Monday, December 10, 2012

စစ်တွေမြို့နယ်မှန်ဇီကျေးရွာ တစ်ရွာပျောက်ကွယ်သွားခြင်းအပေါ် ဘယ်သူ တာဝန် ယူမလဲ၊

စစ်တွေမြို့နယ်မှန်ဇီကျေးရွာ တစ်ရွာပျောက်ကွယ်သွားခြင်းအပေါ် ဘယ်သူ တာဝန် ယူမလဲ၊ 

စစ်တွေမြို့နယ်မှန်ဇီကျေးရွာ တစ်ရွာပျောက်ကွယ်သွားခြင်းအပေါ် ဘယ်သူ တာဝန် ယူမလဲ၊ ယခုခါတွင် ရွာမှာ လုံးဝပျက်စီးသွားပြီဖြစ်ပြီး ရွာနေရာသာကျန်
------------------------
စစ်တွေမြို့နယ်မှန်ဇီကျေးရွာ တစ်ရွာပျောက်ကွယ်သွားခြင်းအပေါ် ဘယ်သူ တာဝန် ယူမလဲ၊ ယခုခါတွင် ရွာမှာ လုံးဝပျက်စီးသွားပြီဖြစ်ပြီး ရွာနေရာသာကျန် ------------------------------------------------------------------------- ဘင်္ဂလီများ၏ ရန်ကိုစိုးရိမ်သဖြင့် ထွက်ပြေးသွားသော မှန်ဇီ ရခိုင်ကျေးရွာတစ်ရွာ ယခုအခါတွင် နေအိမ်များအားလုံး ဖျက်ဆီးခံလိုက်ရပြီး ရွာနေရာသာကျန်ရှိတော့ ကြောင်းသိရသည်။  စစ်တွေမြို့နယ်အတွင်းရှိ မှန်ဇီကျေးရွာသည် ရခိုင်ရွာတစ်ရွာ ဖြစ်သည်။ အိမ်ခြေ ၂၉ အိမ်ရှိပြီးလူဦးရေ ၁၅၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အပြင် သုဿာန် နှင့်အနီးဆုံးတွင်တည်ရှိသော ရွာဖြစ်သဖြင့် သုဿာန်အား စောင့်ကြည့်နိုင်သော ရွာတစ်ရွာလည်းဖြစ်ပါသည်။  မှန်ဇီရွာအား ဘင်္ဂလီများက ၀င်ရောက်ဖျက်ဆီးခြင်းကြောင့် ရွာတွင် အိမ်ခြေတစ် အိမ်မှမရှိတော့သည်ကိုတွေ့ရသည်။ ထိုသို့ဖျက်ဆီးခြင်းများအား မည်သူမျှ တာဝန် ယူဖြေရှင်းပေးခြင်းမရှိသည့်အပြင် ရွာသားများမှာ ဘေးကင်းရာသို့ ထွက်ပြေးသွား ကြရသည်။ ¬¬ ထိုရွာမရှိခြင်းအတွက် သုဿာန်မှာလည်း မကြာခင်ဖျက်ဆီးခံရမည့်အနေအထား တွင်ရှိနေကြောင်းသိရသည်။ လူမရှိသည်နှင့်အမျှ ဘင်္ဂလီများသည် တိတ်တဆိတ် ဖျက်ဆီးရန် ကြိုးစားလျက်ရှိသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။  ယခုအခါတွင် ဘင်္ဂလီများ သည် နေ့စဉ် ထိုရွာမှ နေအိမ်များကို တစ်စစီဖြိုဖျက်ယူ ငင်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ယင်းရွာရှိ ရခိုင်တိုင်းရင်းသားများသည် ဘင်္ဂလီ များ၏ ရန်ကိုကြောက်ရွံ့ခြင်း၊ လုပ်ကိုင်စားသောက်၍မဆင်မပြေခြင်းနှင့် စိုက်ပျိုးရေး လုပ်လျင်လည်း နေ့စဉ်လာရောက်ဖျက်စီးပစ်ခြင်းများတို့ကြောင့် မိမိတို့၏ စိုက်ခင်း များနှင့် ကျွဲများကိုထားခဲ့ကာ အဆင်ပြေသောကျေးရွာများသို့ ပြောင်း ရွေ့ခဲ့ကြပြီ ဖြစ်သည်။  ထိုသို့ ရွာတစ်ရွာပျောက်ကွယ်သွားခြင်းအပေါ် မည်သူ တာဝန်ယူမည်နည်း၊ ထိုသူ တို့အတွက် ယနေ့ထိ မည်သူမျှကာကွယ်ပေးခြင်းမရှိသဖြင့် ရခိုင်ပြည်နယ်အတွင်း ပထမဆုံးပျောက်ကွယ်သော ရခိုင်ကျေးရွာဖြစ်ကြောင်းသိရသည်။  ထိုကျေးရွာသူ ကျေးရွာသားများအတွက် သီးခြားနေရာများ(သို့မဟုတ်) သင့်တော် သော နေရာများကို စီစဉ်ပေးရန်လိုအပ်နေပြီဖြစ်ကြောင်းသိရသည်။ " နေ့တိုင်းနေ အိမ်တွေကို ဖျက်ယူနေတယ်လို့ သိရတယ်။ ကျွန်တော်တို့လည်းမနေနိုင်တော့တဲ့ အတွက် မောင်နီပြင်အနီးက အောင်မင်္ဂလာရွာကိုပြောင်းနေကြရတယ်။ မှန်ဇီရွာ အနီးဝန်းကျင်မှာ ဘင်္ဂလီတွေ ပြည့်လာတဲ့အတွက် မနေရဲတော့လို့ ထွက်ပေးလာ တာပါ။ အစိုးရကလည်း နေရာထိုင်ခင်းမပေးဘူး။ အိမ်တွေကို လည်းဖျက်စီးခံနေရ တယ်။ ဘယ်သူမှ တာဝန်ယူမပေးဘူး။ ဘင်္ဂလီအိမ်တွေကျတော့ ဘယ်သူမှ မထိရဲ ဘူး။ နာဇီရွာမှာဆို ဒီအတိုင်းရှိနေတယ်။ အခုက ရခိုင်ရွာကိုဆို ဖျက်ချင်သလိုဖျက် နေကြပြီး၊ အိမ်တိုင်ကအစ နံရံကဆုံး မှမကျန်တော့ဘူး။ လုံခြုံရှိနေတဲ့အချိန်တစ် ခေါက်သွားကြည့်ဖူးတယ်။ ဘာမှ မကျန်တော့ဘူး တရွာလုံးကုန်သွားပြီ"ဟု မှန်ဇီ ရွာသား တစ်ဦးကပြောပါ သည်။  အဖွဲ့အစည်းမျာကလည်း ကူညီထောက်ပံ့မပေးသည့်အပြင် အစိုးရဘက်မှလည်း ကူညီမှုများ တစ်စုံတရာမရှိသည့်အတွက် ထိုသို့ ထွက်ပြေးသွားရခြင်းဖြစ်ကြောင်း လည်းသိရသည်။ —   အေးချမ်းမွန်မှ  Rakhine Straight Viewsတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။-------------------------------------------------
ဘင်္ဂလီများ၏ ရန်ကိုစိုးရိမ်သဖြင့် ထွက်ပြေးသွားသော မှန်ဇီ ရခိုင်ကျေးရွာတစ်ရွာ ယခုအခါတွင် နေအိမ်များအားလုံး ဖျက်ဆီးခံလိုက်ရပြီး ရွာနေရာသာကျန်ရှိတော့ ကြောင်းသိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်း လုပ်ဆောင်ရန် CNF နှင့် ညီနောင် ပါတီတို့ ဆွေးနွေး


ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပူးပေါင်း လုပ်ဆောင်ရန် CNF နှင့် ညီနောင် ပါတီတို့ ဆွေးနွေး 

CNF U Aung Min thumb medium550 413ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များအား ပူးပေါင်း အကောင် အထည် ဖော်နိုင်ရန် ညီနောင် တိုင်းရင်းသား ပါတီ (Nationalities Brotherhood Forum) မှ ကိုယ်စားလှယ် များနှင့် ချင်းအမျိုး သားတပ်ဦး CNF ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး ခဲ့သည်။

ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလား ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး


ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလား ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး 

KTO SSLသျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့ သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

အီလစ်တို့ အဆီရစ်လေသော်နှင့် နိုင်ငံရေးလေပြေ



အီလစ်တို့ အဆီရစ်လေသော်နှင့် နိုင်ငံရေးလေပြေ  
PDF Print
Written by ဒေါက်တာရန်မျိုးသိမ်း   
Monday, 10 December 2012 11:29
AddThis Social Bookmark Button
103
အီလစ်ဆိုသောအလွှာသည် ပါးလွှာသော်လည်း အလွန်အသွားထက် လက်တံရှည်သဖြင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတို့တွင် သူတို့၏ နေရာမှာ မှန်းဆသည်ထက် ကျယ်ဝန်းတတ်သည်။ အချိုးပျက် ကြွယ်ဝချမ်းသာမှု သို့မဟုတ် နိုင်ငံရေးအာဏာကို ပိုင်ဆိုင်သော လူအနည်းငယ်ပါဝင်သည့်အဖွဲ့ သို့မဟုတ် အီလစ်များသည် နိုင်ငံရေးတွင်ဖြစ်စေ၊ စီးပွားရေးတွင်ဖြစ်စေ အပြောင်းအလဲကို ခေါင်းကိုင်သူများ၊ နောက်ကွယ်မှ ထိန်းကျောင်းသူများဟု ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်လေ့ရှိသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။