Wednesday, August 1, 2012

ဂျပန်လွှတ်တော်ကို ၀န်းရံပြီး နျူကလီးယား ဆန့်ကျင်ရေး ဆန္ဒပြ


ဂျပန်လွှတ်တော်ကို ၀န်းရံပြီး နျူကလီးယား ဆန့်ကျင်ရေး ဆန္ဒပြ

Thursday, 02 August 2012 00:12
ဂျပန်လွှတ်တော်ရှေ့တွင် ဇူလိုင်လ ၂၉ ရက်က နျူဆန့်ကျင်ရေး ဆန္ဒပြနေစဉ် Photo:AFP
ဂျပန်တွင် နျူကလီးယားစွမ်း အင်သုံးစွဲမှု ဆန့်ကျင်ရေးအတွက် လူထောင်ပေါင်းများစွာသည် လက်ချင်းချိတ်ဆက်၍ ဇူလိုင်လ ၂၉ ရက်နေ့က လွှတ်တော်ကိုဝန်းရံကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဖူကူရှီးမား နျူပြဿနာ ဖြစ်ပွားပြီးနောက် ဂျပန်ဝန်ကြီးချုပ်နိုဒါသည် ဇွန်လအတွင်းက နျူဓာတ်ပေါင်းဖိုနှစ်ခုကို ပြန်လည်ဖွင့်လှစ်ပေးရန် ခွင့်ပြုခဲ့ပြီးနောက် နောက်ဆုံးပြုလုပ်ခဲ့သော လူထောင်ပေါင်းများစွာပါသည့် ဆန္ဒပြပွဲတစ်ခုလည်း ဖြစ်သည်။
ယမန်နှစ် နျူပြဿနာဖြစ်ပွား ပြီးနောက် ဂျပန်တွင် နျူဓာတ်ပေါင်းဖို ၅၀ လုံးအား ပိတ်ခဲ့ရသောကြောင့် စွမ်းအင်ရှားပါးသော ဂျပန်တွင် လျပ်စစ်မီး လျော့နည်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဇူလိုင်လ ၃၀ ရက်ဆန္ဒပြပွဲတွင် တိုကျို၊ ဟိုကိုင်းဒိုး၊ နာဂါနိုနှင့် အိုဆာကာမှ လူထောင်ပေါင်းများစွာတို့သည် ဘတ်(စ်)ကားများဖြင့် လာရောက်ပြီး တိုကျိုမြို့တော်တစ် လျှောက်ဖြတ်လျှောက်ချီတက်ခဲ့ပြီးနောက် လွှတ်တော်ကိုဝိုင်းကာ ဆန္ဒ ပြခဲ့ကြသည်။

ယခုလအစောပိုင်းကလည်း တိုကျိုအနောက်ပိုင်းတွင် လူအင်အား ၁၇၀၀၀ ပါဝင်သော ဆန္ဒပြပွဲတစ်ခုကို ၀န်ကြီးချုပ်နေအိမ်အပြင်ဘက်တွင် ပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးက နျူစွမ်းအင်ကို နည်းပညာဖြင့် ထိန်းချူပ်နိုင်မည်ဟူသော အထင်သည် မိမိကိုယ်ကို အထင်ကြီးခြင်းသက်သက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။        
Ref:AFP

ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း ယခင်အစိုးရ လက်ထက်ခွင့်ပြုပြီး ဆိပ်ခံတံတားများမှ အပ ဆိပ်ခံတံတားသစ်များ ထပ်မံတည်ဆောက်ခွင့် မပြုတော့ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား ဆိပ်ခံတံတားသစ် တည်ဆောက်လိုပါက သီလ၀ါဆိပ်ကမ်း ဒေသတွင်သာ ခွင့်ပြုပေးသွားမည်ဟုဆို


ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း ယခင်အစိုးရ လက်ထက်ခွင့်ပြုပြီး ဆိပ်ခံတံတားများမှ အပ ဆိပ်ခံတံတားသစ်များ ထပ်မံတည်ဆောက်ခွင့် မပြုတော့ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား ဆိပ်ခံတံတားသစ် တည်ဆောက်လိုပါက သီလ၀ါဆိပ်ကမ်း ဒေသတွင်သာ ခွင့်ပြုပေးသွားမည်ဟုဆို  
Wednesday, 01 August 2012 13:32
5181
ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းပြမြေပုံ
ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း ယခင်အစိုးရ လက်ထက်ခွင့်ပြုပြီး ဆိပ်ခံတံတားများမှအပ ဆိပ်ခံတံတားသစ်များအား ထပ်မံ တည်ဆောက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၂၉ ရက်နေ့ က ပြောကြားခဲ့ပါသည်။
“အရင်အစိုးရလက်ထက် ခွင့်ပြုပြီးဆိပ်ခံတံတားတွေကိုပဲ တည်ဆောက်ခွင့်ပေးသွားမယ်။ နောက်ထပ် တည်ဆောက်ချင်တဲ့ ဆိပ်ကမ်း အားလုံးကို သီလ၀ါကိုပို့မယ်၊၊ သီလ၀ါ မှာပဲ တည်ဆောက်ခွင့်ပြုသွားမယ်” ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် က ပြောကြားခဲ့သည်။
ယခင်အစိုးရလက်ထက် ဆိပ်ခံတံတား တည်ဆောက်ရန် ခွင့်ပြုပေးခဲ့သည့် မြေနေရာခုနစ်ခုရှိပြီး၊ မြန်မာ့ စက်မှုဆိပ်ကမ်း တိုးချဲ့မြေနေရာ(အလုံ သင်္ဘောကျင်း)၊ သိမ်ဖြူသင်္ဘောကျင်း မြေနေရာ၊ အလုံသစ်တောဝင်း အမှတ် ၁၊ ၂၊ ၃ မြေနေရာများ၊ ရွှေနာဝါဆိပ်ကမ်းနှင့် အေးရှားဝေါ ဆိပ်ကမ်းအမှတ် ၄ တံတားမြေနေရာတို့ ဖြစ်ပြီး၊  ယင်းမြေနေရာများတွင် ဆိပ်ခံတံတားသစ် ၁၄ စင်း ဆောက်လုပ် သွားမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း ရှိ ပင်လယ်ကူး သင်္ဘောကြီးများဆိုက်ကပ်နိုင်သော အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ၁၈ခုရှိပြီး၊ ယင်းတို့မှာ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေ အမှတ် ၁ မှ၇ အထိ၊  ဗိုလ်အောင်ကျော် ၁မှ၃ထိ ဆိပ်ခံတံတားများ၊ ထီးတန်းဆီတင်ချတံတား၊ Htedan Port Terminal  အမှတ်၂၊  ၃တံတားများဖြစ်ပြီး၊ D.W.T ၁၅၀၀ အလျား၁၆၇မီတာ၊ ရေစူး ၉မီတာ ရှိ သင်္ဘောကြီးများ ဆိုက်ကပ် နိုင်ကြောင်း သိရသည်။
သီလ၀ါဆပ်ကမ်းတွင်အလျား ၂၀၀ မီတာ၊ ရေစူး ၉ မီတာနှင့် တန်ချိန် ၂၀၀၀၀ D.W.T ရှိသော သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် MIP ဆိပ်ခံတံတား တစ်စင်းနှင့် MITT ဆိပ်ခံတံတားငါးစင်းရှိကြောင်း သိရသည်။
အဆိုပါ ဆိပ်ခံတံတားများ တည်ဆောက်ရာတွင် ရန်ကုန်မြစ်၏ သဘာဝနှင့် ကိုက်ညီစေရေး၊ ဆိပ်ကမ်းတံတားများနှင့် ပတ်သက် ဆက်နွယ်ကာ သဘာဝပတ်ဝန်းကျင် အပေါ်ဆိုးကျိုးများနှင့် ထိခိုက်မှုများ မဖြစ်စေရေး၊ ဆိပ်ခံတံတားနှင့် တံတားဝင်းများကို တည်ဆောက်ရာတွင် လိုအပ်သည့် အင်္ဂါရပ်များနှင့် အညီတည်ဆောက်ရန် စီစဉ်သွားမည်ဟု သိရသည်။

အင်္ဂလိပ် မဟာမိတ်တပ်များက စစ်ခုံတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်ချမှတ်ခဲ့သည့် နေရာဖြစ်သော ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား နိုင်ငံတကာသို့ ထုတ်လွှင့်ပြသရန် ဂျပန် TBS မှလာရောက်ရိုက်ကူး


အင်္ဂလိပ် မဟာမိတ်တပ်များက စစ်ခုံတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်ချမှတ်ခဲ့သည့် နေရာဖြစ်သော ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား နိုင်ငံတကာသို့ ထုတ်လွှင့်ပြသရန် ဂျပန် TBS မှလာရောက်ရိုက်ကူး  

