Sunday, September 30, 2012

အမေရိကန်ရောက် မြန်မာ့နိုင်ငံရေး အတွေးအမြင်


အမေရိကန်ရောက် မြန်မာ့နိုင်ငံရေး အတွေးအမြင်   PDF Print
Written by မောင်သွေးချွန်   
Sunday, 30 September 2012 10:54
AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်း ပြောကြားနေစဉ် Photo: AFP
စက်တင်ဘာလအတွင်း အမေရိကန်ရောက် မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ၀န်ကြီး ဦးအောင်မင်း၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ဖြစ်ကြပါတယ်။ သူတို့ဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ကပြနေသူများလည်း ဖြစ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ ထိပ်တန်းအကြောင်း အရာများဖြစ်တဲ့
(၁)တိုင်းရင်းသားများနှင့်အမျိုး သားရင်ကြားစေ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲအခြေအနေ
(၂) ရခိုင်ရိုဟင်ဂျာအရေး
(၃) မြန်မာပြည်အပေါ် စီးပွား ရေးပိတ်ဆို့မှုများ ဖြေလျော့ရေးတို့ကို အမေရိကန်ခေါင်းဆောင်များနဲ့ရော မီဒီယာများနဲ့ပါ မုချမသွေအမေး အဖြေလုပ်ကြရမှာ ဖြစ်ပါတယ်။
ခုချိန်ထိတော့ သမ္မတကြီးလည်း အမေရိကန်ရောက်ကာစပဲ ရှိသေးတော့ သမ္မတကြီးရဲ့အသံဘာမှမကြား ရသေးပါဘူး။ ၀န်ကြီး ဦးအောင်မင်းဟာ နိုင်ငံတော်သမ္မတရဲ့ ခရီးစဉ် အောင်မြင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်နေစဉ်မှာပင် မီဒီယာများနဲ့ တွေ့ဆုံရာမှာ "နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့ စကားလုံးကို တရားဝင် သုံးနှုန်းသွားပါတယ်။ (နိုင်ငံရေးအကျဉ်းသားမရှိလို့ စတင်ပြောဆိုခဲ့သူ ကတော့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏ မောင်လွင်ဖြစ်ပြီး အစိုးရသစ်တက် လာကာစက ဂျနီဗာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။)"နိုင်ငံရေးအကျဉ်းသားမရှိ" ဆို တဲ့စကားကို နိုင်ငံတော်သမ္မတကြီး အပါအ၀င် အစိုးရအဖွဲ့ဝင် လူကြီးများက တညီတညွတ်တည်း ပြော ကြားခဲ့ပါတယ်။ (နိုင်ငံရေး အကျဉ်း သားဆိုတဲ့ စကားကို "ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေသူ"ဆိုတဲ့ စကားနဲ့ အစားထိုး အသုံးပြုခဲ့တာ တွေ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟစ်လာရီကလင်တန် မြန်မာပြည်လာရောက် လည်ပတ်စဉ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ ပြောခဲ့တာတွေထဲက မှတ်သားစရာတစ်ခုကို သတိရနေမိပါတယ်။
"ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်လောက် ရှိနေသေးတယ်ဆိုရင်တောင် တော်တော်များလှတဲ့ ကိန်းဂဏန်းပဲ"တဲ့။အမေရိကန် မြန်မာရွှေလမ်းငွေ လမ်းခင်းရာမှာအမေရိကန်အစိုးရက "နိုင်ငံရေး အကျဉ်းသား" ပြန်လွှတ် ပေးဖို့ ထည့်သွင်းတောင်းဆိုပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရပါတယ်။ ၂၀၁၂ ခုနှစ်စက်တင်ဘာ ၁၇ ရက်က အကျဉ်းသား ၅၁၄ဦး ပြန်လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၀၄ ဦးပါတယ်လို့ ဦးအောင်မင်းက RFA ရုပ်သံအစီအစဉ်တစ်ခုမှာ ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ (၂၅-၉-၁၂ ထုတ် မဇ္ဈိမဂျာနယ်)
အတိုက်အခံ ဒီမိုကရေစီအင်အားစုများကတော့ နိုင်ငံရေးအကျဉ်းသားများ ထောင်အသီးသီးတွင်ကျန် ရှိနေသေးကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကတော့ "နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပုံကလည်း အလီလီအလာလာဗျာ၊ ဗြဟ္မာပြည်က အပ်တစ်စင်း လူ့ပြည်က အပ်တစ်စင်းအင်းစိန်ထောင်  ဘူးဝမှာ တိုးဆုံခြင်းလို့ ဆိုရမယ့်ကိန်းမျိုးဗျ။ ပြန်ပေးဆွဲထားသူတွေကို ပြန်ပေးသမား လွှတ်ပုံလွှတ်နည်း တောင်းစရာတွေတောင်း၊ တားစရာတွေတား ပြီးမှ လွှတ်တာမျိုးဗျ၊ သိသာလွန်း တာက နိုင်ငံရေးအကျဉ်းသားလွှတ် တိုင်းရောင်တော်ပြန်နဲ့ ရောလွှတ်တာဖြစ်နေတယ်၊ အစိုးရလူကြီးတွေ မင်းခမ်းမင်းနား ပေါ်ချိန်မှာ အကျဉ်းသားလွှတ်တယ်"လို့ သုံးသပ်ဝေ ဖန်သွားခဲ့ပါတယ်။ (၂၄-၉-၁၂ ထုတ် ဒီလှိုင်းစာစောင်)
