Thursday, October 18, 2012

ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု


ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၈ရက်နေ့ အောက်တိုဘာ ၂၀၁၂ — လွန်ခဲ့သည့်လမှစ၍ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းအခြေစိုက်သည့်အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တခုမှ တင်သွင်းသည့် ထိုင်းဒီဇယ်များအား တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့်ကောက်ကာနေ့စဉ် တင်သွင်းခွင့်ပြုနေသည်ဟု စုံစမ်းသိရှိရပါသည်။
“စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဇာကား နဲ့ နေ့တိုင်း တင်သွင်းနေတယ် ။   ဝ တပ် ဌာနချုပ် ဟွေ့အော့်မှာ သိုလှောင်ထားတယ် ပြောတယ် ” – ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန်ရွာသား တဦး ကပြောပါသည်။

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာတခု၏ ဌာနချုပ် ဟွေအော့်သို့ ထိုင်းမှ ဒီဇယ်များတင်သွင်းနေကြောင်း၊ တစီး ဂါလံ ၁၆၀ဝ ဆန့် တရုတ်လုပ် ဆီဘောက်ဇာကားဖြင့် တရက်နှစ်စီးသယ်ယူနေကြောင်း၊ ထိုင်းမှ ဒီဇယ်သယ်ယူ သို လှောင်နိုင်ရေးအတွက် ဂိတ်စောင့်အစိုးရတပ် ခလရ ၂၂၅ နှင့် ၆၅ တို့ထံ တဂါလံ ၂ ဘတ်  ပိုက်ဆံပေး  ရ ကြောင်း – ဝ တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။
“ဒီလုပ်ရပ်က ဒေသခံလူထုအတွက်  အကျိုးမရှိဘူး။ သျှမ်းပြည်ဝင်ငွေလဲ  မဟုတ်ဘူး။ ဒီမှောင်ခို ပစ္စည်းကို အစိုး ရစစ်တပ်က လာဘ်စားပြီးခွင့်ပေးတယ်။ ဝ တပ်ဖွဲ့အကျိုးသက်သက်အတွက်ဘဲလေ။ သူတို့ရဲ့ရာဘာခြံ လုပ်ငန်း၊ မော်တော်ယာဉ်အတွက် သုံးဖို့ဘဲ။ ခလရ ၂၂၅ ပြောင်းသွားတော့ ဒီဟာတွေရပ်သွားပြီလို့ ထင်နေ တာ။ နားကောင်းမူးအခြေစိုက်တဲ့ ခလရ ၆၅ ရောက်လာတော့လဲ  ဆက်ရှိနေသေးတာဘဲ” – ဟု နိုင်ငံရေး ပါတီဝင် သျှမ်းပြည်အရှေ့ပိုင်းသားတဦးက ပြောပါသည်။
၎င်းနှင့်ပတ်သက်၍ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။
အလားတူသီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဩဂုတ်လက သျှမ်းပြည်တပ်မတော် (RCSS/SSA) စီးပွားရေး တာဝန်ခံအဖွဲ့က ထိုင်းမှ ဓါတ်ဆီ၊ ဒီဇယ်များအား သျှမ်းပြည်သို့ တရားဝင် တင်သွင်း ခွင့်ပါမစ်ကို နေပြည် တော်သို့သွားရောက်တောင်းခံခဲ့ကြောင်း၊ နေပြည်တော်အစိုးရက သျှမ်းပြည်အစိုးရထံမှ တောင်းခံရန် လွှဲချခဲ့ သည်ဟုဆို၏။
သျှမ်းပြည်နယ် အစိုးရထံတောင်းခံသော် ထိုင်းနိုင်ငံမယ်ဆိုင်မှတင်သွင်းမည်ဆိုပါက တာချီလိတ်ခရိုင်အာဏာ ပိုင်နှင့်သာဆိုင်ကြောင်း၊ တာချီလိတ်ခရိုင်ကလည်း ‘ ပေးပိုင်ခွင့် အာဏာ လုံးဝမရှိ  အဆိုပါကိစ္စများ နေပြည်တော်အစိုးရနှင့်သာ သက်ဆိုင်သည်’ ဟု တုန့်ပြန်ပြောဆိုလိုက်သဖြင့် ထိုကိစ္စအပေါ် သျှမ်းပြည် တပ်မတော်မှ  စိတ်လက်မအီမသာဖြစ်ခဲ့ရကြောင်း နီးစပ်သူတဦးက ပြောပါသည်။
သျှမ်းသံတော်ဆင့်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။