Wednesday, 01 August 2012 13:55
5182
ဂျပန် TBS မှ ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား ရိုက်ကူးမှုပြုလုပ်ခဲ့မှုများ တွေ့ရစဉ်
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နောက်ပိုင်း ၁၉၄၆ ခုနှစ်က အင်္ဂလိပ်မဟာတပ်များက စစ်ခုံးတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်အမိန့်ချမှတ်ခဲ့သည့် နေရာဖြစ်သော ရန်ကုန်မြို့တော် ခန်းမ အပေါ်ဆုံးထပ်အား ဂျပန် ပြည်သူများနှင့် နိုင်ငံတကာသို့ အချိန် ၃ မိနစ်စာ သတင်းပုံစံမျိုးပြသရန် အတွက် ဂျပန် TBS (Tokyo Broadcasting Station) ဇူလိုင်လ ၂၇ ရက် နေ့တွင် လာရောက်ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
“TBS က သတင်းပုံစံမျိုး ၃ မိနစ်စာ ဂျပန်ပြည်သူနဲ့ နိုင်ငံတကာကို ပြသထုတ်လွှင့်ပြသဖို့အတွက်  လာရောက်ရိုက်ကူးတာ ဖြစ်ပါတယ်။ သူတို့က ပြန်ကြားရေးဝန်ကြီးဌာန က တစ်ဆင့် ဆက်သွယ်ပြီးလာတာပါ။ အဖွဲ့ကဂျပန် ၃ ပါပါတယ်။ JICA ကတစ်ဦး နဲ့ TBS က နှစ်ဦးပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဌာနမှူးဦးလှမြင့်ဆွေက ပြောပြခဲ့သည်။
5182a
အင်္ဂလိပ် မဟာမိတ်တပ်များ မြို့တော်ခန်းမ အပေါ်ဆုံးထပ်တွင်
စစ်ခုံတရားရုံးအဖြစ် အသုံးပြုခဲ့စဉ်
၁၉၄၄ ခုနှစ် ဇူလိုင်လအတွင်း က ဂျပန်တပ်မ ၃၃ မှ စစ်ဗိုလ် ၁၄ ဦးက မော်လမြိုင်မြို့မှ ၁၀ မိုင်ခန့် ကွာဝေးသော  ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းရွာရှိ ရွာသူရွာသားက ယင်းဒေသတွင် လှုပ်ရှားနေသော မြန်မာ့တော်လှန်ရေး ပျောက်ကျားတပ်သားများနှင့် ဗြိတိသျှလေထီး တပ်သားများကို အကူအညီပေးခဲ့သည်ဟု ဆိုကာ ရွာသား ၆၀၀ ကျော်ကို သတ်ခဲ့ပြီး အလောင်းများအား ရွာရှိရေ တွင်း ၂၁ တွင်းထဲသို့ ပစ်ချခဲ့ကြောင်း သိရသည်။ ထို့နောက် အင်္ဂလိပ်တပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ဂျပန်များသတ်ခဲ့သည့် ရွာသားများထဲမှ ထွက်ပြေးလွတ်မြောက် ခဲ့သူအချို့က ယင်းအဖြစ်အပျက်အား အင်္ဂလိပ်များအား ပြန်ပြောပြခဲ့ရာ အင်္ဂလိပ်တပ်တပ်များက ဂျပန်စစ်သား သုံ့ပန်းများအား ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ မည်သူများမှာ ရွာသူရွာသား ၆၀၀ ကျော်ကို သတ်ခဲ့သူများ ဖြစ်သည်ကို ရွာတွင် ကျန်ရှိသူများအား ကြည့်ခိုင်းကာ ရွေးချယ်စေခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ရွေးချယ်သည့်သူများထဲမှ စစ်ဗိုလ် ၄ ဦးကို သေဒဏ်နှင့် ကျန်ရှိသူများကို ထောင်ဒဏ်ချခဲ့သည့် အမိန့် ကို ရန်ကုန်မြို့တော်ခန်းမအပေါ် ဆုံးထပ်ရှိ စစ်ခုံတရားရုံးတွင် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် ဂျပန်စစ်တပ် များက ရေတွင်းကုန်းရွာရှိ ရွာသူရွာသားများအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းတို့၏အမှားများကို သိရှိကာ ရွာတွင် မူလတန်းကျောင်း ဆောက်လုပ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ TBS က ဇူလိုင်လ ၂၄ ရက် နေ့နှင့် ၂၅ ရက်နေ့တို့တွင် ရေတွင်းကုန်းရွာသို့ သွားရောက် ရိုက်ကူးခဲ့သည်ဟု သိရသည်။             
Comments 
 