အမေရိကန်အစိုးရက မြန်မာအစိုးရအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ ရုပ်သိမ်းပေးဖို့ စဉ်းစားရာမှာ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ခြင်းနဲ့ တိုင်းရင်းသားများနဲ့ အပစ်အခတ် ရပ်စဲငြိမ်းချမ်းခြင်းဆိုတဲ့ အကြောင်းအရာများအပေါ် အဓိကထားစောင့် ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရဟာ အမေရိကန်နဲ့ အပေးအယူ လုပ်တိုင်းမှာ နိုင်ငံရေး အကျဉ်းသားများကို ဓားစားခံများသဖွယ် အသုံးချနေတယ်လို့ ဝေဖန်သံများ ကြားခဲ့ရခြင်းဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ရဲ့ ရည်မှန်းချက်များဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့အတွက် အမေရိကန်အစိုးရရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ရုပ်သိမ်းပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကိုလည်း တောင်းဆိုခဲ့တယ်။ ယုတ်စွအဆုံး Washington Post သတင်းစာကြီးနဲ့တွေ့ဆုံစဉ်မှာတောင် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပန်ကြားတောင်းဆိုခဲ့ရတဲ့ အထိပါပဲ။
"လက်ရှိအနေအထားအရတိုင်း ပြည်မှာအလုပ်အကိုင် အခွင့်အလမ်းတွေ အင်မတန်နည်းပါးပါတယ်။ သူများတိုင်းပြည်တွေမှာ သွားပြီး အလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်လောက် ရှိပါတယ်။ ပြည်တွင်းမှာလည်း ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၆ ရာခိုင်နှုန်း လောက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ် ဆက်ပြီး ကျင့်သုံးစေချင်တယ်။ ဒီမိုကရေစီ ဆက်ပြီး ရှင်သန်ဖွံ့ဖြိုးစေချင်တယ်ဆိုလို့ရှိရင် စီးပွားရေး အရ ပိတ်ဆို့တားဆီးထားမှုတွေကို ဖြေလျှော့ပေးဖို့ ခင်ဗျားတို့ ၀ိုင်းပြီး ဆောင်ရွက်ပေးသင့်ပါတယ်။ (၂၆ ဇန်န၀ါရီ ၁၂ ထုတ် ပြည်သူ့ခေတ် ဂျာနယ် စာမျက်နှာ ၁၃)
Sanction ကြောင့် အစိုးရအပေါ် သက်ရောက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ပြည်သူလူထုကတော့ ဒုက္ခရောက်ပါတယ်လို့ သမ္မတကြီးက ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေပြီး အစိုးရကတော့ ချမ်းသာနေမြဲ၊ ပန်းပန်လျက်ပဲလို့ ပြောချင်သလား မသိပါ။ မည်သို့ပင်ဖြစ်စေ၊ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို မကြည့်ရက်တဲ့အတွက် ပြည်သူ့အတွက်တောင်းဆိုပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ "မြန်မာစီးပွားရေး ချွတ်ခြုံကျရတာ Sanction ကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း mismanagement ကြောင့်ပါ"လို့ CNNသတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ (၂၇-၉-၁၂ ထုတ် မြန်မာနယူးစ်ဝိခ်ဂျာနယ် စာ-၁၉)

Sanction ကြောင့် အစိုးရအပေါ် သက်ရောက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ပြည်သူလူထုကတော့ ဒုက္ခရောက်ပါတယ်လို့ သမ္မတကြီးက ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေပြီး အစိုးရကတော့ ချမ်းသာနေမြဲ၊ ပန်းပန်လျက်ပဲလို့ ပြောချင်သလား မသိပါ။ မည်သို့ပင် ဖြစ်စေ၊ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို မကြည့်ရက်တဲ့အတွက် ပြည်သူ့အတွက် တောင်းဆိုပေးတဲ့  . . .
