Thursday, December 20, 2012

အမေရိကန် – မြန်မာ စစ်ဘက် ဆက်ဆံရေးကို ဘယ်လို မြင်သလဲ




အမေရိကန် – မြန်မာ စစ်ဘက် ဆက်ဆံရေးကို ဘယ်လို မြင်သလဲ 

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုတဲ့ အနေနဲ့ အမေရိကန် စစ်တပ်က မြန်မာ အရာရှိတွေကို သင်တန်းတွေ ပေးတော့မှာပါ။ သင်တန်းတွေကတော့ လူသေစေနိုင်တဲ့ စစ်ဘက် တိုက်ခိုက်
ရေး ဆိုင်ရာနဲ့ မပတ်သက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနည်း၊ စစ်ဘက် ဆိုင်ရာ ဆေးဝါး ကုသမှုနဲ့ ကာကွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တယ်လို့ သိရပါတယ်။ 
 နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံခရီးစဉ်နှင့် ဆက်စပ်ပြီး မြန့်မာ့ရေ ပိုင်နက် အနီးသို့ ရောက်ရှိခဲ့သည် အမေရိကန် ကမ်းတက် ရဟတ်ယဉ်တင်သင်္ဘော USS Bonhomme Richard (LHD-6) ပေါ်သို့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိကြီးများ သွားရောက်လည်ပတ်ခဲ့ကြစဉ် (ဓာတ်ပုံ – Myanmar Defence Weapons / Facebook) 

ဒီလို စစ်ရေး အရ ပူးပေါင်းပြီး သင်တန်း ပေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လကတည်းက သတင်းတွေ ထွက်ပေါ် ခဲ့တာပါ။

မီးလောင် ဒဏ်ရာရ သံဃာတစ်ပါး ဘန်ကောက် ဆေးရုံသို့ ထပ်မံ ပို့မည်ဟုဆို


မီးလောင် ဒဏ်ရာရ သံဃာတစ်ပါး ဘန်ကောက် ဆေးရုံသို့ ထပ်မံ ပို့မည်ဟုဆို 


The Voice Weekly , 20 December 2012  —-  ရန်ကုန်၊ ဒီဇင်ဘာ၁၈
မန္တလေး ပြည်သူ့ ဆေးရုံကြီးက ပြောင်းရွေ့ လာသည့် မီးလောင်ဒဏ်ရာ ပြင်းထန်သည့် သံဃာ လေးပါးအနက် အခြေအနေ အဆိုးဆုံး ဖြစ်သည့် အရှင် သဇ္ဖေန ကို ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆေးရုံကြီးသို့ ပို့ဆောင်ရန် နိုင်ငံကူး လက်မှတ်များ စီစဉ် နေကြောင်း မီးလောင် ဒဏ်ခံ သံဃာတော် များ အား ပြုစု စောင့်ရှောက် နေ သည့် အရှင် ဦးသုက The Voice Weekly သို့ မိန့်ကြားသည်။

လက်ပံတောင်းတောင်ဒေသခံများအတွက် အမေရိကန်ရှေ့နေက အခမဲ့အမှုလိုက်ပေးမည်



လက်ပံတောင်းတောင်ဒေသခံများအတွက် အမေရိကန်ရှေ့နေက အခမဲ့အမှုလိုက်ပေးမည်


Myitmakha Media Group, 20 December 2012  —– လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကွန်ယက် အဖွဲ့ဝင်များမှ  ဒေသခံပြည်သူများ   ကိုယ်စားတရားစွဲဆိုမည့် အမှု(၂)ခုအတွက် အမေရိကန်နိုင်ငံ ဥပဒေပညာရှင် ရော်ဂျာနော်မန်က အခမဲ့အမှုလိုက်ပေးမည်ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ဒေါ်လာ ၁၈၆ သန်းဖိုးခန့် သွင်း/ပို့ လက်မှတ်ရေးထိုး


တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ဒေါ်လာ ၁၈၆ သန်းဖိုးခန့် သွင်း/ပို့ လက်မှတ်ရေးထိုး 

တရုတ်-မြန်မာနယ်စပ်၊ကျယ်ဂေါင်မူဆယ်နယ်စပ်ဂိတ်တံခါးကိုတရုတ်မြို့ ကျယ်ဂေါင်ဖက်မှနေ၍ မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ရန်ကုန် (မဇ္ဈိမ) . ၁၉ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-  မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ် ကုန်စည်ပြပွဲတွင် ကုန်စည်များ တင်ပို့မှုနှင့် တင်သွင်းမှုတို့အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များ အသင်းတွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာကနေ ဂျပန်ကို ဆန်တင်ပို့မယ်


မြန်မာကနေ ဂျပန်ကို ဆန်တင်ပို့မယ်

ဆင်းသွယ်လတ်နဲ့ မှော်ဘီ ၂၊ နှစ်မျိုးကို တင်ဒါ စနစ် နဲ့ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဂျပန်ကို တင်ပို့မှာဖြစ်
BBC News, 19 December 2012  —-   မြန်မာ နိုင်ငံ ကနေ ဂျပန် နိုင်ငံကို ပထမဦးဆုံး အကြိမ် အဖြစ် ဆန် တင်ပို့နိုင် တော့မှာ  ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းက တွဲဖက် အတွင်း ရေးမှူး ဦးမျိုးသူရအေးက ဘီဘီစီကို ပြောပါတယ်။
အဲဒီလို တင်ပို့ ရာမှာ မြန်မာ နိုင်ငံမှာ စိုက်ပျိုးတဲ့ ဆင်းသွယ်လတ်နဲ့ မှော်ဘီ ၂၊ အမျိုး အစား များကို တင်ဒါ စနစ် နဲ့ ဝင်ရောက် ယှဉ်ပြိုင်ပြီး တင်ပို့ရမှာ ဖြစ်တယ်။

အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု


အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု 


VOA News, 19 December 2012  —- (မျက်မှောက်ရေးရာ/ သတင်းသုံးသပ်ချက်)
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေနှင့် လက်ရှိအစိုးရတို့အကြား နိုင်ငံရေးသဘောတူညီချက် ရရှိရေးဟာ အလှမ်းဝေးနေသေးတယ်လို့ အစိုးရကိုယ်စားလှယ်တွေနှင့် ဆွေးနွေးခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။

ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်


ကချင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်


VOA News, 19 December 2012  —-  မြန်မာစစ်တပ်နဲ့ ကချင်သူပုန်တွေကြား တိုက်ပွဲသတင်းတွေကြောင့် နုနယ်သေးတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှု အတွက် ပြည်တွင်း မှာရော နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်းမှာပါ စိုးရိမ်မှုတွေ တိုးပွားလာစေပါ တယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟာလည်း ကချင်ပြည်နယ်တွင်း အခြေအနေမှန်ကို သိရှိနိုင်ရေး အတွက် ကချင် ပြည်နယ်ကို ပထမဆုံး အကြိမ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။