Wednesday, March 13, 2013

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ မင်္ဂလာပါ - ကော်မရှင်


ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ မင်္ဂလာပါ - ကော်မရှင် 

လက်ပံတောင်း အစီရင်ခံစာနဲ့ပတ်သက်လို့ စာရေး ဆရာ ဦးကျော်ဝင်းရဲ့ သုံးသပ်ချက် ဆောင်းပါးတခုပါ။ 
ဂိမ်းသီအိုရီ
အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင် ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက် များနှင့်အတူ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြ သည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက် များကို ဖော်ပြလိုက်ပါသည်။
အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ် စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်း သိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြု သည်။ ကော်မရှင် ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းခရီး ဆန္ဒပြမှုနှင့် ကြုံ


ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းခရီး ဆန္ဒပြမှုနှင့် ကြုံ 

ဒုန်းတောရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဒေသခံများကို ရှင်းလင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မတ်လ ၁၃ ရက် စီမံကိန်းတည်ရှိရာ အနီးတဝိုက်ရှိ ဒေသခံများနှင့်တွေ့ဆုံပြီး ယမန်နေ့က ထုတ်ပြန်ကြေညာ ခဲ့သော အစီရင်ခံစာအကြောင်း ရှင်းလင်းတင်ပြချိန်နှင့် တပြိုင်နက်တည်း အစီရင်ခံစာအပေါ် ဆန့်ကျင် ဆန္ဒပြမှုနှင့် ကြုံခဲ့ရသည်။
မုံရွာမြို့ ရှိ ဝင်းယူနီတီ ဟိုတယ်သို့ နေ့လည် ၁၁နာရီခွဲခန့်တွင် ရောက်ရှိခဲ့ပြီး စီမံကိန်းအနီး တဝိုက် ဒေသခံ များနှင့် တွေ့ဆုံညှိနှိုင်းရန် နေ့လည်၁နာရီခန့်တွင် အုန်းတောရွာအခြေခံပညာ မူလတန်းကျောင်း သို့ ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပြီး ကြေးနီစီမံကိန်း ဆက်လက်လုပ်ကိုင်မည့်အပေါ် ရှင်းလင်းပြောပြရာ အသိမ်းခံ လယ်ယာမြေများအတွက် ကာလ ပေါက်ဈေးအတိုင်း လျော်ကြေး များပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ပုံနှိပ်ဥပဒေကြမ်း ထောက်ခံချက် ထုတ်ဝေသူများ ကန့်ကွက်


ပုံနှိပ်ဥပဒေကြမ်း ထောက်ခံချက် ထုတ်ဝေသူများ ကန့်ကွက် 

ရန်ကုန်မြို့ ၃၂ လမ်းရှိ စာအုပ်ဆိုင် တဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းရေး ထောက်ခံချက်သည် စာပေထုတ်ဝေရေး လုပ်ငန်းရှင်များကို ကိုယ်စားပြုသော သဘောထား မဟုတ်သဖြင့် ကန့်ကွက်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့ရှိ စာပေထုတ်ဝေရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်ကြသည်။
ယနေ့အစိုးရပိုင်သတင်းစာများတွင် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် စာအုပ်ထုတ်ဝေရေးလောက၏ ရပ်တည်ရေးကို ဥပဒေကြောင်း အရ အထောက်အကူပြုကြောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့် ၁၉၃၁ ခုနှစ် ပုံနှိပ်သူများ(အရေးပေါ်အာဏာ) ဥပဒေများနှင့် နှိုင်းယှဉ်ကြည့်ပါက ထုတ်ဝေသူများအနေဖြင့်လည်း ပိုမို လွတ်လပ် ပျော့ပျောင်းစွာ လုပ်ကိုင်နိုင်ခွင့်များ ရရှိကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို အတည်ပြုပေးသင့်ကြောင်း သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

“၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သို့ အိတ်ဖွင့်ပေးစာ”


“၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သို့ အိတ်ဖွင့်ပေးစာ” 

(စေ့စပ်သေခြာသည့် အတွေးနှင့် အရေး)
ကိုမင်းကိုနိုင်ဆီကို ခင်မင်မှု အရင်းခံပြီး စာရေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်တို့ဆီကို စာရေး မယ်လို့ ကြံရွယ်နေခဲ့တာ အခုမှပဲ အထမြောက်ပါတော့တယ်။ ကျွန်တော့်ရဲ့ နာမည်ကိုတော့ မပြောချင်တော့ပါဘူး။ ကျွန်တော်က ကိုမင်းကိုနိုင်တို့လိုပဲ ၁၉၈၈ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသား တစ်ဦးပါပဲ။ ကျွန်တော့်မှာ ပြောစရာလေးတွေ၊ မေးစရာလေးတွေ ရှိနေလို့ ပြောပါရစေ၊ မေးပါရစေ ဆိုပြီး ကိုမင်းကိုနိုင်ဆီမှာ ခွင့်တောင်းပါတယ်။
ဦးဆုံးအနေနဲ့ ကိုမင်းကိုနိုင်တို့တတွေ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တာကို ၀မ်းမြောက်ပါတယ်လို့ ပြောပါရစေ။ ပြီးတော့ နိုင်ငံအတွက် ကျရာနေရာကနေ တတ်နိုင်သရွေ့ အကျိုးပြု လုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်နေတာ၊ စာအုပ်စာတမ်းတွေ ရေးသားနေတာ၊ ပြီးတော့ ဟောပြောပွဲတွေ လိုက်လံဟောပြောနေတာ အဲဒီလိုတွေကို တွေ့ရတော့၊ ကြားရတော့ ကျွန်တော် ချီးကျူးမိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသားအများစု လွယ်ကူစွာဖြေဆိုနိုင်ခဲ့


၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသားအများစု လွယ်ကူစွာဖြေဆိုနိုင်ခဲ့  

AddThis Social Bookmark Button
3.13.1
ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဖြေဆိုအပြီး တွေ့ရစဉ်
၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား တစ်နိုင်ငံလုံးရှိ ကျောင်းသားအများစုမှာ လွယ်ကူစွာ ဖြေဆိုနိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဓိကအားဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ကျောင်းသားများမှာ မြန်မာစာဘာသာရပ်အား အနိမ့်ဆုံး အောင်မှတ်အပြင် ဂုဏ်ထူးမှတ် ရရှိရန်ပင် မျှော်မှန်းနိုင်သည့် အခြေအနေအထိ ရှိသည် ဟု ကျောင်းသားများနှင့် ကျောင်းသား မိဘများက ပြောကြားခဲ့သည်။
ယခု ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် မေးခွန်းမှာ ဖြေဆို သူ ကျောင်းသားများအတွက် ယခင်နှစ် မြန်မာစာဘာသာရပ် ဖြေဆိုခဲ့သူများထက် ပိုမိုလွယ်ကူ စွာ ဖြေဆိုနိုင်ခဲ့ကြသည် ဟုလည်း အထက်တန်းပြ ကျောင်းဆရာ ဆရာမများက ပြောကြားခဲ့ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။