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကြီးတွေအပေါ် ကျွန်မအတော်လေး သဘောကျပါတယ်"လို့ CNN ကိုပြောခဲ့တာကို စက်တင်ဘာလ ၂၇ရက်၊ အောက်တိုဘာလ ၃ ရက် ၂၀၁၂ထုတ် "ရန်ကုန်တိုင်းမ်"ဂျာနယ်က မျက်နှာဖုံးမှာ စာလုံးကြီးကြီးနဲ့ အလွန်ထင်ရှားစွာ ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ကိုလံဘီယာတက္ကသိုလ်ခန်းမ၌ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများနဲ့တွေ့ဆုံပြီး မေးခွန်းတွေဖြေဆို ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်ဗိုလ်ချုပ်များက နေအိမ်တွင် အကျယ်ချုပ် ၁၅ နှစ် ခန့်ထားခဲ့သဖြင့် "စစ်တပ်ကို မုန်းပါသလား" ဆိုတဲ့မေးခွန်းမျိုးလည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်က မည်သည့် အခါမျှ စစ်တပ်ကို မမုန်းခဲ့ပါကြောင်း ဖြေကြားခဲ့ပါတယ်။ ပြီးတော့ တပ်မတော်သား ဗိုလ်ချုပ်အချို့၏ လုပ်ရပ်အပေါ် မုန်းတီးစိတ်ဖြစ်မိသော်လည်း တပ်မတော်သားများကို မုန်းတီးခြင်းမျိုး ဖြစ်နိုင်မှာမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ (၂၇-၉-၂၀၁၂ ထုတ် မြန်မာနယူးစ်ဝိခ် စာ-၂၂)
စက်တင်ဘာ ၁၈ရက်နေ့ ဗွီအိုအေ(VOA)နဲ့ တွေ့ဆုံခန်းမှာ ဦးကျော်ဇံသာက ဒီလိုမေးခဲ့ပါတယ်။ "နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တုန်းက အဓိကရည် ရွယ်ချက်သုံးခုဖြစ်တဲ့ ဖွဲ့စည်းပုံကို ပြင်မယ်၊စစ်တပ်ရဲ့ပါဝင်မှုကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်၊ နောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရနိုင်အောင် ကြိုးစားမယ်ဆိုတာ အဲ့ဒီကိစ္စတွေကို ဆောင်ရွက်နိုင် အောင်ကြိုးစားဖို့ ကိစ္စရော အတော် ခရီးဝေးပါသေးသလား။
ဒေါ်အောင်ဆန်းစုကြည်ကဒီလို ဖြေခဲ့ပါတယ်။ "ကျွန်မတို့ နည်းနည်းပြင်မယ်၊ ကျွန်မတို့ ပထမဆုံးတရားဥပဒေစိုး မိုးရေးလို့ပြောပါတယ်။ နောက်ပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ စိုးမိုးရေး၊ အဲ့ဒီမှာ ကျွန်မတို့အဓိကက ဖွဲ့စည်းပုံ အခြေခံဥပဒေစိုးမိုးရေး ပြုပြင်ရေးပေါ့နော်။ ပြုပြင်ရေးမှာ တပ်ကိုဖယ်ရှားမယ်ဆိုတာ အဓိက မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ကိုက် ညီအောင်လုပ်ဖို့ပါပဲတဲ့။" (၂၄-၉-၂၀၁၂ ထုတ်ဒီလှိုင်းစာစောင်စာ-၁၄)
နိုင်ငံရေးဆိုတာ တရားသေ မဟုတ်ဘူး၊ အခြေအနေအချိန်အခါ နေရာဒေသအားလျော်စွာ ပြင်ရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သင်ခန်းစာပေးသွားပါတယ်။ ဒီမိုကရေစီစံနှုန်းစံထားဆိုတာ ပြည်သူ တွေရဲ့ မဲဆန္ဒနဲ့တက်လာတဲ့ အစိုးရ၊ ပြည်သူက ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ လွှတ်တော်ထဲ အလိုအလျောက်ရောက်လာတဲ့ ၂၅ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်ကြီးများအတွက် ဖွဲ့စည်းပုံပြုပြင်ရေးမှာ တပ်ကို ဖယ်ရှားမယ်ဆိုတာ အဓိက မဟုတ်ပါဘူး"လို့ ဒေါ်အောင်ဆန်းစုကြည်က အာမခံချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ပြည်တွင်း ငြိမ်းချမ်းရေးရဖို့အတွက် ၀င်ရောက်ကူညီစေချင်ရင် အချိန်မရွေး အဆင်သင့်ပါပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် အဓိကထားပြီး ပြောရေးဆိုခွင့်ပေးရမှာက တိုင်းရင်းသား လူမျိုးစုများပဲ ဖြစ်ပါတယ်။ အမေရိကန်ရောက် (SNLD) ပါတီရဲ့ ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ဗွီအိုအေတွေ့ဆုံခန်းကို ၂၃ စက်တင်ဘာ ၂၀၁၂ ည ၉ နာရီ အစီအစဉ်မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။ (ဦးခွန်ထွန်းဦး အင်တာဗျူးကို ဂျာနယ် ၁၀ စောင်လောက်မှာ ကျွန်တော်လိုက်ရှာသော်လည်း မတွေ့ခဲ့ပါ။ ရေဒီယိုက နားထောင်ခဲ့ရတာ တွေထဲက ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။)
