Thursday, January 24, 2013

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် တိုက်ပွဲများရပ်သင့်၊ လက်တွေ့တိုက်ပွဲများ ရပ်သကဲ့သို့ စိတ်တွင်းတိုက်ပွဲများလည်း ရပ်ရန် အရေးကြီး

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် တိုက်ပွဲများရပ်သင့်၊ လက်တွေ့တိုက်ပွဲများ ရပ်သကဲ့သို့ စိတ်တွင်းတိုက်ပွဲများလည်း ရပ်ရန် အရေးကြီး 

“တစ်.. နေရာယူ၊
 နှစ်.. အဆင်သင့်၊
သုံး.. မောင်းချိန်၊

လေး.. ကျည်ဆံထည့်၊

ငါး.. ဝပ်၊

ခြောက်.. ပစ်နိုင်ပြီ၊ ပစ်… ”
ကျောင်းဝတ်စုံဟု မှတ်ခေါ်ရန် မသေချာတော့သည့် အင်္ကျီတချို့ ဝတ်ဆင်ထားသော စာသင်ခန်းဝင်အရွယ် ကလေးငယ်တချို့၏ အသံများကို ကြားလိုက်ရသည်။ သူတို့တွေ စစ် တိုက်တမ်းဆော့ ကစားနေကြခြင်း ဖြစ်သည်။ နေရာဌာနက အသစ်စက်စက် တူးထားသော ဗုံးခိုကျင်းများထဲတွင်ဖြစ်သည်။ ဗုံးခိုကျင်းက သူတို့အတွက် ခိုအောင်းရာ၊ ဗုံးခိုကျင်းက သူတို့အတွက် လုံခြုံရာဟု သဘောထား ကာ နေရာအသီးသီးယူ ပြီး တိုက်ပွဲ တစ်ခုအသွင် ဆော့ကစား နေကြခြင်းဖြစ်သည်။ “ဒီကလေး တွေ ရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကို  သာ ပြုပြင်လို့ရကောင်းရမယ်။ သူတို့ရဲ့ စိတ်တွေကိုတော့ လွယ်လွယ်နဲ့ ပြင် လို့ရမှာမဟုတ်တော့ ဘူး။ သူတို့သွေးထဲမှာ စစ် ဆိုတာကြီးက ရှိနေပြီ။ ပြီးတော့ သေ နတ်သံတွေ၊ အမြောက်သံ တွေနဲ့ ယဉ်ပါးနေကြပြီ။ ဒါဟာ သူတို့ အနာဂတ်အတွက် ရင်လေးစရာတစ် ခုပဲ” ဟု ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင်သွားရောက်ခဲ့သော လူမှု ကူညီရေး အရပ်ဘက်အဖွဲ့အစည်းဝင် တစ်ဦးက ဆိုသည်။ စစ်ဘေးဒုက္ခ သည်များနေထိုင်ရာ ဒုက္ခသည်စခန်း များ၏ ရှေ့တိုင်းလိုလိုတွင် ဗုံးခိုကျင်း များ အသီးသီးနေရာယူထားကြသည်။ တူးထားသည်မှာ မကြာသေးဟု တူး လက်စဗုံးခိုကျင်း များကိုကြည့်၍ သိနိုင်သည်။ ကချင်ပြည်နယ်အတွင်း စစ်ရှိန် တဖြည်းဖြည်းမြင့်လာ၍ ဒုက္ခသည်များက မိမိတို့၏ အသက် အန္တရာယ် လုံခြုံရေး အတွက် အားကိုးတကြီး တူးဆွ ထားခြင်းဖြစ်သည်။
မိမိတို့ တစ်ခါမှမမြင်ခဲ့ဖူးသော လူစိမ်းများရောက်ရှိလာသဖြင့် ခိုနားရာ တဲအိမ်များထဲမှ စစ်ဘေးဒုက္ခသည် တို့အသီးသီးထွက်ကြည့်ကြသည်။ ယင်းတို့၏ မျက်လုံးများထဲတွင် ထိတ် လန့်မှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများ အထင်းသားပါဝင်နေကြောင်း မျက် မြင်ခံစားလိုက်ရသည်။ ကူညီဖေးမရန် စာနာမှုနှင့်အတူ လာရောက်ကြောင်း အချိန်ယူ ရှင်းပြလိုက်ကြသည်။ သူတို့ အတော်အတန် သဘောပေါက်သွား ကြသည်။ “နင်တို့မပြန်ကြပါနဲ့။ နင် တို့နေသမျှ ငါတို့အတိုက်မခံရဘူး” ဟု စစ်ဘေးဒုက္ခသည်တစ်ဦးဆီက ဆန္ဒပြု အသံထွက်ပေါ်လာသည်။ “ဘာလို့ လဲ၊ ဘာကြောင့် ဒီလိုခံစားနေရတာလဲ၊ ရှင်းပြပါဦး”ဟု စစ်ဘေးဒုက္ခသည် များကို ကူညီမှု၊ အားပေးမှုများ ပြုလုပ်ရန် ရောက်ရှိလာသော လူမှုကူညီရေး အရပ်ဘက်အဖွဲ့ဝင်တစ်ဦးက မေးမြန်းလိုက်သည်။ “နင်တို့မြို့ ပေါ်မှာ အဆန်းမဟုတ်ပေမယ့် ငါတို့ တွေဆီမှာတော့ မိုးချုပ်တာနဲ့ တံခါး ပိတ်ပြီး ပုန်းနေရတယ်။ မနက်မိုး လင်းရင်လည်း ကိုယ့်အထုပ်ကလေး ကိုယ်ပိုက်ပြီး ပြေးဖို့ပြင်နေရတယ်။ အခု နင်တို့လိုဧည့်သည်တွေ ရှိလို့ ဒီလို အေးအေးနေရတာ” ဟု ကချင်ဒေသ ခံဒုက္ခသည်တစ်ဦးက ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့် တောင်ကိုရီးယားခရီးစဉ် စတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့် တောင်ကိုရီးယားခရီးစဉ် စတင်   PDF Print
Wednesday, 23 January 2013 19:09
AddThis Social Bookmark Button


