Wednesday, January 30, 2013

အောက်ခြေမှ ပါဝင်ရေးဆွဲသည့် စာနယ်ဇင်း ဥပဒေ ပေါ်ထွက်လာတော့မည်လား


အောက်ခြေမှ ပါဝင်ရေးဆွဲသည့် စာနယ်ဇင်း ဥပဒေ ပေါ်ထွက်လာတော့မည်လား 

ရန်ကုန်မြို့ရှိ ဂျာနယ်အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၀၁၂ တွင် စတင် ပေါ်ပေါက်လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်၏။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်း လောကအား ချုပ်ချယ်၊ စီးနင်း၊ လွှမ်းမိုးထားသော စာပေစိစစ်ရေးကို ဖျက်သိမ်းကာ၊ စာနယ်ဇင်း ကောင်စီ ဟူ၍ ထားရှိမည် ဆိုပြီး အမည်စာရင်းများ ထုတ်ပြန်သောအခါ လက်ရှိ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်းများက တခဲနက် ကန့်ကွက်ခဲ့ကြ၏။ မိမိတို့ကိုယ်တိုင် မသိရှိလိုက်ရဘဲ ကောင်စီထဲ ပါနေခဲ့သူတချို့နှင့် ပြည်သူ မနှစ်မြို့သည်ကို လက်မခံ လိုသော ပုဂ္ဂိုလ်များက ကောင်စီမှ နုတ်ထွက်ခဲ့ကြသည်။ ဤသည်ကား ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးမှုပင်ဖြစ်၏။

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း


Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း 
Written by   
Wednesday, 30 January 2013 14:52
AddThis Social Bookmark Button
w1-30-1-8
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများအား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက်တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။