"ပြည်တွင်းစစ်ရပ်စဲရေးမှာအစိုးရ ရဲ့လုပ်နည်းလုပ်ဟန်က လွန်ခဲ့တဲ့နှစ် ၅၀ ကလုပ်နည်းကို ဆက်ကျင့်သုံးနေတယ်။ အရေးကြီးတာက အစိုးရသည် ကတိသစ္စာတည်ရမယ်၊ ရိုးသားဖြောင့် မတ်ရမယ်၊ ခုလုပ်နေတာက တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဖြစ်နေတယ်။ ရှမ်းအဖွဲ့တွေ SSA ကိုပြည်သူ့စစ်ဖွဲ့ဖို့ ပြောတယ်၊ SSA နဲ့ SURA ကို ငြိမ်းချမ်းရေး ဆွေးနွေးတယ်၊ ပြီး တော့ အစိုးရဘက်မှာအောက်ခြေ တပ်ကသဘောတစ်မျိုး ဖြစ်နေတယ်"လို့ ရှင်းပြရင်း စစ်တပ်နဲ့ သမ္မတသဟ ဇာတမဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်နည်းအမှန်က သုံးပွင့်ဆိုင်ဆွေး နွေးရေးပဲဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက အခိုင်အမာပြော ဆိုပါတယ်။ ဒီနေ့ အစိုးရဟာ တိုင်းရင်းသားတွေအပေါ် စနစ်မျိုးစုံသုံးပြီး ဆက်ဆံနေကြောင်း၊ တိုင်းရင်းသားချင်း ခွဲခြားဆက်ဆံတာတွေ ရှိကြောင်း၊ ဒီလိုခွဲခြားဆက်ဆံတာတွေ ရှိနေသမျှ ငြိမ်းချမ်းရေး မရနိုင်ဘဲ ဒုံရင်းပြန်သွားနိုင်ကြောင်း၊ ဦးသိန်းဇော်နဲ့ ဦးအောင်မင်းတောင်မှ တစ်ပြေးညီ မကျကြောင်း၊ ဒါ့ကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း၊ တစ်စားပွဲတည်း ထိုင်ပြီး လွတ်လပ်စွာ ဆွေးနွေးမှ အဖြေပေါ်မည်ဖြစ်ကြောင်း ...။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့အဖြေကို လွှတ်တော်မှာ လုံးဝမရနိုင်ကြောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ခွဲထွက်ဖို့ မဟုတ်ကြောင်း၊ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား တွေဘက်က နှစ်ဆယ်...သုံးဆယ် လောက်အစပိုင်းမှာ ရအောင်ယူပြီး ငါးဆယ်ရရင် အမြတ်ပဲလို့ ဦးခွန်ထွန်းဦးက ပွင့်လင်းမြင်သာရှင်းလင်းစွာ အဖြေပေးခဲ့ပါတယ်။
ဦးခွန်ထွန်းဦး ပြောခဲ့တာတွေကို ငြိမ်းချမ်းရေးရဲ့အခြေခံမူအဖြစ် လေးနက်စဉ်းစားသုံးသပ်ပြီး အဖြေရှာသင့်ကြပါတယ်။
တိုင်းရင်းသားအရေးမှာ အရေး ကြီးလှတဲ့ "ရခိုင်ဋိပက္ခ"ကို ဦးကျော်ဇံသာ(ဗွီအိုအေ)က ထည့်သွင်းမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို ဦးခွန်ထွန်းဦးရဲ့ သုံးသပ် ဖော်ပြချက်များနဲ့ညှိနှိုင်းတိုက်ဆိုင် ကြည့်သင့်တယ်။
"... အခု အချိန်အခါမှာ ငြိမ်းချမ်းရေးရအောင်လို့ ပဋိပက္ခတွေ ငြိမ်းအောင်လို့ လုပ်နေတာဟာ အစိုးရအဖွဲ့အစည်းက လုပ်နေတာ၊ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတာ၊ အဲ့ဒီ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတဲ့ကိစ္စတွေကိုလည်း ကျွန်မတို့က ထိခိုက်အောင် မလုပ်ချင်ဘူး။ တကယ်ပဲ တစ်ခုခု လုပ်နိုင်လို့ရှိလို့ရှိရင် ကျွန်မတို့ လုပ်ပေးမယ်။ ဒါပေမယ့် ကိုယ်က မလုပ်နိုင်ဘဲနဲ့ သက်သက်ဝေဖန်တဲ့ အလုပ်တွေလည်း ကျွန်မတို့ မလုပ်ချင်ဘူး။" (၂၄-၉-၂၀၁၂ထုတ် ဒီလှိုင်း)

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နယူးယောက်မြို့ Queen's College မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောခဲ့ပြန်ပါတယ်။ ရခိုင်နဲ့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ....."တချို့က ကျွန်မကို မကျေနပ်ကြဘူး။ တစ်ဖက်ကို ဘာဖြစ်လို့ တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောတာလဲဆိုပြီးတော့ မကျေနပ်တာတွေ ရှိကြပါတယ်။ တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမဟုတ်ဘူး။ အဲ့ဒီတော့ အချင်းချင်း  ပဋိပက္ခတွေပိုပြီးတော့ ကြီသွားမယ်။
"ကျွန်မတို့အားလုံး ၀ိုင်းဝန်းစဉ်းစားရမှာက ဒီပဋိပက္ခတွေငြိမ်းသွား အောင်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရမှာပါ။ ဘာကြောင့်လဲ ဇစ်မြစ်ကိုသွားရမယ်။ အဲ့ဒီပြဿနာရဲ့ ဇစ်မြစ်ကိုလေ့လာပြီးတော့မှ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်"(၂၃-၉-၂၀၁၂ ထုတ် မော်နီတာဂျာနယ်)
