Sunday, January 27, 2013

ခါယာတောင်ကုန်း ကျဆုံးခြင်းနဲ့ ကေအိုင်အေ တို့၏ အနာဂတ်


ခါယာတောင်ကုန်း ကျဆုံးခြင်းနဲ့ ကေအိုင်အေ တို့၏ အနာဂတ် 

၂၀၁၃ ခုနှစ်ရဲ့ ပထမလ အဆုံးမှာ မြန်မာနိုင်ငံအစိုးရကို လက်နက်ကိုင် တော်လှန်တဲ့ ကေအိုင်အေ တို့၏ ကချင်ပြည်နယ်အတွင်း နောက်ဆုံးခံစစ်ကုန်း ဖြစ်တဲ့ ခါယာတောင်ကုန်း ကျဆုံးခဲ့ပါပြီ။ တရားသော စစ် ဆင်နွှဲ ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်တွေ၊ ကိုယ်လက် အင်္ဂါတွေ ပေးဆပ်ခဲ့ရ တာတွေလည်း ရှိခဲ့ပါတယ်။ လူသားတစ်ဦးရဲ့ ခံစားချက်နဲ့ စဉ်းစားမယ် ဆိုရင်တော့ ဒါဟာ မတန်ဘူးလို့ ပြောနိုင်ပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ် တဲ့ တပ်မတော်ရဲ့ တာဝန်ဝတ္တရား လို့ ခေါင်း စဉ် တပ်မယ်ဆိုရင်တော့ ဒါဟာ အမြင့်မြတ်ဆုံးသော အလုပ်ပဲ ဖြစ်ပါတယ်။

အင်တာနက်မှ အစိုးရဆီသို့


ရသ

 အင်တာနက်မှ အစိုးရဆီသို့
-သက္က မိုးညို-
-၂၅။၁.၂၀၁၃

၁။      ဖေ့စ်ဘုတ်ဝယ် “အင်မတန်” ဟူသည့် ၀ိသေသန အသုံးပြုလိုသော စာနှစ်ပုဒ်ဖတ်လိုက်ရသည်။ တစ်ပုဒ်ကိုတော့ဖြင့်“အင်မတန် ကျက်သရေ မင်္ဂလာရှိသော” ဟူသည့် စကားလုံး ဖြည့်လိုပါသည်။ အခြားတစ်ပုဒ်ကိုကား အင်မတန်၏နောက်တွင် သင့်တော်ရာ ဖြည့်စွပ်ကြပါရန် တောင်းပန်လိုပါသည်။ ဘာဖြည့်ရမည်မှန်း မသိ၍ ဖြစ်ပါသည်။
၂။      အင်မတန်ကျက်သရေမင်္ဂလာရှိသော စာအကြောင်းကို ပထမပြောလိုပါသည်။ ဇာတ်လမ်းအစသည် မြန်မာ့အလင်း သတင်းစာတွင် သွေးတိုးနေသူများကို လက်ချောင်းဆယ်ချောင်း ထိပ်ကလေးများကို အပ်သန့်သန့်နှင့် ဖောက်၍ ကုသနိုင်သည်ဟု ရေးသားထားခြင်းကို ဖေါ်ပြရာမှစသည်။ ထိုသို့ အသက်နှင့် ဆိုင်သောကုသမှုတွင် စနစ်တကျ သုတေသနပြု သက်သေပြထားခြင်း မရှိသောနည်းများကို အသုံးပြုခြင်းသည် အန္တရယ်ရှိကြောင်း ဆရာ ချာလတန်တူးဘစ်မှ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်အား ထောက်ပြခဲ့သည်။ ကြေးမုံတွင် ထပ်မံပါလာပြန်သည်။ ထပ်မံထောက်ပြခဲ့သည်။

တတိယလှိုင်း နှင့် ကချင်စစ်ပွဲ


သူ့အတွေးအမြင်



တတိယလှိုင်း နှင့် ကချင်စစ်ပွဲ 
--သန္တာဝင်း။
၂၇-၁-၂၀၁၃

ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ် တဲ့။ ရှေးစကားပုံတွေဆိုတာ အလကားထားခဲ့တာမှ မဟုတ်ပဲ။ အယ်လ်ဗင်တော်ဖလာ ဆိုတဲ့ စာရေးဆရာကြီးဟာ တတိယလှိုင်း ဆိုတဲ့ ခေတ်ပြောင်းစနစ်ပြောင်း အနာဂတ်ဟောကိန်း စာအုပ်ကို ရေးသား ထုတ်ဝေခဲ့စဉ်က ၁၉၈၀ ခုနှစ်ကပါ။
နှစ်ပေါင်း ၃၂ နှစ် ကြာပြီးနောက်မှာတော့ ပြေးကြည့်စရာမလိုတော့ပဲ သွေးထွက်အောင် မှန်တယ်လို့ သိလာရပါပြီ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။