Tuesday, February 5, 2013

အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ


အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ 

အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ  ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့  ကြိုးစား ဖန်တီးနိုင်ခဲ့မှုကြောင့် ဖြစ် ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင်မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရပါတယ်။   စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက် ရှင် နေသေးတာကို မြင်တွေ့ရပါတယ်။ သာမန်ဆိုရင် လေးလထက် ပိုမရှင် တဲ့ ဆေးရှက်ကြီးဟာ ယခုဆိုရင် ၈ နှစ်မက အသက်ရှင်နေပြီး ဖြစ် ပါတယ်။ ဆက်လက်လည်း ကြီးထား၊ရှင်သန်နေပြီး ၂ မီတာ ဝန်းကျင် လောက်ထိကို မြင့်ပါတယ်။ အပင်ကတော့ သာမန်အတိုင်း ပါပဲ။ ဘာ ဇီဝပြောင်းလဲမှုမှ မဖြစ်ပါဘူး။   အပင်ရဲ့  ဟောင်းနွမ်းပြီး ကြွေကျသွားတဲ့ အရွက်တွေ နေရာအစား အရွက် သစ် များ ပြန်လည်ပေါက်ဖွားဖို့ ပင်စည်ကလည်း ကောင်းကောင်း အလုပ် လုပ်နေပါတယ်။ ဆက်လက်လည်း ရှင်သန်နေအုံးမှာ ကို လေ့လာတွေ့ရှိ ခဲ့ပါတယ်။ ဒီအတွက် ၎င်းတို့ ကြိုးစား ဖန်တီးခဲ့တဲ့ ဇီဝ နည်းပညာနဲ့ ဆေး ပညာကို အသုံးပြုလို့ စိုက်ပျိုးရေး နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရင် သက်ရှိမျိုးသုန်းမှု တစ်ခုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပြီး လူသားအတွက်လည်း အကျိုးပြုပါတယ်။   ဂျပန်မှာဆိုရင်လည်း တစ်သက်လုံး မသေနိုင်မယ့် အာလူးပင်မျိုးကို ကြိုးစား စိုက်ပျိုးနေပြီး သက်ရှင် အပင်ပြီးရင် သက်ရှိလူသားအထိ အဆင့်ဆင့် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။  -- Ref: cbsnews ရိုးရာလေး ဗဟုသုတ  http://www.yoyarlay.com/health/medication/34060-biotechnologists-succeeded-to-make-immortal-tobacco-plants  --

ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့  ကြိုးစား ဖန်တီးနိုင်ခဲ့မှုကြောင့် ဖြစ် ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင်မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရပါတယ်။
စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက် ရှင် နေသေးတာကို မြင်တွေ့ရ ပါတယ်။ သာမန်ဆိုရင် လေးလထက် ပိုမရှင် တဲ့ ဆေးရှက်ကြီးဟာ ယခုဆိုရင် ၈ နှစ်မက အသက် ရှင်နေပြီး  ဖြစ် ပါတယ်။ ဆက်လက်လည်း ကြီးထား၊ရှင်သန်နေပြီး ၂ မီတာ ဝန်းကျင် လောက်ထိ ကို မြင့်ပါတယ်။ အပင်ကတော့ သာမန်အတိုင်း ပါပဲ။ ဘာ ဇီဝပြောင်းလဲမှုမှ မဖြစ်ပါဘူး။

"ငွေထုပ်ပိုက်၍ စောင့်နေကြသော နိုင်ငံတကာအင်န်ဂျီအိုများ ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီခွင့်ရပြီ"


"ငွေထုပ်ပိုက်၍ စောင့်နေကြသော နိုင်ငံတကာအင်န်ဂျီအိုများ ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီခွင့်ရပြီ"


ကချင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအား ဝင်ရောက်ခွင့် ပြုလိုက် ပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ သိရသည်။
နှစ်ဖက်တပ်များ၏တာဝန်ယူ ပေးမှုနှင့်အတူဝင်ရောက်ခွင့်ကို နိုင်ငံ တော်သမ္မတမှ ခွင့်ပြုပေးခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မြစ်ကြီးနားရှိ ကယ် ဆယ်ရေးစခန်းများ သို့ ရောက်ရှိစဉ် သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သမ္မတရုံးဝန်ကြီးဌာန(၃)မှ တာ ဝန်ရှိသူက ”ခွင့်ပြုမိန့် ကို စာနဲ့မထုတ် ပြန်သေးပေမယ့် မှန်ပါတယ်” ဟု အတည်ပြုသည်။