ရခိုင်နဲ့ ကချင်ပဋိပက္ခတွေမှာ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ မတူကြပါဘူး။ ရခိုင်မှာဖြစ်နေတာက ရခိုင်နဲ့ရိုဟင်ဂျာ ရွာလုံးကျွတ် မီးရှို့ လူတွေသတ်၊ နယ်မြေသိမ်းစသည်။ ကချင်မှာဖြစ်နေတာက ကချင်နဲ့ အစိုးရတပ်မတော်ကြားက လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်တဲ့တိုက်ပွဲတွေ။ ရခိုင်နဲ့ကချင်မတူညီတဲ့ ပြဿနာနှစ်ခုကို လုံးထွေးပြီး တစ်ပုံစံတည်း ပြောသွားလို့ မသင့်တော်ပါဘူး။
ဒေါ်စုကပြဿနာရဲ့ ဇစ်မြစ်ကို လေ့လာရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဇစ်မြစ်ဆိုတာ "သမိုင်း ကြောင်း" ကိုပြောတာ၊ ရခိုင် ရိုဟင်ဂျာ (ဘင်္ဂါလီ) ပဋိပက္ခက ကိုလိုနီခေတ်ကတည်းက စတာ၊ ကချင်တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်က ၁၉၄၇ ပင်လုံစာချုပ်ကတည်းက စတာ။ ပြဿနာကအနာလည်း သိဆေးလည်းရှိပါလျက် ရောဂါကို မွေးထားတဲ့အတွက် အသက်ထွက်လုမတတ် ခံစားနေရတဲ့ လူနာအတွက် ကျွန်တော်တို့ ကြိုးစားပြီး အသက်ကယ်တဲ့အလုပ်ကို လုပ်ကြမှာပါ။ ကချင်အရေးကိုပဲ ကြည့်မယ်ဆိုရင်...စက်တင်ဘာ ၂၁ရက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာတောင် အပစ်အခတ်မရပ်စဲထား နိုင်ဘဲ တစ်နေ့လုံးတစ်ညလုံး ပစ်ခတ်နေလိုက်ကြတာတဲ့။ ကချင်ပြည် နယ်ကြီး တစ်ခုလုံးရဲ့ ၉၅ရာခိုင်နှုန်း လောက်ဟာ စစ်မြေပြင်ကြီး ဖြစ်နေ ပြီတဲ့။ (စက်တင်ဘာ ၂၇၊အောက်တို ဘဘာ၂၃/၂၀၁၂ ရန်ကုန်တိုင်းစာ၁၂)
ရခိုင်မှာဆိုရင်တော့ ဒီလထဲမှာပဲ ရခိုင်တစ်ယောက် လည်လှီးသတ်တာ ခံလိုက်ရကြောင်း ဂျာနယ်ပါသတင်းများအရ သိရပါတယ်။ သမ္မတကြီးကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ ပြည်ထောင်စု ဖွားတိုင်းရင်းသား မဟုတ်ကြောင်းနဲ့ တတိယနိုင်ငံတစ်ခုခုမှာ သွားနေသင့်ကြောင်း အမှန်တရားဘက်က ရပ်တည်ပြောဆိုခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှုကို ပိုပြီးတော့ ရခဲ့ပါတယ်။
၂၅-၉-၂၀၁၂ ကရသေ့တောင် အလိုတော်ပြည့်ကျောင်းတိုက်မှာရခိုင် လူထုအစည်းအဝေးပွဲကြီး ကျင်းပခဲ့ပါတယ်။ ရခိုင်နိုင်ငံရေးပါတီတွေက ဦးဆောင်ကျင်းပတာ မဟုတ်ဘဲ ရပ်မိရပ်ဖတွေက ဦးဆောင်ခဲ့တာပါ။ နှစ်ရက်ကြာ အစည်းအဝေးပွဲကြီးရဲ့ ရလာဒ်အဖြေကတော့ "ရခိုင်နဲ့ရိုဟင်ဂျာ" အတူယှဉ်တွဲပြီး မနေနိုင်တော့ဘူးတဲ့။ ပြဿနာတွေက အဲ့ဒီလောက် ထိကြီးမားပြင်းထန်နေပါပြီ။ (၂၅-၉-၂၀၁၂ ည ဘီဘီစီသတင်း)
ရခိုင်အရေး ကချင်အရေးတွေမှာ ဘယ်ဘက်ကမှမပါဘဲ လက်ပိုက်ကြည့်နေသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီအချိန်မှာပဲ "ကျွန်တော်များ "၀" ဒီမိုကရက်တစ်ပါတီက ရခိုင်ပြည်နယ်သူ /သားများနှင့် ထပ်တူထပ်မျှ ယူကြုံးမရ ၀မ်းနည်းပါကြောင်းနှင့် နောင်အခါ အလားတူ မလိုလားအပ်တဲ့ အကြမ်းဖက်ဖြစ်ပွားမှုမျိုး မပေါ်ပေါက်ရလေအောင် တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အရေးများအား အခိုင်အမာ အကာအကွယ်ပေးနိုင်သည့် ဥပဒေများပြဌာန်းရန်နှင့် ပြစ်မှုကျူးလွန် ချိုးဖောက်သူများကို စံနမူနာအဖြစ် ဖော်ထုတ်၍ ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်ရန် တိုက်တွန်းပါသည်"ဆိုတဲ့ ကြော်ငြာချက် စာတမ်းတစ်စောင် ၁၅-၉-၂၀၁၂ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ထုတ်ပြန်တင်သွင်းခဲ့ပါတယ်။ (၂၄-၉-၁၂ ထုတ် လွှတ်တော်ဂျာနယ်)

ဝ တိုင်းရင်းသားများက ကချင်အရေးကိုလည်း မေ့မချန်ထားပါဘူး။ ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့ ဒီမိုကရေစီနေ့မှာ အလေးအနက်တောင်း ဆိုသွားပါတယ်။
"ဒီမိုကရေစီစနစ်မှာဆိုရင် အရေးကြီးဆုံးကိစ္စတစ်ခုက ...တာဝန်ယူမှု (accountahility) ပေါ့။ မြင်သာမှု (transperency) ပေါ့။ အဲဒါတွေရှိ ရမယ်"လို့ ၂၉ စက်တင်ဘာ ၂၀၁၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာတွေ ကျွန်တော် ပြန်သတိရနေပါတယ်။ (ခုဆိုဗျူးနှစ်ပတ်လည်ပေါ့)