+1 #2 yemaykyi 2012-08-02 09:55
သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် အနည်းနဲ့အများ ပြန်ပေးဆပ်တာဆိုလို့ ဂျပန်လူမျိုးတွေလောက်ပဲ ရှိမယ်ထင်ပါတယ်။ အရင်စစ်အစိုးရ နဲ့ ပလဲပနံသင့်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကရော..။ သူတို့ လုပ်ရပ်ကြောင့် အခုလို ပြည်သူတွေနစ်နာခဲ့တယ်ဆိုတာ သိရင် အခု ဂျပန်တွေလုပ်သလိုမျိုး ပြန်လည် ပေးဆပ်နိုင်ကြပါ့မလား။ အကူအညီတွေ ပေးပါ့မလား။
 
+42 #1 Yangon Darr 2012-08-01 22:50
ဒီသမိုင်း တို့တွေတောင် မသိရပါလားဟ :cry:

တံငါနားနီး တံငါ


တံငါနားနီး တံငါ 

Written by နီမင်းဆွေ  
Wednesday, 01 August 2012 16:05
'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့် ကိုယ်ကိုယ်ခိုင်းရမယ်၊ အဲဒီလိုမှမခိုင်း ခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်း တာတွေကို လုပ်ပေးရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမ စကားလေးကို ပြန်သတိ ရ ပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့် စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို ရောက်သွားလိမ့်မယ်လို့ လည်း ဖြည့် စွက်ပြီး စဉ်းစားနေမိပါတယ်။ ငယ်ရွယ်စဉ်ဘ၀မှာ လူဟာ ကိုယ့်ကိုဘယ်သူခိုင်းခိုင်းလုပ်ပေး နိုင်ပါတယ်။ စိတ်ညစ်စရာတွေ ဘယ်လောက်ပဲ တွေ့တွေ့ခံနိုင်ရည် ရှိပါတယ်။ ကြီးလာရင်တော့ ကိုယ့် ကိုသူများပဲ ခိုင်းခိုင်းကိုယ့်ဟာကိုယ်ပဲ ပြန်ခိုင်းခိုင်းလုပ်နိုင်မယ်မထင်တော့ ပါဘူး။ အဲဒီလိုကြီးလာမှ ကိုယ်ဖြစ် ချင်တာတွေအားလုံးဘာတစ်ခုမှ ဖြစ် မလာတော့ဘဲကိုယ်မဖြစ်ချင်တာတွေ ချည်းပဲ ဖြစ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လူဖြစ်ရကျိုးနပ် တယ်လို့လည်း ထင်မှာမဟုတ်တော့ ပါဘူး။ 
ဒီလိုအတွေးတွေ ၀င်လာရတာကလည်း မျက်စိအောက်မှာ ခုခေတ်တချို့လူငယ်တွေ ဘာတွေ လုပ်နေကြသလဲဆိုတာကို မြင်တွေ့နေရလို့ ဖြစ်တယ်။ ဒီတော့ အဲဒီလူငယ်တွေကြီး လာတဲ့အခါ အောင်မြင်တဲ့လူသား တစ်ယောက်ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်တဲ့ လူသားတစ်ယောက် ဖြစ်လာစေဖို့ သူတို့ကို ဘယ်လို အတွေးအခေါ်မျိုးတွေ ပေးနိုင်မလဲ တစ်နိုင်ငံလုံးမှာရှိတဲ့ မိဘပြည်သူ တွေအနေနဲ့ကရော ဘာတွေလုပ်ပေး ပြီး ဘာတွေရှောင်ကြဉ်သင့်ကြသလဲ ဆိုတာကို စဉ်းစားလာရပါတော့တယ်။
ဒီအတွေးကြောင့် လွန်ခဲ့တဲ့ ၁၇ နှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို ရောက်သွားစဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးကို ပြန်သတိရမိပါတယ်။ ဂျကာတာကို ရောက်တဲ့ ညက ခရီးပန်းပြီးမောမောနဲ့ ဟိုတယ်မှာ အစောကြီး အိပ်ပျော်သွားခဲ့ပါ တယ်။ မနက်၂ နာရီလောက် တစ်ရေးနိုးတော့ ဘာရယ်မဟုတ်ဘူး ဟိုတယ်ပြတင်းပေါက်ကို ဖွင့်လိုက်မိတယ်။ အဲဒီမှာ 'ဒိန့်.ဒိန့်.. ဒိန့်.ဒိန့်..'နဲ့ ခပ် အုပ်အုပ်အသံတွေကို မြို့ထဲဘက်ဆီက ကြားနေရတယ်။ ကိုယ့်ဟိုတယ်အခန်းက အထပ်အမြင့်ကြီးမို့ တစ်မြို့လုံးကို အပေါ်စီးက မြင်နေရပေမယ့် အသံလာနေတဲ့နေရာကိုတော့ မတွေ့ရဘူး။ အသံတွေကလည်း တစ်နေရာထဲက လာနေတဲ့အသံတွေ မဟုတ်ဘူး။ လေးငါးနေရာလောက်က လာနေတဲ့အသံတွေ ဖြစ်တယ်။ ဘာသံတွေဖြစ်မလဲဆိုတာ သေသေချာချာ စဉ်းစားမရဘဲ အိပ်ရာထဲပြန်ဝင်ခဲ့ပါတယ်။
မနက်လင်းတော့ အောက်စောစောဆင်း နံနက်စာစားပြီး အခန်းထဲကို ပြန်တက်လာခဲ့တယ်။ မနက် ၈နာရီတောင် ကျော်နေလောက်ပါပြီ။ အဲဒါညတုန်းက ကြားခဲ့ရတဲ့အသံတွေကို သတိရလို့ အခန်းပြတင်းပေါက်ကို ဖွင့်လိုက်မိပါတယ်။ အဲဒီအခါမှာ မြို့ကြီးတစ်မြို့လုံး ဆိတ်ငြိမ်နေပြီး ဘာသံမှမကြားရတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။ လမ်းတွေပေါ်မှာလည်း ကားတွေရှင်းနေပြီး တစ်စီးစ နှစ်စီးစလောက်ပဲတွေ့ရလို့ အတော် အံ့သြသွားမိပါတယ်။
ဒါနဲ့ နေ့ လယ်ကျတော့ ကိုယ့် အင်ဒိုမိတ်ဆွေကို အဲဒါတွေက ဘယ်လိုဖြစ်ရတာလဲလို့ မေးကြည့်မိတယ်။ အဲဒီအခါကျမှ သူကအကျိုးအကြောင်း ပြန်ပြောပြတော့တာကိုး။ အမှန်ကတော့ တစ်ညလုံးဖွင့်တဲ့ nightclub တွေမှာ မိုးလင်းကာ နီးထိအောင်ကနေကြပြီး၊ မနက် ရောက်တော့ တစ်မြို့လုံးဘယ်သူမှ မထဘဲ အိပ်နေကြတာဖြစ်တယ်။ အဲ့ဒီနေ့ညဟာ သောကြာနေ့ ညလား စနေနေ့ ညလား အသေအချာတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက ဒီအဖြစ်ကို အံ့သြနားမလည်မိတဲ့ မြန်မာလူမျိုးတစ်ယောက်ကို အပြစ်တင်ဖို့တော့လည်း မသင့်ဘူးလို့ ထင်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၁၉၉၄ခုနစ်လောက်တုန်းက မနက်၂နာရီထိုးတဲ့အထိ တဒိန့်ဒိန့်နဲ့ ကကြတဲ့ night club မျိုးတွေကိုယ့် နိုင်ငံမှာ ရှိမှ မရှိသေးဘဲဟာကိုး။

'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ခိုင်းရမယ်၊ အဲဒီလိုမှ မခိုင်းခဲ့ရင် ကြီးလာတဲ့အခါ သူများခိုင်းတာတွေကို လုပ်ပေးရတဲ့ ဘ၀ကို ရောက်သွားလိမ့်မယ်'လို့ ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမစကားလေးကို ပြန်သတိရပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို . . .

