Tuesday, January 22, 2013

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖတ်ဖို့


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖတ်ဖို့ 

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။ 
 ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ ဒု အလုပ်သမားဝန်ကြီး ဦးမြင့်သိန်းက ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း အစိမ်းနုရောင် လက်မှတ်ကို ပြသနေစဉ် (ဓာတ်ပုံ - Bangkok Post)
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါ တယ်။ 
မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။ 

အိုဘားမား ဒုတိယသက်တမ်း နဲ့ မြန်မာ့အရေး


အိုဘားမား ဒုတိယသက်တမ်း နဲ့ မြန်မာ့အရေး 


VOA News, 20 January 2013 —– (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်သူ ဦးဘိုလှတင့်နဲ့ သမ္မတ အိုဘားမားအနေနဲ့ သူ့ သမ္မတအစိုးရ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည်အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေနဲ့ ကျင့်သုံးဆောင်ရွက်လုပ်ကိုင်သွားမယ်ဆိုတာကို ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဒုတိယသက်တမ်းကို ကျမ်းသစ္စာကျိန်ဆိုမယ့် သမ္မတ အိုဘားမားအနေနဲ့ ဒီ ဒုတိယသက်တမ်းအတွင်းမှာ မြန်မာပြည်အပါအဝင် အာရှရေးရာတွေမှာ ဘယ်လိုမူဝါဒတွေ ကျင့်သုံးလာမယ်ဆိုတာကို ဆွေးနွေးထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။