Thursday, October 18, 2012

စစ်တပ် သရော်သည့် ကာတွန်း သတိပေးခံရ


စစ်တပ် သရော်သည့် ကာတွန်း သတိပေးခံရ  

မြန်မာတိုင်းမ် ဂျာနယ်၌ ဖော်ပြထားသော ကာတွန်း ဟန်လေး၏ စစ်တပ်ကို သရော်သည့် ကာတွန်း
ဧရာဝတီသတင်းဌာန. ၁၇ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  အစိုးရ တပ်မတော်ကို သရော်ထားသည့် ကာတွန်းပုံ တပုံ ပြည်တွင်း ထုတ် မြန်မာ တိုင်းမ် ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းနှင့် ပတ် သက်ပြီး တပ်မတော် ကိုယ်စားပြုထားသည့် မြ၀တီ သတင်းဌာနက အင်တာနက် စာမျက်နှာမှတဆင့် ဆောင်းပါး ရေးသားပြီး သတိပေးလိုက် သည်။
လက်ရှိတပ်မတော်၏ အနှောင့်အယှက်ကြောင့် သမ္မတ ဦးသိန်းစိန် ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ မအောင်မြင်သည့် အဓိပ္ပာယ် ယူဆရသော ကာတွန်းကို အောက်တိုဘာ ၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်၏ အင်္ဂလိပ် ပိုင်းတွင်ဖော်ပြခဲ့သည့်အတွက် ဆောင်းပါးရှင် ပြည်ချစ်သား က“အမှန်က ဤသို့ဖြစ်ပါသည်”ဟူသော ဆောင်းပါးဖြင့် ယမန်နေ့က တုံ့ပြန်ရေးသား၍ သတိပေးထားခြင်း ဖြစ်သည်။

“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား


“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား  


Moe MaKa News, 17 October 2012 —-
“ပြည်သူ့ဆန္ဒ” နဲ့ပတ်သက်လာရင် ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရ သဘော ထားပုံက အနည်းဆုံး ၃ မျိုးလောက်ရှိပုံရတယ်။
- လုံးဝအသိအမှတ်မပြု ငြင်းပယ်ရမယ့် “ပြည်သူ့ဆန္ဒ”
– တစ်စိတ်တစ်ပိုင်း သို့တည်းမဟုတ် တစ်ဝက်တစ်ပျက်သာအသိအမှတ်ပြုရမယ့် “ပြည်သူ့ဆန္ဒ”
– သူတို့ စိတ်ကြိုက်စီမံဖေါ်စပ်ထားတဲ့ “ပြည်သူ့ဆန္ဒ”
ဒီထက် မကလည်းဖြစ်နိုင်သေးတယ်။  တစ်ချက်ချင်းစီကို ထင်ရှားတဲ့ သာဓကတွေနဲ့ ရှင်းလင်း တင်ပြပါ မယ်။

စစ်ဗိုလ်များ အရေခွံထူဖို့ လိုသေးသည်


စစ်ဗိုလ်များ အရေခွံထူဖို့ လိုသေးသည် 


ဧရာဝတီဘလော့. ၁၇ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  လွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း အပိုင်ယူထား တဲ့အပြင်  မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဆောင်ရွက်နေတဲ့အတွက် စစ်ဗိုလ်တွေလည်း နိုင်ငံရေး သမား ဖြစ် လာပါပြီ။
နိုင်ငံရေးသမား ဖြစ်လာရင်  အရေထူဖို့လိုအပ်တာ အသေအချာပါပဲ။
မကြာသေးခင်က မြန်မာတိုင်းမ်ဂျာနယ်ကာတွန်းတကွက်ကြည့်ပြီး  စစ်အရာရှိနိုင်ငံရေးသမားတို့က မကျေမနပ်ဖြစ်နေကြတယ်လို့ ဆိုတယ်။

တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး


တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး 

မည်သည့် နိုင်ငံခြားဘဏ်ကိုမျှ ပြည်တွင်းတွင်ဘဏ်လုပ်ငန်းလုပ်ခွင့်လိုင်စင်ပေးထားခြင်းမရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒု ဝန်ကြီးက ပြောကြားထားသည် (ဓာတ်ပုံ – Reuters)
ဧရာဝတီသတင်းဌာန. ၁၇ရက်နေ့ အောက်တိုဘာ ၂၀၁၂  — မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတချို့က ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Bank) လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီ ဟုဆိုကာ ငွေကြေးနှင့် အစုရှယ်ယာထည့်ဝင်ကြရန် ကြော်ငြာမှု များ ရှိနေပြီး ယင်းသို့ လုပ်ရပ်များမှာ တရားမ၀င်ကြောင်းနှင့် ပြည်သူများ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သတိပေး ပြောဆိုလိုက်သည်။