နေ့လယ်ပိုင်းမြို့ထဲကို လျှောက်လည်တော့တွေ့လိုက်ရတဲ့ အင်ဒို မိန်းမငယ်လေးတွေထဲက ၁၀ယောက်မှာ ၈ယောက်လောက်က ဘောင်းဘီတိုလေးတွေ ၀တ်ထားတာကို တွေ့ရပါတယ်။ ခုခေတ်မိန်းကလေးတွေ ဘောင်းဘီတိုဝတ်တာများ ဘာဆန်း တာလိုက်လို့ ပြောစရာရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာတော့ တကယ်ဆန်းတာပါလို့ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဝတ်ထားတဲ့ ဘောင်းဘီတိုလေးတွေက ကိုယ်တို့ဆီက ယောက်ျားလေးတွေဝတ်တဲ့ အတွင်းခံဘောင်းဘီထက် လက်နှစ် လုံးလောက်ပဲ ပိုရှည်လို့ဖြစ်ပါတယ်။

အဲဒီခရီးစဉ်က ပြန်လာပြီး နောက်နှစ်နှစ်လောက်အကြာမှာ ဂျပန်ကိုတစ်ခါ ရောက်သွားပြန်ပါတယ်။ ဂျပန်မလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့များ တွေ့ရမလားဆိုတဲ့ စူးစမ်းစိတ်နဲ့ ကြည့်မိပါတယ်။ အဲဒီမှာတွေ့ရတဲ့ ဂျပန်မလေးတွေကတော့ အင်ဒိုက မိန်းကလေးတွေဝတ်တဲ့ တိုနန့်နန့် ဘောင်းဘီတိုမျိုးကို ၀တ်တဲ့မိန်းကလေးဆိုလို့ တစ်ရာမှာ တစ်ယောက်တောင် မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အံ့သြရတာကတော့ အံ့သြရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ coffee shop တွေမှာထိုင်နေကြတဲ့ အသက် ၁၇ နှစ် ၁၈ နှစ်အရွယ် ဂျပန်မလေးတွေဟာ စီးကရက်တွေကို ကြောက်ခမန်းလိလိ သောက်နေကြလို့ပါပဲ။ မိန်းကလေး သုံးလေးယောက်လောက် စုထိုင်နေတဲ့ စားပွဲအလယ်က ဆေးလိပ်ခွက်ထဲမှာ စီးကရက်တိုမရှိဘူးဆိုရင် အနည်းဆုံး သုံးဆယ်လေးဆယ်လောက်တော့ အသာလေးရှိနေတာကို တွေ့ရပါတယ်။ ဆေးလိပ်တိုတွေ ဆေးလိပ်ခွက်ပေါ်ကနေ လျံကျနေပုံကလည်း အကျည်းတန်လွန်းလှပါတယ်။
ဒါနဲ့ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုပြီး ကိုယ့်ဂျပန်မိတ်ဆွေကို မေးကြည့်တော့ ဒါဟာဝိတ်ကျမယ်ထင်လို့ သောက်ကြတာလည်း ပါတယ်၊ ဒါပေမယ့် အဓိကကတော့ ဒါဟာဖက်ရှင်တစ်ခုဖြစ်နေလို့ သောက်ကြ တာပါပဲလို့ ဆိုပါတယ်။ ဖက်ရှင်ဆိုတော့ လိုက်မသောက်ရင် ကိုယ်လည်းပဲ ခေတ်မမီဘဲ တောကျတဲ့ပုံစံမျိုးကြီး ဖြစ်နေမှာစိုးလို့ လိုက်သောက်တဲ့ သဘောပါပဲ။ ဖြူဖြူဖွေးဖွေး ဂျပန်မလေးတွေရဲ့ နှုတ်ခမ်းလေးတွေဟာ ဆေးလိပ်ချိုးစွဲပြီး အညိုရောင်တောင် သန်းနေကြပါပြီ။ 
နောက် ၁၂ နှစ်အကြာမှာတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ရိယာဒ်မြို့ကို တစ်ခါရောက်သွားပါတယ်။ အဲဒီနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေမှာ အလုပ်လုပ်ကြတဲ့ ယောက်ျားလေးတွေထဲက ၁၀ ယောက်မှာ ၉ ယောက်လောက်က ဖိလစ်ပိုင်လူမျိုး တွေ ဖြစ်နေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အခန်းထဲ တာဝန်နဲ့ရောက်လာတဲ့ အဲဒီဟိုတယ်ဝန်ထမ်းလေးတွေဟာ ကိုယ်နဲ့စကားလက်ဆုံကျသွားလေ့ရှိပါတယ်။ သူတို့က ကိုယ်နဲ့ စကားပြောတဲ့အခါ သူတို့နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိဘဆွေ မျိုးတွေအကြောင်း သိပ်ပြောပြချင်လေ့ရှိပြီး ကိုယ်ကလည်း အမြဲစိတ်ဝင်တစား နားထောင်ပေးတာကိုး။ ဒါ့ကြောင့် သူတို့လေးတွေဟာ ကိုယ်နဲ့ စကားပြောရတာကို အရမ်းသဘောကျကြပါတယ်။ တစ်ခါလာရင် အနည်းဆုံး ၅ မိနစ်လောက်တော့ စကားပြောဖြစ်လေ့ရှိတာပါပဲ။