၈၈ မျိုးဆက် ဘယ်လဲ၊ ဘာလဲ


၈၈ မျိုးဆက် ဘယ်လဲ၊ ဘာလဲ 




ဒေါက်တာရန်မျိုးသိမ်း ~


မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်သည် ဒီမိုကရက်တစ်အသွင်သို့ ကူးပြောင်းနေသည် ဟု ယေဘုယျ သုံးသပ်နိုင်သည်။ 
စနစ်သစ်တစ်ခုသို့ အကူးအပြောင်းကာလသည် အလွန်သိမ်မွေ့နုနယ်သည့်အပြင် ထိရှလွယ်သည်ဟု လည်း မှတ်ချက်ပြုကြသည်။ အသွင်ကူးပြောင်းရေးကာလတွင် အဓိကအင်အားစု များ၏ မောင်းနှင်အား အပေါ်မူတည်လျက် အချိန်ကြာမြင့်မှုတွင် အတိုးအလျော့ရှိနိုင်သည်ဟု သုံးသပ်မိသည်။ 
မြန်မာ့နိုင်ငံရေး တွင် မျိုးဆက်သစ် နိုင်ငံရေးအစုအဖွဲ့များသည် အနာဂတ်နိုင်ငံရေးချိန်ခွင်လျှာကို ထိန်းညှိ မည့်သူများဖြစ်သည့်အားလျော်စွာ မျိုးဆက်သစ်နိုင်ငံရေးအစုအဖွဲ့များတွင် ဦးဆောင်အဖွဲ့တစ်ခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဘယ်လဲ၊ ဘာလဲဟု မေးခွန်းထုတ်ရခြင်းဖြစ်သည်။ 
မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာ့ဝန်းကျင်တွင်ပါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့်အတူ တွဲဖက်သိနေသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အနေဖြင့် ရှေ့ခရီးကို မည်သို့ဦးတည်လျှောက်လှမ်းမည်။ 
မည်သို့၊ မည်ပုံ၊ မည်သူတို့နှင့် မည်သည့်နည်း ဖြင့်ခရီးဆက်မည်တို့ကို အများပြည်သူသိအောင် အလျင် အမြန် ထုတ်ပြန်ရမည်ဖြစ်သည်။ 
ထို့အတူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စာပေအနုပညာအဖွဲ့ သို့မဟုတ် လူမှုရေးအသင်း အဖွဲ့ သို့မဟုတ် ပြည်တွင်းအန်ဂျီအို သို့မဟုတ် နိုင်ငံရေးပါတီ မည်သည့်ပုံစံကို အနာဂတ်တွင် ပုံဖော်လာမည်ကို လည်း တိတိကျကျရှင်းပြရတော့မည် ဖြစ်သည်။ 

ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ်ပြောခဲ့ပေမဲ့၊ လက်တွေတော့ ကချင် ၁၀ ပြား၊ မြန်မာတစ်မတ်


ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ်ပြောခဲ့ပေမဲ့၊ လက်တွေတော့ ကချင် ၁၀ ပြား၊ မြန်မာတစ်မတ် 


Moe MaKa News, 5Feberuary 2013  —-   တာပိန်ရေအားလျှပ်စစ်ဆိုတာ တရုပ်ကုမ္မဏီကြီးတခုရဲ့ ရှမ်းပြည်မြောက်ပိုင်း၊ KIA နယ်မြေမှာ ငြိမ်းချမ်းရေးကာလ ၂၀၀၉လောက်က စီမံကိန်းတခုပါ။ အကျိုးတူခွဲဝေစားသောက်ဖို့ဆိုပြီး န.အ.ဖ အစိုးရကာလမှာ စီးပွားရေးလုပ်ငန်းတစ်ခု (သယံဇာတရောင်းစားရေးစီမံကိန်း) ဖြစ်ပါတယ်။ အဲဒီဒေသမှာ ကချင် KIA တပ်မဟာတစ်ခု နဲ့ မြန်မာတပ်များ အင်အားညီမျှစွာ စခန်းချနေထိုင်ပါတယ်။ နယ်မြေတစ်ခုလုံးကတော့ ကချင်လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။
နောက်ပိုင်း ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တက်လာတဲ့အချိန် မြန်မာစစ်ကြောင်း၊ တပ်မတစ်ခု တာပိန်ရေအားလျှပ်စစ်ဒေသကို ချီတက်လာ တယ်ဆိုတာ KIA က သတင်းရပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။