ha-24-1-1အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အား ယနေ့ (ဇန်န၀ါရီလ ၂၄ ရက်နေ့) နံနက် ၉ နာရီ ၅၀ မိနစ်က ထိုင်းလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၅ ရက်တွင် ဟိုနိုလူလူ မြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံခြင်း၊ ဇန်န၀ါရီ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားခြင်း၊ ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှု နမူနာ


ဖိလစ်ပိုင် တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှု နမူနာ

ဖိလစ်ပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ တပ်မတော် ဌာနချုပ်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – 88 Generation Stutents / Facebook)
ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မကြာသေးမီက အာဆီယံ မိသားစုဝင် နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို ၄ ရက်ကြာ လေ့လာရေးခရီး သွားခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကျနော်တို့ရဲ့ အိမ်နီးချင်း၊ အာဆီယံ မိသားစုထဲက နိုင်ငံတနိုင်ငံလည်းဖြစ်သလို ကျနော်တို့နဲ့ ဖြတ်သန်းပုံချင်းလည်း ဆင်တူတာတွေ အများကြီးရှိတော့ သူတို့ အပြောင်းအလဲကို စိတ်ဝင်စားလို့ သွားရောက် လေ့လာဖြစ်ခဲ့တယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တာတွေ ကျနော်တို့ ဘက်အသီးသီးကနေ လေ့လာနိုင်ဖို့ဆိုပြီး သွားခဲ့ကြတယ်။

ကချင် ပဋိပက္ခ နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး


ကချင် ပဋိပက္ခ နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး 


VOA News, 23 January 2013  — (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်) 
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာအစိုးရနှင့် စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာနေပြီး နိုင်ငံရေးပြေလည်မှု ရရှိဖို့ကလည်း ပိုပြီးအလှမ်းဝေးလာတဲ့ KIA ပြဿနာဟာ ကျန်တဲ့ တိုင်းရင်းသားတွေနှင့် မြန်မာအစိုးရတို့အကြား ရထားတဲ့ သဘောတူညီချက်တွေကို ဘယ်လိုများ ထိခိုက်နိုင်ပါသလဲ။ တရုတ်-မြန်မာဆက်ဆံရေးကိုလည်း ဘယ်လို ထိခိုက်နိုင်သလဲဆိုတာတွေကို သမိုင်းပညာရှင်တွေဖြစ်ကြတဲ့ ဦးအောင်ခင်၊ ကမ္ဘောဇဝင်း တို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးမေးမြန်းထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။