တာဝန်ယူမှုဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် ပိုပြီးအရေးကြီးလှပါတယ်။
Comments 
0 #2 hunted democracy 2012-10-01 11:34
Sanction ကြောင့် အစိုးရအပေါ် သက်ရောက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ပြည်သူလူထုကတော့ ဒုက္ခရောက်ပါတယ်လို့ သမ္မတကြီးက ပြောကြားသွားခဲ့ပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေပြီး အစိုးရကတော့ ချမ်းသာနေမြဲ၊ ပန်းပန်လျက်ပဲလို့ ပြောချင်သလား မသိပါ။ မည်သို့ပင်ဖြစ်စေ၊ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို မကြည့်ရက်တဲ့အတွက် ပြည်သူ့အတွက်တောင်းဆိုပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ရမှာပါ။

"တချို့က ကျွန်မကို မကျေနပ်ကြဘူး။ တစ်ဖက်ကို ဘာဖြစ်လို့ တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောတာလဲဆိုပြီးတော့ မကျေနပ်တာတွေ ရှိကြပါတယ်။ တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမဟုတ်ဘူး။ အဲ့ဒီတော့ အချင်းချင်း ပဋိပက္ခတွေပိုပြီးတော့ ကြီသွားမယ်။
"ကျွန်မတို့အားလုံး ၀ိုင်းဝန်းစဉ်းစားရမှာက ဒီပဋိပက္ခတွေငြိမ်းသွား အောင်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရမှာပါ။ ဘာကြောင့်လဲ ဇစ်မြစ်ကိုသွားရမယ်။ အဲ့ဒီပြဿနာရဲ့ ဇစ်မြစ်ကိုလေ့လာပြီးတော့မှ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်"(၂၃-၉-၂၀၁၂ ထုတ် မော်နီတာဂျာနယ်)
ရခိုင်နဲ့ ကချင်ပဋိပက္ခတွေမှာ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ မတူကြပါဘူး။ ရခိုင်မှာဖြစ်နေတာက ရခိုင်နဲ့ရိုဟင်ဂျာ ရွာလုံးကျွတ် မီးရှို့ လူတွေသတ်၊ နယ်မြေသိမ်းစသည်။ ကချင်မှာဖြစ်နေတာက ကချင်နဲ့ အစိုးရတပ်မတော်ကြားက လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်တဲ့တိုက်ပွဲတွေ။ ရခိုင်နဲ့ကချင်မတူညီတဲ့ ပြဿနာနှစ်ခုကို လုံးထွေးပြီး တစ်ပုံစံတည်း ပြောသွားလို့ မသင့်တော်ပါဘူး။
ဒေါ်စုကပြဿနာရဲ့ ဇစ်မြစ်ကို လေ့လာရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဇစ်မြစ်ဆိုတာ "သမိုင်း ကြောင်း" ကိုပြောတာ၊ ရခိုင် ရိုဟင်ဂျာ (ဘင်္ဂါလီ) ပဋိပက္ခက ကိုလိုနီခေတ်ကတည်းက စတာ၊ ကချင်တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်က ၁၉၄၇ ပင်လုံစာချုပ်ကတည်းက စတာ။ ပြဿနာကအနာလည်း သိဆေးလည်းရှိပါလျက် ရောဂါကို မွေးထားတဲ့အတွက် အသက်ထွက်လုမတတ် ခံစားနေရတဲ့ လူနာအတွက် ကျွန်တော်တို့ ကြိုးစားပြီး အသက်ကယ်တဲ့အလုပ်ကို လုပ်ကြမှာပါ။
 
+36 #1 naythuyain 2012-09-30 14:39
ကိုယ်က မလုပ်နိုင်ဘဲနဲ့ သက်သက်ဝေဖန်တဲ့ အလုပ်တွေလည်း ကျွန်မတို့ မလုပ်ချင်ဘူး။

ကျတော်တို့ မြန်မာပြည်မှာ အဲဒါတွေ များနေသလားလို့ :roll: ကိုယ်တိုင်က ဘာမှ မလုပ်ပေးနိုင်ပဲ ဘေးထိုင်ပြောတာတော့ လူတိုင်းရပါတယ် ...

တရားဥပဒေနဲ့ လူထုဆန္ဒပြပွဲ


တရားဥပဒေနဲ့ လူထုဆန္ဒပြပွဲ   PDF Print
Written by ဇော်ဇော်အောင်   
Sunday, 30 September 2012 11:39
AddThis Social Bookmark Button
စက်တင်ဘာလ ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လှုပ်ရှားမှုပြုလုပ်နေသူများ ဆန္ဒဖော်ထုတ်နေသည်ကို လှိုင်မြို့နယ်ကန်လမ်းတွင် တွေ့ရစဉ်
