Monday, December 10, 2012

သတင်းမီဒီယာများကို မေတ္တာရပ်ခံသတိပေးစကားတစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှစ်ကြိမ်ပြောကြား


သတင်းမီဒီယာများကို မေတ္တာရပ်ခံသတိပေးစကားတစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်    နှစ်ကြိမ်ပြောကြား 


သတင်းမီဒီယာများအနေဖြင့် သတင်းများ ထုတ်ပြန်ရာတွင် နှစ် ဖက်စလုံးကို မျှမျှတတရေးသားထုတ် ပြန်ရန် ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် ပြောကြားခြင်းအဖြစ် ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် သတင်းထောက် များကို ပြောကြားခဲ့သည်။

''သတင်းထောက်တွေကို လည်း မေတ္တာရပ်ခံလိုပါတယ်။ ဒီကိစ္စပဲ ဖြစ်ဖြစ် တခြားကိစ္စပဲဖြစ်ဖြစ် သတင်း ထုတ်ပြန်တဲ့အခါမှာ မျှမျှတတ လုပ် ပေးစေချင်ပါတယ်။ သေသေချာချာ စိစစ်ပါ၊ သေသေချာချာ စုံစမ်းပါ၊ အခြေခံ၊ နောက်ခံအကြောင်းတွေကို လည်း သေသေချာချာ လေ့လာပါ။ မျှမျှတတနဲ့ နိုင်ငံရဲ့ ရေရှည်အကျိုး ကို ကြည့်ပြီး မှန်မှန်ကန်ကန် သုံး သပ်တင်ပြစေချင်ပါတယ်''ဟု ကြေးနီ စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသပိတ်စခန်းများကို အင် အားသုံးဖြိုခွင်းခဲ့ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း မုံရွာမြို့ရှိ ဝင်းယူနီယံဟိုတယ်၌ သ တင်းမီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းမီဒီယာများအနေဖြင့် နှစ်ဖက် စလုံးကို မျှမျှတတ ဖော်ပြပေးရန် မေတ္တာရပ်ခံခဲ့သည်။
ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၅)ရက်မြောက်နေ့ တွင် လွှတ်တော်တွင်း၌ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ပုလဲမဲဆန္ဒနယ်မှ ဒေါ် ခင်စန်းလှိုင်၏အဆိုကို ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြန် လည်ဆွေးနွေးစဉ်က လက်ပံတောင်း တောင် ကြေးနီးစီမံကိန်းနှင့် ပတ် သက်၍ ဆန္ဒထုတ်ဖော်မှုများကြီး ထွားလာရခြင်းမှာ မီဒီယာများ၏ ပယောဂ မကင်းကြောင်းထည့်သွင်း ဆွေးနွေးခဲ့သည်။
''ကျွန်မတို့နိုင်ငံဟာ အင်မတန် ခက်ခဲတဲ့ လမ်းကို လျှောက်လှမ်းနေ တယ်ဆိုတာ ခဏခဏ ပြောပါတယ်။ အဲဒီ ခက်ခဲတဲ့လမ်းကို လျှောက်တဲ့ အခါမှာ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ် တဲ့ သတင်းထောက်တွေလည်း ပါပါ တယ်။ ကိုယ်လျှောက်နေတဲ့ ခက်ခက် ခဲခဲလမ်းကို တတ်နိုင်သလောက် ချောမွေ့အောင် ကူညီခင်းပေးကြပါ လို့ မေတ္တာရပ်ခံပါတယ်''ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။