တစ်ညမှာတော့ အဲဒီလိုစကားပြောနေတုန်း ဆူဆူညံညံအသံတွေကို အခန်းအပြင်ဘက်က ကြားလိုက်ရပါတယ်။ အခန်းတံခါးဖွင့်ပြီး အပြင်ထွက်ကြည့်လိုက်တော့ စကားပြောရင်း အော်ဟစ်ရယ်မောနေကြတဲ့ အသက် ၂၀ ကျော် အစိတ်အရွယ် မိန်းကလေးအယောက် ၂၀လောက်ကို တွေ့လိုက်ရပါတယ်။ အားလုံး ဂါဝန်တွေတကားကားနဲ့ပါ။ သူတို့ တည်းရမယ့်အခန်းထဲကို ၀င်ကာနီးမှာ တစ်ခန်းနဲ့ တစ်ခန်းလှမ်းအော် နောက်ပြောင်နေကြတာ ဖြစ်ပါတယ်။ ဒါနဲ့ခုနက ကိုယ့်မိတ်ဆွေဖိလစ်ပိုင် လူငယ်လေးကို 'ဟ.. ဘယ်သူတွေလဲဟ. ဘာတွေဖြစ်နေကြတာလဲ'လို့ မေးမိပါတယ်။ အဲဒီအခါကျမှ သူက 'ကျွန်တော်တို့နိုင်ငံက နာ့စ်မတွေလေ၊ ဆော်ဒီမှာ တာဝန် ထမ်းဆောင်တာ ၂နှစ်ပြည့်လို့ မနက်ဖြန် ဖိလစ်ပိုင်ပြန်ကြရတော့မှာမို့ ပျော်နေကြ တာ၊ အဲဒါမနက် လေယာဉ်ပေါ်တက်တာနဲ ၀တ်ရုံနက်တွေ မခြုံရတော့ဘူး၊ လွတ်ပြီကျွတ်ပြီဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ၀မ်းသာအားရ အော်ပြောနေကြတာ'လို့ ပြန်ပြောပါတယ်။ 
သူပြောတာမှန်ပါတယ်။ ဆော်ဒီမှာတော့ အင်္ဂလိပ်မရော အမေရိကန်မရော ဖိလစ်ပိုင်သူပါမကျန် ဘယ်နိုင်ငံသူဖြစ်ဖြစ် လမ်းပေါ်မှာ ၀တ်ရုံနက်ကို ခြေဆုံးခေါင်းဆုံးမရုံလို့ကတော့ တစ်ခါတည်း ဖမ်းချုပ်တာခံရမှာပါပဲ။ ဒီလောက်ပူအိုက်တဲ့ နိုင်ငံထဲမှာ ဒီဝတ်ရုံနက်ကြီး ရုံထားရတာ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဆင်ခြေပေးနေလို့ မရပါဘူး။ နိုင်ငံခြားသူဆိုရင်တော့ မရုံနိုင်ရင်အစကတည်းက မလာနဲ့ပါပဲ။
ပြောချင်တာကတော့ မိန်းကလေးတွေ အရွယ်တူပြီး ဘာကြောင့် ဒီလိုဓလေ့စရိုက်တွေ ကျင့်ကြံမှုတွေ ကွဲပြားခြားနားနေရတာလဲဆိုတာကို ပါပဲ။ ဒီအကြောင်းတွေပြောရင်း ကိုယ့်မိတ်ဆွတစ်ယောက် သူ့ငယ်စဉ်ဘ၀က သူကျင်လည်ခဲ့ဖူးတဲ့ ဘ၀ နဲ့ အခုလက်ရှိဘ၀မှာ သူကြုံတွေ့နေရတဲ့ စိတ်မချမ်းမြေ့စရာတွေအကြောင်း ကိုယ့်ကိုပြောပြခဲ့တာတွေကို သတိရသွားမိပါတယ်။
အသက် ၁၆ နှစ် ၁၇ နှစ် အရွယ်ငယ်ရွယ်စဉ်ဘ၀က ကိုယ့်မိတ်ဆွေဟာ သူ့ရဲ့မွေးရပ်မြို့လေးမှာ အဲဒီတုန်းကအခေါ်နဲ့ ပြောရရင် လမ်းသူရဲဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေနဲ့ သူ့သူငယ်ချင်း လမ်းသူရဲတစ်စုလူ ၂၀ လောက်ဟာ အားလုံးစက်ဘီး ကိုယ်စီ ရှိကြပါတယ်။ သူတို့ဟာ ဘာရယ်မဟုတ်ဘူး ညဘက် တစ်မြို့လုံး စက်ဘီးတွေနဲ့ လျှောက်ပတ်နေလေ့ရှိကြပါတယ်။ စားသောက်ဆိုင်တွေမှာ ရန်ကုန်တို့ မန္တလေးတို့ကလာတဲ့ လူစိမ်းတွေ ကိုတွေ့လို့ သူတို့မျက်စိထဲမှာ ထောင့်မကျိုးဘူးထင်ရင် အသားလွတ်သွားပြီး ရန်စကြရန်ဖြစ်ကြလို့ အချုပ်ခန်းထဲလည်း မကြာခဏ ရောက်ကြပါတယ်။ ညည ဘိလိယက်ခုံနဲ့ တွေ့ကရာကင်းတဲတွေမှာ အိပ်ကြပါတယ်။
