Monday, October 15, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန်မှ OIC နှင့်ပတ်သတ်၍ သဘောထားကြေငြာချက်ထုတ်ပြန်


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန်မှ OIC နှင့်ပတ်သတ်၍ သဘောထားကြေငြာချက်ထုတ်ပြန်


Popular News Journal,15 October 2012  —–  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန် မှ တောင်းဆိုချက်များအား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်သောကြေညာချက်တွင်
- မြန်မာနိုင်ငံစတင်ထူထောင်ခဲ့ချိန်အနော်ရထာမင်းလက်ထက်မှစတင်၍ကမ္ဘာ့အလယ်တွင် ထေရဝါဒနိုင်ငံ
အဖြစ်စံပြရပ်တည်နိုင်ခဲ့သည်။
- ပြည်ထောင်စုမြန်မာနိုင်ငံသည်တိုင်းရင်းသားများစုပေါင်းနေထိုင်သောအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။
- မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ ရုံးစိုက်ခြင်းကို လုံးဝလက်မခံပါ။ ကန့်ကွက်ရသော အကြောင်းအရင်းများမှာ
-ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံတကာတွင် အထင်အမြင်လွဲမှားအောင် ဆောင်ရွက်ခြင်း။
- လစ်ဗျားနိုင်ငံတွင် အမေရိကန်သံအမတ်လုပ်ကြံခံရခြင်းတွင် OIC အပါအဝင် ထိုကဲ့သို့သော အဖွဲ့အစည်းများက မည်သို့မျှ တုံ့ပြန်မှုမလုပ်ခြင်း။
- ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာများ လူမျိုးရေး၊ ဘာသာရေးအရ အကြမ်းဖက်ခံရခြင်းတွင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများမှ ဆန္ဒပြ လျက်ရှိပါသည်။
-လက်နက်များဖမ်းဆီးရမိသည့်အတွက်လုံခြုံရေးအားနည်းေ နကြောင်း ပေါ်လွင်နေသည်။
- ဗုဒ္ဓဘာသာများ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာဗုံးပေါက်ခွဲ ဖျက်ဆီးမည်ကို ဖမ်းဆီးမိခြင်း၊ ထို့ကြောင့်-
- OIC ဖြစ်စေ၊ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးကိုမြန်မာ့မြေပေါ်တွင် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ လုံးဝရုံးစိုက်ခွင့်မပြုပါ။
- ပြည်သူများ၏ သဘောတူညီချက်မပါသော OIC နှင့် အစိုးရ၏ လက်မှတ်ထိုးထားမှုကို လုံးဝကန့်ကွက်သည်။
-OIC နှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများတွင်ဖြစ်စေ၊တရားဝင်မီဒီယာများတွင်ဖြစ်စေသတင်းစာရှင်းလင်း၍ ပြည်သူများကိုအတိအလင်းကြေညာပေးရ မည်ဟု ဖော်ပြပါရှိသည်။
စိုင်းနောင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။