေတာ၊ တိုင်းရင်းသား ပြည်သူတွေက မြေဇာပင် ဖြစ်နေကြရတာ " လို့ ထုတ်ဖော်ပြောဆိုတယ်။
သမိုင်း တကျော့ ပြန်တယ်ပဲ ဆိုရမလား၊ သံသရာ တပတ်လည်တယ်ဆိုရမလား၊ အဟောင်းက အသစ် တဖန် ပြန်ဖြစ်တတ်တယ် ပြောရမလား၊ တချိန်တုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ပြောခဲ့ ဆိုခဲ့၊ လုပ်ကိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး စကား၊ ငြိမ်းချမ်းရေး အသံ တွေဟာ မြန်မာပြည် ခေတ်စားနေတဲ့ အချိန် ကာလ ဖြစ်တယ်။
ငြိမ်းချမ်းရေး စကားမှ ခုချိန်မှာ မပြောရင် နှလုံးသား မဲ့တဲ့ လူသား တယောက်လို ဖြစ်နေတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။