ကိုယ့်မိတ်ဆွေ ကိုယ့်ကိုပြောချင်တာက လူငယ်တွေဟာ သူတို့ ဘ၀ကို သူတို့ ဂရုစိုက်ချင်ကြတာထက် ပတ်ဝန်းကျင်က သူတို့ကို ဘယ်လိုသဘောထားတယ် ဘယ်လိုဂရုပြုတယ်ဆိုတဲ့အပေါ်မှာ ပိုအရသာခံချင်ကြတယ် ဆိုတာကို ပြောချင်တာပါပဲ။ ကိုယ့်မိတ်ဆွေဟာ သူငယ်စဉ်တုန်းက'ဒီကောင်က လမ်းသူရဲ'လို့ သူများပြောတာကိုပဲ စိတ်ထဲမှာကျိတ်ပြီး အဟုတ်ထင်ကျေနပ်နေခဲ့မိတာကို အခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်မိတယ်လို့ ကိုယ့်ကိုပြောပြပါတယ်။ ပြဿနာက အမှားအမှန်ကို ခွဲခြားပြီး သူနားလည်အောင်ပြောပြပေးမယ့်သူ သူ့အနားမှာ ရှိမနေခဲ့ခြင်းပါပဲ။ သူများ night club တက်လို့ အဟုတ်ကြီးထင်ပြီး ဂုဏ်ယူချင်စိတ်ကြောင့် ကိုယ်လိုက် တက်တာ၊ သူများဘောင်းဘီတိုဝတ်လို့ ကိုယ့်ပေါင်အသားအရောင်နဲ့ လိုက်မှန်းမသိ မလိုက်မှန်းမသိ ကိုယ်လိုက်ဝတ်တာ၊ သူများစီးကရက်သောက်လို့ ကိုယ့်တစ်ကိုယ်လုံး အနံအစော်ခံ နှုတ်ခမ်းတွေ အပြာခံပြီး တစ်ရက်ကို စီးကရက် အလိပ် ၅၀ လောက် မကုန်ကုန်အောင် လိုက်သောက်တာတွေဟာ ပတ်ဝန်းကျင်က ကိုယ့်အပေါ် မြင်တဲ့အမြင်တွေအပေါ်မှာ လိုက်အရသာခံချင်လို့ လုပ်ကြတာဖြစ်တယ်လို့ ကိုယ့်မိတ်ဆွေက ဆိုပါတယ်။
ဆော်ဒီလိုနိုင်ငံမျိုးမှာ လူငယ်တွေ ဒီလိုမလုပ်အောင်ဥပဒေနဲ့ တားချင်ရင်တားလို့ ရနိုင်လောက်ပေမယ့် ကျန်တဲ့နိုင်ငံတွေမှာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ ချမ်းသာတဲ့ နိုင်ငံပဲဖြစ်ဖြစ် ဆင်းရဲတဲ့နိုင်ငံပဲ ဖြစ်ဖြစ် တာဝန်ရှိတဲ့ လူတွေရော ပြည်သူတွေကပါ ဒီလိုမျိုးကိစ္စတွေကို လျစ်လျူရှုပြီး မေ့နေကြမယ်ဆိုရင် ကလေးတွေဟာ အထိန်းမရှိတဲ့ ချည်ခင်လို လမ်းလွဲကို ရောက်သွားကြမှာပါပဲ။ 
ကိုယ့်မိတ်ဆွေဆက်ပြောတာက အခုကိုယ်တို့နိုင်ငံက တချို့စာသင်ကျောင်းတွေနားမှာသာမက ကိုယ့်ကျောင်းရှေ့က ၀န်ထမ်းသက်သာ အခန်းတွေမှာတောင် ဘီယာဆိုင်တွေ ဖွင့်ထားတာကိုတွေ့နေရတဲ့ အကြောင်းပါပဲ။ ကျောင်းဆင်းတဲ့ အခါတိုင်း ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေဟာဆိုင်ထဲမှာ ဘီယာသောက်နေတဲ့လူတွေကို  မမြင်ချင်မှအဆုံး နေ့စဉ်နဲ့အမျှ တွေ့နေရတယ်တဲ့။ ကိုယ့်မိတ်ဆွေပြောတာတွေ အများကြီးထဲက ဒီတစ်ခုတည်းပဲ ပြောပြချင်ပါတယ်။ တစ်ည လုံး တဒိန့်ဒိန့်ကိစ္စအကြောင်းတွေကိုတော့ ပြောမနေချင်တော့ပါဘူး။
လောကမှာ လူဟာ 'ဂေါဏေန ဂေါဏော သမဏေန သမဏော' ပါပဲ။ အထူးသဖြင့် လူ့ဝန်းကျင်ထဲ စ၀င်ကာစကလေးတွေရဲ့ ဘ၀မှာ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလို ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကလေးတွေရဲ့ စိတ်စရိုက်တွေလိုက် ပြောင်းလဲသွားလေ့ ရှိကြတာပါပဲ။ ဒါကြောင့်မို့ လူကြီးတွေဟာ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ လျစ်လျူရှုထားလို့ မဖြစ်တော့ပါဘူး။
ဒါ့ကြောင့် 'နိုင်ငံတစ်နိုင်ငံရဲ့ ပြုမူကျင့်ကြံပုံတွေဟာ ကလေးတွေရဲ့ အကျင့်စာရိတ္တကို ပျက်စီးယိုယွင်းစေတယ်ဆိုရင် အဓိကနစ်နာသူဟာ အဲဒီနိုင်ငံပဲဖြစ်လိမ့်မယ်'လို့ အမေရိကန် စာရေးဆရာမကြီး 'ပါးလ်အက်စ်ဘတ်'(Pearl S Buck)ပြောခဲ့တာလေး ကိုပဲ သတိရနေမိပါတော့တယ်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေလေးခုအတွင်း ပြည်တွင်းခရီးသွား ဆိပ်ကမ်း၊ ရေပေါ်ဟိုတယ်ဇုန်၊ ရှော့ပင်းစင်တာ၊ လေဟာပြင်ညဈေး၊ ဖျော်ဖြေရေးနှင့်ကလပ် အဆောက်အုံများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား


ရန်ကုန်ဆိပ်ကမ်း နယ်မြေလေးခုအတွင်း ပြည်တွင်းခရီးသွား ဆိပ်ကမ်း၊ ရေပေါ်ဟိုတယ်ဇုန်၊ ရှော့ပင်းစင်တာ၊ လေဟာပြင်ညဈေး၊ ဖျော်ဖြေရေးနှင့်ကလပ် အဆောက်အုံများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား 

Wednesday, 01 August 2012 14:36
5184
ရန်ကုန်ဆိပ်ကမ်းနယ်မြေကို ဇွန်လ ၃၀ ရက်နေ့က တွေ့မြင်ရစဉ်
ရန်ကုန်ဆိပ်ကမ်း နယ်မြေလေးခု အတွင်း ပြည်တွင်းခရီးသွားဆိပ်ကမ်း၊ ရေပေါ်ဟိုတယ်ဇုန်၊ ရှော့ပင်းစင်တာ၊ လေဟာပြင်ညဈေး၊ ဖျော်ဖြေရေးနှင့် ကလပ်အဆောက်အုံများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။
“ရန်ကုန်ဆိပ်ကမ်းနယ်မြေ တစ် ခုလုံးက အင်မတန်တန်ဖိုးကြီးတဲ့ နေရာဖြစ်တဲ့အတွက် River front View ဖြစ်အောင် လုပ်ဆောင်သွားမယ်။ ကွန်တိန်နာ သိုလှောင်လွင်ပြင်တွေ၊ ဆိပ်ခံတံတားတွေနဲ့ ကုန်တင်ကုန်ချလုပ်ငန်း သီးသန့်အတွက် မြေနေရာ အဖြစ်မခံတော့ပါဘူး။ Social & Commercial Sector  နေရာတစ်ခုဖြစ်အောင်ပဲ လုပ်ဆောင်သွားပါမယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဇူလိုင်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက် ရေးစီမံကန်းလျာထားချက်တွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်လေးခုအား လျာထားကြောင်းလည်း သိရသည်။
ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား)တွင် နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွားဆိပ်ကမ်း (Inland Port Terminal)အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်း တံတား အမှတ် ၁၊ ၂၊ ၃၊ ၄တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်ပြုပြင် တည်ဆောက်ခြင်း၊ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတား Modernized Passenger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းပါး ထိန်းရေကာတံတိုင်းအား မြစ်ဘက် သို့တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံ ဗောတံတားများအား အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်းနှင့်နောက်ခံ မြေပေါ် အပန်းဖြေအနားယူနိုင်ရေး နေရာများနှင့်ဆိုင်ခန်းများ တည် ဆောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လမ်းမတော်ကမ်းနားဒေသအား အဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကမ်းနားဟိုတယ်၊ သိုလှောင်ရုံများ၊ ဈေးဝယ်စင်တာများအား ထည့်သွင်းတည်ဆောက်ရန် လျာထားရေးဆွဲသွားမည်ဟု သိရသည်။
လက်ရှိအချိန်တွင် ဆူးလေဆိပ် ခံတံတားအမှတ် ၁ မှ ၇ အထိ တံ တားခုနစ်စင်းမှာ အထွေထွေကုန်စည် ကိုင်တွယ်နေသော တံတားများဖြစ်ပြီး၊ ယင်းတို့အနက်ဆူးလေအမှတ် ၁၊ ၂၊ ၃၊ ၄ ဆိပ်ခံတံတားများမှာ ၁၉၄၁ခုနှစ်ကတည်းက စတင်တည်ဆောက်အသုံးပြုခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့အစား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေကုန်တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် Upgrading and Renovation လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ကမ်းနားဒေသများတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် အချိန်ကာလလျာထားချက်
စဉ်   ဆောင်ရွက်မည့် အကြောင်းအရာ အချိန်ကာလ
၁   စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်ရန် ခွင့်ပြုချက်တောင်းခံခြင်း ၂၆-၇-၂၀၁၂ မှ ၃၁-၇-၂၀၁၂
ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ရှင်းလင်းခြင်း ၆-၈-၂၀၁၂ မှ ၁၀-၈-၂၀၁၂
စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တင်ဒါခေါ်ယူခြင်း     ၁၃-၈-၂၀၁၂ မှ ၁၇-၈-၂၀၁၂
တင်ဒါတင်သွင်းခြင်းနှင့် ဖွင့်ဖောက်စစ်ဆေးခြင်း    ၂၀-၁၀-၂၀၁၂ မှ ၂၆-၁၀-၂၀၁၂
တင်ဒါအောင်မြင်သော ကုမ္ပဏီများအား အတည်ပြုထုတ်ပြန်ခြင်း    ၂၉-၁၀-၂၀၁၂ မှ ၃၀-၁၁-၂၀၁၂
လုပ်ငန်းသဘောတူ စာချုပ်မူကြမ်း ညှိနှိုင်းရေးဆွဲခြင်းနှင့် အတည်ပြုချက်ရယူခြင်း     ၁-၁၂-၂၀၁၂ မှ ၃၁-၁၂-၂၀၁၂
ဝန်ကြီးဌာနနှင့် အထက်အဖွဲ့အစည်းများသို့ တင်ပြခွင့်ပြုချက်ရယူခြင်း ၁-၁-၂၀၁၃ မှ ၃၁-၁-၂၀၁၃
ရွေးချယ်ခံရသော ကုမ္ပဏီနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း       ၁-၂-၂၀၁၃ မှ ၁၅-၂-၂၀၁၃
အကြိုအင်ဂျင်နီယာ လုပ်ငန်းစတင်ခြင်းနှင့် လုပ်ငန်း အကောင်အထည်ဖော်ခြင်း       ၂၀၁၃  မှ  ၂၀၁၅
   
Comments 
 
+14 #2 Yangon Darr 2012-08-01 22:53
ဘယ်လိုပဲ တင်ဒါတွေခေါ်ခေါ် နောက်ဆုံး သူတို့တွေပဲ ရသွားကြမှာမလား...
ဆိပ်ကမ်းဆိုတော့ အေးရှားဝေါလ် တို့လို တရုတ်ကြီးတွေကတော့ မဖြစ်မနေ ပါပါလိမ့်မယ်...
 
+9 #1 Sat Nwe Kyaw 2012-08-01 15:12
Openness is the major issue for all process.

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။