Sunday, March 3, 2013

စစ်တွေ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေ


စစ်တွေ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေ 


နိရဉ္စရာသတင်းဌာန. ၃ရက်နေ့ မတ်လ ၂၀၁၃  —  စစ်တွေမြို့ မာန်စီ ကျေးရွာ အနီးရှိ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။
ယခုလက်ရှိ ရရှိသော သတင်းအရ မာန်စီကျေးရွာ အနီးရှိ  မွတ်ဆလင် ဒုက္ခသည် စခန်းတွင် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များက ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေရာ တချို့သူများမှာ သေဒဏ် အထိ အပြစ်ပေးခံနေကြရသည်ဟု ဆိုသည်။

များမကြာမှီက အဆိုပါ စခန်းမှ  ဦးအာလီမော် ဆိုသူ မွတ်ဆလင် လူကြီး တစ်ဦးသည် ချာရီယာ ဥပဒေအရ သေဒဏ် အပြစ်ပေးခံခဲ့ရသည် ဆိုသော သတင်းများလည်း ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်ဟု ဒေသ အာဏာပိုင် တစ်ဦးက ပြောသည်။

မြန်မာ အနောက်ဘက် နယ်စပ် သတိထား စောင့်ကြပ်ရန်လို


မြန်မာ အနောက်ဘက် နယ်စပ် သတိထား စောင့်ကြပ်ရန်လို  

မြန်မာ နယ်စပ် အနီး စောင့်ကြပ်နေသော ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် ဘီဂျီဘီ တပ်သား တစ်ဦး။
နိရဉ္စရာသတင်းဌာန. ၂ရက်နေ့ မတ်လ ၂၀၁၃  —-  ဘင်္ဂလာဒေခ်ျ့တွင် နိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေပြီး နေရာ အနှံ့အပြားတွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသဖြင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ကို အထူး သတိထား စောင့်ကြပ်ရန် လိုအပ်နေကြောင်း နယ်စပ်နေ ဒေသခံ များက ပြောဆိုသည်။
ယခုအခါ မြန်မာ နယ်စပ်ဘက်သို့ အမည်မသိသူ လက်နက်ကိုင်များ ချဉ်းကပ် ၀င်ရောက်မူများ ရှိနေပြီ လူနည်းစု ကျေးရွာများကို ဓါးပြတိုက်မူများလည်း ရှိနေကြောင်း နတ်ကျောက်ဆရီမြို့နယ် အပိုင် ဗျိုင်းမတောက် ရွာသား တစ်ဦးက ပြောသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။