Spitfire တိုက်လေယာဉ် တွေဖေါ်ဖို့ သဘောတူ
ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှတွေကSpitfireတိုက်လေယာဉ်တွေကို မြန်မာပြည်မှာ ဖွက်ချန်ထားခဲ့
BBC News, 18 October 2012 —- ဒုတိယကမ္ဘာစစ်အပြီး ကာလက
မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထားခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀
ပြန်တူးဖေါ် ရေးနဲ့ ပတ်သက်လို့ ဗြိတိသျှလူမျိုး တိုက်လေယာဉ် ဝါသနာအိုးတဦးနဲ့
မြန်မာအစိုးရကြား သဘောတူချက် တရပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ်စက်စက် လေယာဉ်တွေဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေထဲမှာပဲ အဲဒီအတိုင်း ၁၀မီတာ အနက် တွင်းကြီးတွေထဲမှာ မြှုပ်နှံထားတာ ဖြစ်တဲ့ အတွက် ပျက်စီးယိုယွင်းမှု ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။
တိုက်လေယာဉ်တွေ ပြန်တူးဖေါ်ရေး သဘောတူချက်ကို မြန်မာ မြို့ပြ လေကြောင်း ဆက်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်နဲ့ ဒီတိုက်လေယာဉ်တွေ ပြန်တွေ့ဖို့ ၁၆နှစ်ကြာ အချိန်ယူ ရှာဖွေခဲ့သူ အဲဒီ ဗြိတိသျှ လယ်သမား တိုက်လေယာဉ် ဝါသနာအိုး David Cundall တို့အကြား သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြတာပါ။
၁၉၄၀ ပြည့်လွန်ကာလတွေအတွင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေးစနစ် အောင်မြင်မှု ရခဲ့တာဟာ ဒီSpitfire တိုက်လေယာဉ်တွေကြောင့် ဖြစ်ပြီး Spitfire တိုက်လေယာဉ်ကို အမှတ်တရ လက်ဝယ်ထား စုဆောင်း လိုသူတွေ အတော်များများ ရှိနေပါတယ်။
No comments:
Post a Comment