Thursday, March 7, 2013

ပုံနှိပ် ဥပဒေကို လွှတ်တော်မှာ ပြန်ကြားရေး ဝန်ကြီးတင်သွင်း


ပုံနှိပ် ဥပဒေကို လွှတ်တော်မှာ ပြန်ကြားရေး ဝန်ကြီးတင်သွင်း 

သတင်း မီဒီယာတွေ လု့ခြုံ စိတ်ချမှု ရှိစေမယ့် ဥပဒေလို့ ဝန်ကြီးပြော
BBC News, 7March 2013  —-  ပုံနှိပ် ထုတ်ဝေ ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကို စာနယ်ဇင်း သမားတွေ ဝိုင်းဝန်း ကန့်ကွက် နေတဲ့ ကြားက ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်မှာ တင်သွင်းလိုက် ပါတယ်။
ကြာသပတေး နေ့က လွှတ်တော်မှာ တင်သွင်း ခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီးရဲ့ ပုံနှိပ် ထုတ်ဝေရေး ဥပဒေကြမ်း ကြောင့် မြန်မာ့ သတင်း မီဒီယာ လောကမှာ အတော်လေး ပွက်လောရိုက် သွားခဲ့ ပါတယ်။
ဒါကို ဘယ်လို တုံ့ပြန်ကြ မလဲဆိုတဲ့ သဘောထား ရနိုင်ဖို့ မီဒီယာ သမားတွေ အရေးပေါ် ဆွေးနွေးကြဖို့ စီစဉ်နေ ပါတယ်။ မတ်လ ၁၂ ရက် မှာ တွေ့ဆုံ ဆွေးနွေးကြမှာပါ။

USAID အကြီးအကဲနဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခြင်း

 

USAID အကြီးအကဲနဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခြင်း 

USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊ ရန်ကုန် အမေရိကန်စင်တာ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ( Credit to -Credit: Richard Nyberg/USAID)
VOA News, 7March 2013  —-  မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ ပွင့်လင်းတဲ့ အစိုးရများ မိတ်ဖက်အဖွဲ့ဝင်ဖြစ်ရေး တွန်းအားပေးတဲ့ အနေနဲ့ ပွင့်လင်းမြင်သာမှု ကို အားပေးတဲ့ သတင်း အချက်အလက်နည်းပညာတွေနဲ့ ပံ့ပိုးသွား မှာဖြစ်တယ်လို့ USAID အကြီးအကဲ ကပြောဆိုလိုက်ပါတယ်။  အမေရိကန်ပြည်ထောင်စု အစိုးရအသုံးစရိတ်ရဲ့ ၁ ရာခိုင်နှုံးမပြည့်တဲ့ ရန်ပုံငွေနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအတွက် အသုံးပြုတာဖြစ်ပေမဲ့လို့ ကမ္ဘာတဝှမ်းမှာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်ဆယ်နိုင်တဲ့ အကြောင်းလည်း ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shahက ပြောပါတယ်။  Dr. Rajiv Shah ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်


အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက် 

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
VOA News, 7March 2013  —-  မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မကြာခင်က ပြုလုပ် လိုက်တဲ့ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို တုန့်ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုကို အတည်ပြုဖို့ ပြင်ဆင်နေတဲ့ အချိန် အခုလို သတိပေး ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ်


သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ် 

မြန်မာသမ္မတဦးသိန်းစိန်နဲ့ အီတလီသမ္မတ မာရီယိုမွန်တီ (Credit to အီတလီသမ္မတ ဝဘ်ဆိုက်ဒ် http://www.governo.it)
VOA News, 7March 2013   —-  သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ဥရောပ ၅ နိုင်ငံ ခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်ပြီး အီတလီနိုင်ငံကနေ ပြန်လည်ထွက်ခွါသွားပြီဖြစ် ပါတယ်။  သမ္မတရဲ့ အီတလီခရီးစဉ်အတွင်း မြန်မာနိုင်ငံအ တွက် ချေးငွေဆိုင်ရာ ပြုပြင်မှု သဘော တူညီချက် တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် ကပြောပြပေး မှာပါ။

ကုလ လူ့အခွင့်အရေး အစီရင်ခံစာ အစိုးရ ပယ်ချ


ကုလ လူ့အခွင့်အရေး အစီရင်ခံစာ အစိုးရ ပယ်ချ 

မစ္စတာ သောမတ် အိုဟေး ကင်တားနား
BBC News, 7March 2013  —- မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်ဆိုတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အချက်တွေကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။
မတ်လ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက နေ့ချင်းပဲ တချက်ချင်းစီ တုံ့ပြန်ခဲ့ပါတယ်။

အရပ်သားများ တိုင်းပြည် ကို အုပ်ချုပ်နိုင်ပါ့မလား


အရပ်သားများ တိုင်းပြည် ကို အုပ်ချုပ်နိုင်ပါ့မလား 

March 7, 2013

ယခုတစ်လောရေပန်းစားဆွေးနွေး  ဝေဖန်နေကြတဲ့ အကြောင်းအရာတစ်ခု ကတော့ ဟ“အမေစု” သမ္မတဖြစ် မဖြစ်  NLD  ပါတီသည် အစိုးရဖွဲ့နိုင် မနိုင်စသဖြင့် နိုင်ငံရေးလေ့လာဝေဖန်သုံးသပ်သူများ အကြား ကျယ်ကျယ်ပြန့်ပြန့်ကြားနေရပါ  တယ်။ အရပ်သားများ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိ မရှိ အငြင်းပွားမှုများ လည်းရှိနေပါတယ်။
အရင်ဆုံးစစ်ဗိုလ်ကြီးများ ရပ်ချုပ်ခဲ့ တဲ့ နှစ် (၅၀) ကာလအတွင်း တိုင်းပြည် ရဲ့ အခြေအနေကို ကြည့်ရအောင် “အနှုတ်  လက္ခဏာ” များကိုသာ တွေ့ရပါတယ်။ စစ်သားဆိုတာ စစ်တိုက်ရာမှာ ကျွမ်းကျင်  သလို အမိန့်ကို အတိအကျလေးစားလိုက်  နာတတ်သူများဖြစ်လို့ လေးစားစရာပါ။ ဒါပေမဲ့ ပြည်သူကို စစ်တပ်လို အုပ်ချုပ်၍ မရသလို ကျွမ်းကျင်ရာလိမ္မာဆိုသလို ၎င်း တို့မကျွမ်းကျင်တဲ့ အတတ်ပညာပိုင်းနဲ့ မဆိုင်တဲ့ ဌာနဆိုင်ရာများကို အုပ်ချုပ်ခဲ့ ကြ၍ တိုင်းပြည်ဟာ အနုတ်လက္ခဏာ ပြခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။