ဂက်စ်ပိုက်လိုင်း နှင့် စစ်ကြောင်းများကြောင့် တောင်သူများလုပ်ငန်းအခက်တွေ့


ဂက်စ်ပိုက်လိုင်း နှင့် စစ်ကြောင်းများကြောင့် တောင်သူများလုပ်ငန်းအခက်တွေ့ 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၇ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  သျှမ်းပြည်မြောက်ပိုင်း ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းရာ နမ္မတူမြို့နယ်အတွင်း စစ်ရေးမငြိမ်သက်မှုကြောင့် ဘိန်းခြံအပါအဝင် လယ်ယာခြံမြေ လုပ်ကိုင်မှု ခေတ္တရပ်ဆိုင်းထားရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။
“ ဘိန်းခြံရော၊ တခြားသီးနှံစိုက်ပျိုးရေးခြံတွေကိုရော ခဏရပ်ထားကြ ရတယ်။ စစ်မြေပြင်ဘက်က ခြံတွေဆိုရင်လဲ ဒေသခံတွေက ခြံမဆင်းရဲဘူး။ ဒီဖက် ပိုက်လိုင်းဖြတ် တဲ့ဘက်မှာကျတော့ မိုးရွာလို့ မြေစာပုံတွေ ပြိုတယ်။ ဒါလဲ သီးနှံတွေပျက်စီးတယ်။ လုပ်လို့မရဘူး။ ရပ်ထားကြရတယ်” ဟု နမ္မတူဒေသခံ စိုင်းနုက ပြောသည်။

ဂက်စ်ပိုက်လိုင်း မြေစာပုံကြောင့် ပျက်စီးဆုံးရှုံးမှု လယ်သမားများ လျော်ကြေးမရသေး


ဂက်စ်ပိုက်လိုင်း မြေစာပုံကြောင့် ပျက်စီးဆုံးရှုံးမှု လယ်သမားများ လျော်ကြေးမရသေး 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၇ရက်နေ့ အောက်တိုဘာ ၂၀၁၂  —– ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် သိမ်းယူထားသည့်မြေ ပေ ၁၀ဝ ထက် ကျော်လွန် ၍ မြေစာပုံလာပါက မြေစာရှင်းလင်းရန်နှင့် ပျက်စီးသွားသည့် သီးနှံများအတွက် လျော်ကြေးပေးမည်ဟု ဆိုသော်လည်း ယနေ့တိုင် မရရှိသေးကြောင်း သိရှိရပါသည်။
“မြေစာရှင်းဖို့ ၁ ဧကကို ၃ သိန်းပေးမယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံအတွက် သတ်သတ် နစ်နာကြေး တစ်သီးစာ ပေးမယ်လို့ ပြောတယ်။ ဘယ်လောက်လဲ အတိအကျတော့ မသိရသေးဘူး။ အခုထက်ထိ ဘာမှလာမပေးဘူး” ဟု နောင်အန်းဒေသခံတစ်ဦးက ပြောပါသည်။

အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေး


အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေး 

နေပြည်တော်မှာကျင်းပတဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေး ပွဲ မြင်ကွင်း
VOA News, 17 October 2012  —  အမေရိကန် နိုင်ငံခြားရေးဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပို့စ်နာ (Michael Posner) နဲ့ အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ က နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပထမဆုံးအကြိမ် လူ့အခွင့်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ အတော် အပြု သဘောဆောင်သလို အမေရိကန်ဘက်က အခုလို လူ့အခွင့် အရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖို့ အတွက် လမ်းဖွင့် ထားကြောင်းလည်းပြောပါတယ်။

Spitfire တိုက်လေယာဉ် တွေဖေါ်ဖို့ သဘောတူ


Spitfire တိုက်လေယာဉ် တွေဖေါ်ဖို့ သဘောတူ  

ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှတွေကSpitfireတိုက်လေယာဉ်တွေကို မြန်မာပြည်မှာ ဖွက်ချန်ထားခဲ့
BBC News, 18 October 2012  —-   ဒုတိယကမ္ဘာစစ်အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထားခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ် ရေးနဲ့ ပတ်သက်လို့ ဗြိတိသျှလူမျိုး တိုက်လေယာဉ် ဝါသနာအိုးတဦးနဲ့ မြန်မာအစိုးရကြား သဘောတူချက် တရပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။
အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ်စက်စက် လေယာဉ်တွေဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေထဲမှာပဲ အဲဒီအတိုင်း ၁၀မီတာ အနက် တွင်းကြီးတွေထဲမှာ မြှုပ်နှံထားတာ ဖြစ်တဲ့ အတွက် ပျက်စီးယိုယွင်းမှု ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။