Monday, October 15, 2012

ကြံ့ခိုင်ရေးပါတီ အဓိက လိုအပ်ချက်မှာ လူထုယုံကြည်မှုဟု ဆို


ကြံ့ခိုင်ရေးပါတီ အဓိက လိုအပ်ချက်မှာ လူထုယုံကြည်မှုဟု ဆို 

၂၀၁၂ အောက်တိုဘာ၁၄ရက်နေ့ကကျင်းပပြုလုပ်သောကြံ့ခိုင်ရေးပါတီ ညီလာခံပထမနေ့ အစည်းအဝေး (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၁၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —–  အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ အဓိက ကြုံတွေ့နေရသည့် အားနည်းချက်မှာ လူထုယုံကြည်မှု လိုအပ်နေခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ယမန်နေ့က ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ညီလာခံပထမနေ့ အစည်းအဝေးအပြီး ပြုလုပ်သော ဧရာဝတီသတင်းဌာနနှင့် သီးသန့် တွေ့ ဆုံမေးမြန်း ခန်းတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကျောင်းပြန် ဖွင့် ရန် မူလတန်း ကလေးငယ်များ ငိုယိုပြီး ဆန္ဒပြ


ကျောင်းပြန် ဖွင့် ရန် မူလတန်း ကလေးငယ်များ ငိုယိုပြီး ဆန္ဒပြ 


Freedom News Group, 15 October 2012  —-  စစ်ကိုင်းတိုင်း ၊ မုံရွာ ခရိုင် လက်ပံတောင်း တောင် ကြေး နီစီမံ ကိန်း ဒေသ က မူလတန်း ကလေးငယ် ၁၀၀ ကျော် ဟာ ၀ှက်မှေး ကျွေး ရွာ မှ စုပြီး ရပ် ဆိုင်း ရေး နှင့် ကျောင်းများ ပြန် လည် ဖွင့်လှစ်ရေး အတွက် မူလတန်း ကလေး ငယ်များ  တနင်္ဂနွေ နေ က ဆန္ဒပြ ကြသည် ဟု  သတင်း ရရှိသည်။
ဆန္ဒပြ ပွဲ တွင် ကလေးများ က ဖိုးဖိုး ဦးသိန်းစိန် ကယ်ပါ။ ဖွား ဖွား ဒေါ်အောင် ဆန်းစုကြည် ကယ်ပါ..သား တို့  ကျောင်း ပြန် တက် ချက် တယ်။ ကြေးနီမိုင်း ရပ် ပေး ပါ၊  ဟု ကြွေးကျော် အော်ဟစ် ခဲ့ ကြသည်ဟု ၀က် မှေး ရွာ သူ မအေးအေး ၀င်း က FNG ကို ပြောသည်။

OICကို အလိုမရှိကြောင်း မြန်မာတစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်ပြီ

OICကို အလိုမရှိကြောင်း မြန်မာတစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်ပြီ 


Arakan Times, 15 October 2012  —-  ယနေ့အောက်တိုဘာလ ၁၅ရက်နေ့တွင် OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့်ကွက် သည့်အနေဖြင့် မြန်မာနိုင်ငံတ၀န်း မြို့နယ်အသီးသီးတွင် ပြည်သူ လူထု များ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့သည်။
စစ်တွေမြို့တွင် သင်္ဃာတော်များဦးဆောင်၍ မြို့လုံးကျွတ်နီးပါး ပါဝင်သော လူထုမှ OICကိုကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ နေ့ လည် (၁)နာရီအချိန်မှ (၂)နာရီ (၃၀)မိနစ် အချိန်ထိ ပြုလုပ်ခဲ့ကြသည်။ ဘင်္ဂလီများနှင့်အတူယှဉ်တွဲနေထိုင်ရေးကိုလုံးဝအလိုမရှိ၊OICကိုအလိုမရှိစသည့်ဆိုင်းဘုတ်များ ကြွေးကြော် သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း စစ်တွေဒေသခံ မစောမြသန္တာက အာရ်ကန် တိုင်းမ်စ်သို့ ပြော သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန်မှ OIC နှင့်ပတ်သတ်၍ သဘောထားကြေငြာချက်ထုတ်ပြန်


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန်မှ OIC နှင့်ပတ်သတ်၍ သဘောထားကြေငြာချက်ထုတ်ပြန်


Popular News Journal,15 October 2012  —–  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန် မှ တောင်းဆိုချက်များအား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်သောကြေညာချက်တွင်
- မြန်မာနိုင်ငံစတင်ထူထောင်ခဲ့ချိန်အနော်ရထာမင်းလက်ထက်မှစတင်၍ကမ္ဘာ့အလယ်တွင် ထေရဝါဒနိုင်ငံ
အဖြစ်စံပြရပ်တည်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း ခိုးဝင်လာသူများ ဖမ်းမိ


စစ်ကိုင်းတိုင်းအတွင်း ခိုးဝင်လာသူများ ဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းရွာအနီးရှိ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၁၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းသို့ တရားမ၀င်နည်းလမ်းဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၆ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သတင်း ရရှိသည်။
၎င်းတို့ကို ကလေးမြို့နယ် မောက်လင်း ကျေးရွာအုပ်စုအတွင်းရှိ သာယာကုန်းရွာအနီးနှင့် ဇိုဇန် လမ်းခွဲအနီးတွင် ယမန်နေ့က ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ရဲစခန်း က ဧရာဝတီ သို့ ပြောသည်။
“အမျိုးသား ၁၆ ဦးပါ။ သူတို့မှာ နိုင်ငံသား အထောက်အထား စာရွက်စာတမ်း ဘာမှ မတွေ့ရပါဘူး။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။