Thursday, March 21, 2013

ပြင်ဆင်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ


ပြင်ဆင်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ


VOA News, 20March 2013  —-  (မျက်မှောက်ရေးရာ /သတင်းသုံးသပ်ချက်)  ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ကြဖို့ စဉ်းစားကြတဲ့အခါ တိုင်းရင်းသားတွေ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်ရေးဟာ အဓိကကျတဲ့အချက်တချက် ဖြစ်တယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာ က ပြောကြားလိုက်ပါတယ်။ KIO ဥက္ကဌဟောင်း ဒေါက်တာတူးဂျာနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်မှာ အဆိုတင်သွင်းလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြိုဆိုသလား။ သတိထား ကြိုဆိုသလား စသဖြင့် အကြမ်းမျဉ်းပြောပါ ဆရာ။
ဒေါက်တာတူးဂျာ ။ ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ဆိုတာကတော့ ကြိုဆိုသင့်ပါတယ်။ ပြင်ဆင်လိုအပ်တဲ့ ပုဒ်မတွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ ပြင်တယ်ဆိုတဲ့ နေရာမှာတော့ ဘယ်အဆင့်အထိ ပြင်မလဲဆိုတဲ့အပိုင်းကို စဉ်းစားကြရမယ်။ ဥပမာ ဒီမိုကရေစီကျကျ ဖြစ်စေချင်တယ်ဆိုချင်တော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ပုဒ်မတွေကို ဦးစားပေးပြီးတော့ ပြင်ရမယ်။ ဥပမာဆိုရင် စစ်တပ်က ၂၅ ရာခိုင်နှုန်းပါထားတဲ့ကိစ္စတွေ။ နောက်ပြီး ဖယ်ဒရယ် စံချိန်စံနှုန်းမှီအောင် ပြင်ကြမယ်ဆိုလို့ရှိရင်လည်း ဒါက ဖယ်ဒရယ်စနစ်ရဲ့  ပုံစံကိုကြည့်ပြီးတော့ လိုအပ်တာတွေကို ပြင်ရင်တော့။ နောက်တခုကတော့ အခြေခံဥပဒေကို လွယ်လွယ်နဲ့ ပြင်နိုင်အောင်လို့ ပြင်တဲ့နေရာမှာ အခက်ကြီးမဖြစ်အောင် ဒါကိုလည်း စဉ်းစားဖို့လိုတယ်။
ဦးကျော်ဇံသာ ။ ။ ပြင်ပုံပြင်နည်း။ အစတုန်းကတော့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ပြင်လို့ရနိုင်တယ်ဆိုတဲ့ ကိစ္စပြင်ဖို့လိုတယ်ဆိုတော့ အခု လွှတ်တော်မှာ မဲအများစုရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်တိုင်က ဒီကိစ္စကို ဦးဆောင်ဦးရွက်ပြုပြီးတော့ ဆွေးနွေးလာတယ်ဆိုတော့ ၇၅ ရာခိုင်နှုန်း ရနိုင်မယ့် အလားအလာတော့ မြင်ရပြီပေါ့ ဆရာ။
ဒေါက်တာတူးဂျာ ။ ။ အဲဒါ သူတို့အပေါ်မှာ ဒီပါတီအပေါ်မှာ မူတည်မယ်ထင်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ တကယ် ပြည်သူလူထုအကျိုးကို ဖြည့်နိုင်မှ ဒီအခြေခံဥပဒေကို ပြည်သူလူထု လက်ခံနိုင်တဲ့ ပုံစံဖြစ်လာအောင် စေတနာမှန်မှန်ကန်ကန်နဲ့ ပြင်မယ်ဆိုလို့ရှိရင် ပြင်လို့ရနိုင်တယ်လို့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ အခုနပြောခဲ့တဲ့အထဲမှာ အဓိက နှစ်ချက်ကတော့ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ကိစ္စကို ဆရာထောက်ပြပါတယ်။ နောက်တခုက တိုင်းရင်းသားကိစ္စ။ စစ်တပ်က အာဏာယူထားတဲ့ကိစ္စကို အရင်ပြောကြရအောင်ပါ ဆရာ။ အဲဒီကိစ္စကို ဘယ်လောက်ဖြစ်နိုင်ပါသလဲ။ ဒီတကြိမ်ပြင်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းကို သူတို့ ရုတ်သိမ်းမယ် ထင်ပါသလား။ နောက်တခုက အဲဒါထက် ပိုအရေးကြီးတာက တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ပေါ်ပေါက်တယ်ဆိုရင် စစ်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်မယ်ထင်ရင် သူကိုယ်တိုင် အာဏာသိမ်းယူနိုင်တယ်ဆိုတဲ့ အခွင့်အရေးတရပ်လည်း ပါနေပါတယ်။ ဒီ နှစ်ရပ်လုံးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့အနေနဲ့ တကယ် လှိုက်လှိုက်လဲလဲ ပြင်နေတယ် ထင်ပါသလား။ စစ်တပ်ကရော လက်ခံနိုင်မယ် ထင်ပသါလား။

တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀ဝ ကြောင့်ဟုဆို


တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀ဝ ကြောင့်ဟုဆို

ယာဘ စည်းများ (ဓါတ်ပုံ -အင်တာနက်)
သျှမ်းသံတော်ဆင့်သတင်းဌာန.  ၂၁ရက်နေ့ မတ်လ ၂၀၁၃  —-  ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။
“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့  ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော်  တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေက ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးကပြောပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရန် တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး


ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရန် တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး

AddThis Social Bookmark Button
general-7-march21
ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကျင့်သုံးရေးအတွက် ပင်လုံညီလာခံကဲ့သို့ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော ညီလာခံတစ်ရပ် ခေါ်ယူကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရန် လိုကြောင်း မတ်လ ၂၂ ရက်ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်းပြည်နယ်၊ ကယားပြည်) တွင် ဆွေးနွေးခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတို့ကို အကောင်အထည်ဖော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်၍ မရအောင် အဘက်ဘက်မှ တင်းကြပ်စွာ ပိတ်ပင်ထားကြောင်း၊ ဥပဒေပါအချက်များကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ရမည့် ပုဒ်မများမှာ များပြားလွန်းသောကြောင့် ထိုသို့ အသစ်ပြန်လည်ရေးဆွဲရန် ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
"တိုင်းရင်းသားလူမျိုးစုများ မျှော်လင့်တောင်းဆိုနေတဲ့ ပြည်ထောင်စုကြီးဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအစား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲ အစားထိုးရပါမယ်" ဟု SSPP/SSA နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲန်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအချို့ သြစတြေးလျ ရုပ်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၌ စစ်သံမှူး ထားရှိသွားမည်


သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအချို့ သြစတြေးလျ ရုပ်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၌ စစ်သံမှူး ထားရှိသွားမည်

AddThis Social Bookmark Button
Weeklyeleven-6-march18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်တို့အား သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပါလီမန်တွင် မတ် ၁၈ ရက်က တွေ့ရစဉ် (Photo:AFP)
သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာဂီးလက်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး၌ စစ်သံမှူး ထားရှိသွားမည်ဖြစ်ကြောင်း အေပီ၊ အေအက်ဖ်ပီ သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။
သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာဂီးလက်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြုကြောင်း၊ သြစတြေးလျနိုင်ငံ အနေနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးတွင် စစ်သံမှူး ထားရှိသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးတွင် စစ်သံမှူးအပြင် ကုန်သွယ်ရေးနှင့် စီးပွားရေးသံမှူး ခန့်ထားမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား၊ သမ္မတဖြစ်ပိုင်ခွင့်ဆိုင်ရာ ပြင်ဆင်ချက်နှင့် ပတ်သက်၍ တင်သွင်းလာပါက လက်ခံဆွေးနွေးမည်


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား၊ သမ္မတဖြစ်ပိုင်ခွင့်ဆိုင်ရာ ပြင်ဆင်ချက်နှင့် ပတ်သက်၍ တင်သွင်းလာပါက လက်ခံဆွေးနွေးမည်

AddThis Social Bookmark Button
w1-20-3-3
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်ဦး အဆိုတင်သွင်းနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်ကEleven Media Group ၏ မေးမြန်းချက်ကို မတ် ၁၈ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။
မတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ၀က်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း" အဆိုကို တင်သွင်းခဲ့သည်။ ၎င်းအဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ မရှိဘဲ အတည်ပြုခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က "ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်းနိုင်ဖို့က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော် နာယကဆီ ပို့ရမယ်။ ပြည်ထောင်စု လွှတ်တော်က ဒါကို အတည်ပြုလိုက်ပြီဆိုရင် ဒါက ဖွဲ့ရတော့မှာပဲ။ အဲတော့မှ ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့မယ်ဆိုတာ အမိန့်တွေ ထွက်လာမယ်။ ဖွဲ့ဖို့အတွက် အဆိုပြုတာဖြစ်တဲ့အတွက် စပြီးတော့ Action ယူနေပါပြီ"ဟု ပြောကြားခဲ့သည်။

တိုင်းရင်းသားများ တောင်းဆိုမှုအားလုံးကို လက်ခံဆွေးနွေးပေးမည်ဖြစ်ကြောင်း လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား


တိုင်းရင်းသားများ တောင်းဆိုမှုအားလုံးကို လက်ခံဆွေးနွေးပေးမည်ဖြစ်ကြောင်း လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား

AddThis Social Bookmark Button
Biweeklyeleven-10-march20
ဆွေးနွေးပွဲသို့တက်ရောက်လာသည့် SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်နှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များအားတွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲကို မတ် ၂၀ ရက်က ရှမ်းပြည်နယ် လားရှိုးမြို့၌ ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရနှင့် တိုင်းရင်းသားများအကြား အပြန်အလှန် ယုံကြည်မှုများနှင့် နားလည်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အင်အားများအဖြစ် ထည့်သွင်းစဉ်းစားပါက အပေါင်းလက္ခဏာဆောင်သော ရလဒ်များနှင် ညှိနှိုင်းအဖြေရှာမှုများ လုပ်ဆောင်နိုင်မည့် လမ်းကြောင်းပေါ်ကို ရောက်ရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။