၁။ ဒီမိုကရေစီကို ရွာကလူတွေ သိအောင် လုပ်ပေးကြပါလို့ . . . ဆောင်းပါးတွေ လေးငါးစောင်မက ကျွန်တော်ရေးခဲ့ပါတယ်။ သဘောကတော့ သာမန်လူတွေ နားလည်အောင် ရေးကြသားကြပြီးတော့ ဒီမိုကရေစီ အကြောင်း ဖြန့်ဖြူးဝေငှကြပါလို့ ဆိုလိုတာပါ။ ရွာကလူတွေလို့ ပြောလိုက်တော့ မြို့ကလူတွေကောလို့ မေးစရာရှိပါတယ်။ မြို့ကလူတွေလည်း သိပ်မသိကြသေးတာ သေချာပါတယ်။ နှစ်ပေါင်းငါးဆယ်လောက် စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်တွေအောက်မှာ ပြားပြားမှောက်နေခဲ့ရတော့ အတွေးအမြင် ဆင်ခြင်မှုတွေ အမှောင်ကျခဲ့ရတယ်။ ဒါ့ကြောင့် မြို့ကလူတွေလည်း သိပ်မသိကြသေးဘူးလို့ ပြောခဲ့တာပါ။ ကောင်းပါပြီ၊ဒီလိုဆိုတော့ ဒီအကြောင်းတွေကိုပြောနေတဲ့ ခင်ဗျားကော ဘယ်လောက်သိသလဲလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်လည်း သိပ်မသိသေးပါဘူးလို့ မကွယ်မ၀ှက် ဖြေရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ ပြောရရင် ကျွန်တော် ၁၅ နှစ်သား မုံရွာတန်း မြင့်ကျောင်း (အခုအမှတ်တစ်) န၀မတန်းမှာကတည်းက အလံနီပါတီကလာပ်စည်းဝင် ဖြစ်ခဲ့တယ်။ 
ကျွန်တော် နိုင်ငံရေးဥပဇ္ဈာယ်ဆရာက "ဘုန်းကြီးကန်ထွန်းကြည်"လို့ ခေါ်ကြတဲ့ လေဖြတ်လို့ ကိုယ်တစ်ပိုင်းသေနေတဲ့ "ကိုထွန်းကြည်" ဖြစ်ပါတယ်။ အခုတော့ ကွယ်လွန်ရှာပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံးဆရာပါ။ ဒီ နောက် မန္တလေးတက္ကသိုလ်ရောက်တော့ ကလာပ်စည်းအတွင်း မာ့က္စ၀ါ ဒသင်တန်းကို ပို့ချပေးသူက "ကိုဝင်းမောင်သန်း" ဖြစ်ပါတယ်။ ယောင်ဝါးဝါးပါပဲ။ ရန်ကုန်တက္ကသိုလ်ကိုရောက်တော့ ရွှေဘိုဆောင်မှာနေရတယ်၊ အဲဒီက "တွံတေးတောကြီးတန်း"မှာရှိတဲ့ အလံနီအောက်ဗမာ ပြည်ဌာနချုပ်ကို သင်တန်းသွားတက်ရတယ်၊ ပို့ပေးတဲ့လူက "ရခိုင်ကိုထွန်းတင်" ဖြစ်ပါတယ်။ ရှုမ၀မဂ္ဂဇင်းမှာ မောင်မောင်ထွန်း ကလောင်အမည်နဲ့ ကဗျာတွေရေးပါတယ်။ အဲဒီအချိန်အထိ ယောင်ဝါးဝါးပါပဲ။ တောကိုသွားပြီး သင်တန်းတက်စဉ်က ကျွန်တော့အသက် ၂၀ မပြည့်သေးပါဘူး။ ပြောချင်တာက ပါတီတစ်ရပ်အနေနဲ့ ပျောက်ကွယ်သွားပေမယ့် ရှိစဉ်တုန်းကတော့ ဒီလိုအခြေအနေ အခင်းအကျင်းတွေ ရှိခဲ့တယ်။ လေ့ကျင့်သင်ကြားခဲ့ရတယ်ဆိုတာ ပြောချင်တာပါ။ ဒီနေ့လူငယ်တွေအနေနဲ့ ဒီမိုကရေစီအကြောင်း သိအောင်လုပ် ကြစေချင်လို့ပါ။ (ကျွန်တော်ငယ်ငယ်တုန်းက ဒီမိုကရေစီအကြောင်း ဘာမှ မသိခဲ့ရပါ။)
၂။ လက်ထဲမှာ နိုင်ငံရေးစာအုပ်တွေ (မာ့က္စ၀ါဒစာအုပ်တွေ) တကိုင်ကိုင်နဲ့ပါပဲ။ ဘာမှသိပ်မသိသေးတာတော့ ၀န်ခံရမှာပေါ့။ အဲဒီတုန်းက "ကျော်လင်းစာပေ ဖြန့်ချိရေး"ဆိုတာ လက်ဝဲစာပေတွေကို ဘာသာပြန် ထုတ်ဝေပေးနေတဲ့ စာအုပ်တိုက်ရှိခဲ့ တယ်။ ဘယ်သူတွေ ဘာသာပြန်ကြသလဲဆိုတာ မသိပါ။ သမိုင်းမှာ ကျေးဇူးတင်စရာ အကွက်တစ်ကွက်ပါပဲ။ မှတ်မိနေတာ "မာ့က္စ၀ါဒ၏ ရေသောက်မြစ်သုံးသွယ်"ဆိုတဲ့ စာအုပ် ကလေးဖြစ်ပါတယ်။ ရေးသူက Lenin  "လီနင်" (Three main sources and three component parts of  Marxism)။ ဒီစာအုပ်လေး သတိတရပြန် ဖော်နေရတာက ရေးထားတဲ့ အင်္ဂလိပ်စာက လွယ်လို့ပါပဲ။ ဒီနေ့ ဒီမိုကရေစီအကြောင်း ဆောင်းပါးတွေ၊ စာအုပ်စာတမ်းတွေ ရေးနေကြသူတွေ၊ ထုတ်နေကြသူတွေကို ကျေးဇူးတင်စရာပါ။ လွယ်ဖို့လိုတယ်ဆိုတဲ့ အချက်ကို သတိပြုစေချင်တာပါ။ ဒီမိုကရေစီကို ပို့ချပေးနေတဲ့ ပါတီကြီးတစ်ခုရဲ့ သင်တန်းတွေရှိတယ်လို့လည်း ကြားမိပါတယ်။ လေးစားစရာ ကျေးဇူးတင်စရာပါ။ လူငယ်တွေကို နိုင်ငံရေး သင်တန်းတွေ ပို့ချပေးတာကို အားပေးပါတယ်။ လိုအပ်နေလို့ပါ။
၃။ တစ်နေ့ကပဲ လူငယ်လေးတစ်ယောက်နဲ့ ဆုံလို့စကားပြောဖြစ်တယ်၊ မကြာခဏ သူတို့နဲ့ ဆုံဖြစ်ပါတယ်။ စကားပြောရင်းနဲ့ သူက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့ စကားတစ်ခွန်းကို အလေးအနက် ပြောပြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ . . . ပြည်သူ့သဘောဆန္ဒ မပါရှိသော အမိန့်၊ ညွှန်ကြားချက်နဲ့ ဥပဒေများသည် ဒီမိုကရေစီမဟုတ်၊ အာဏာရှင်ဆန်သော စနစ်သို့ ယိမ်းယိုင် သွားနိုင်ကြောင်း ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက မိန့်ကြားခဲ့တယ်။ ကျက်သရေရှိတဲ့ စကားပါပဲ။ လေးစားကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ နိုင်ငံရဲ့ အကြီးအကဲတွေမှာ ဒီလိုအတွေးအခေါ် အယူအဆတွေ ရှိနေတယ် ဆိုတာလည်း ၀မ်းသာစရာ ကောင်းပါတယ်။ ဥပဒေဆိုတာ တရားကိုယ် သဘောအရ လူထုကြီးတစ်ရပ်လုံးရဲ့ လူထုအခွင့်အရေးတွေ (citizen rights) ကို ကာကွယ်ဖြစ်တယ်၊ အနှစ်သာရအားဖြင့်လည်း "တရားဥပဒေ စိုးမိုးရေး (rule of law) ကိစ္စဖြစ်တယ်။ သူရဦးရွှေမန်းပဲပြောခဲ့ တာ ရှိတယ်။"တရားဥပဒေအထက်မှာ ဘယ်သူ့မှမရှိရဘူး" No one is above the law. အပြန်အလှန် အဓိပ္ပာယ်ကောက်ရင် တရားဥပဒေဟာ လူတိုင်းရဲ့အထက်မှာ ရှိတယ် လို့ရတယ်။ ဒါလောက် တန်ခိုးသတ္တိကြီးမားတဲ့ "တရားဥပဒေ" ဟာဘယ်သူ့အတွက် မှမဟုတ်ဘူး။ ပြည်သူလူထုကြီး အတွက်ပဲ ဖြစ်ရမယ်။
၎။ နောက်အလေးအနက် ဆင်ခြင်သင့်တဲ့အချက်က . . . တရားဥပဒေဟာ (သို့မဟုတ်) တရားရုံးတွေဟာ အစိုးရလုပ်ဆောင်ချက်များရဲ့ တရားဝင်မှုကို အာမခံတာဝန်ယူ နိုင်ရမယ်၊ လွယ်အောင်ပြောရရင် အစိုးရ ဘာလုပ်သလဲ၊ အဲဒီလုပ်တဲ့ကိစ္စဟာ လုပ်သင့်သလား၊ တရားဝင်ရဲ့လားဆိုတာကို တရားဥပဒေအဖွဲ့အစည်းတွေ (Legal bodies) တရားရုံးတွေ (courts) က စောင့်ကြည့်ရမယ်၊ ဆုံးဖြတ်ရမယ်၊ အစိုးရလုပ်တာတွေကို တာဝန်လည်းယူရမယ်၊ မ လုပ်သင့်တာတွေ၊ တရားမ၀င်တာတွေကို အစိုးရက လုပ်လာရင်တား မြစ်ရမယ်၊ (- - - to ensure the accountability of government for the legality of its actions) 

လူထုဆန္ဒ(ပြည်သူ့ဆန္ဒ) သဘောထားမပါရှိတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ လူထုဆန္ဒပြပွဲဆိုတာ အစိုးရကို ဆန့်ကျင်တာ ရန်လုပ်တာ မဟုတ်ပါဘူး။ မိမိတို့ လိုအပ်ချက်၊ နစ်နာချက်တွေကို အေးအေးဆေးဆေး တင်ပြချင်တာပဲ ဖြစ်ပါတယ်။  ဒီအချက်ကို နှစ်ဦးနှစ်ဖက်သဘော တူမျှကြရင် အကျိုးစီးပွား ဖြစ်ထွန်းစရာတွေချည်းပဲ ဖြစ်ပါကြောင်း  . . .
၅။ နောက်ထပ်တစ်ဆက်တည်းမှာပဲ အလေးအနက် စဉ်းစားသင့်တဲ့ အချက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးသူရ ဦးရွှေမန်းပြောခဲ့တာနဲ့ ဆိုင်ပါတယ်။ ပြည်သူ့သဘော ဆန္ဒမပါတဲ့ အမိန့် ညွှန်ကြားချက်၊ ဥပဒေများဟာ ဒီမိုကရေစီ မဟုတ်ဘူး။ . . . ဆိုတဲ့ အချက်ပါပဲ။ ဖြစ်တတ်တာကလေးတွေ ရှိပါတယ်။ အလွယ်တကူပြောလို့ဆိုလို့ ဆုံးဖြတ်လို့ မရတတ်ဘူး။ အလေးအနက်ဆင်ခြင်ဖို့ လိုအပ်တဲ့ကိစ္စကလေးတွေ ရှိတတ်ပါတယ်။ ဆိုကြပါစို့ . . . စကားပမာအားဖြင့် အကြောင်းကိစ္စ တစ်ခုခု၊ နစ်နာချက် တစ်ခုခုကြောင့် လူထုက ချီတက်ဆန္ဒ ပြကြမယ်ဆိုပါတော့။ အဲဒါကို အစိုးရက လူထုငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လိမ့်မယ်၊ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တယ်၊ ဆူပူမှုတွေ ဖြစ်ပွားနိုင်တယ် . . . ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဆန္ဒပြပွဲကို ပိတ်ပင်တယ်၊ သို့မဟုတ် လျှောက်လွှာတင်ရမယ်ဆိုတဲ့ ကန့်သတ်မိန့်ကို ထုတ်ပြန်တယ်။ ရိုးရိုးကလေး စဉ်းစားကြည့်လူထုက ချီတက်ဆန္ဒပြချင်တယ်။ အစိုးရက ခွင့်မပြုဘူး။ အကြောင်း ပြချက်က ငြိမ်ဝပ်ပိပြားရေး ထိခိုက်မှာ စိုးလို့ . . .။ လူထုက ဆူပူချင်လို့ ဆန္ဒပြတာမဟုတ်ဘူး။ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်ချင်တာ၊ အဲဒါကို (တရားရုံးကပဲ) ဥပဒေ၊ အမိန့်ကန့်သတ်ချက်တွေနဲ့ တားမြစ်တယ်၊ အဲဒါ လူထုဆန္ဒမပါဘူး။ လူထုသဘောထား မဟုတ်ဘူး။
အေးချမ်းစွာ စုဝေးပိုင်ခွင့် ဆန္ဒပြပိုင်ခွင့်ဟာ လူထုမှာ နဂိုကတည်းကရှိ ပြီးသား၊ လျှောက်လွှာတင် ခွင့်ပြုမိန့်တောင်းဖို့ မလိုအပ်ပါဘူး။ အဲဒါ အခြေခံ ဒီမိုကရေစီ အခွင့်အရေးပဲ။ တကယ်လို့ အစိုးရဘက်က ပြောသလို စိုးရိမ်သလို ဆူပူမှုဖြစ်လာရင် အရေးယူဖို့ ဥပဒေကလည်း နဂိုကတည်းကရှိပြီးသားပဲ မဟုတ်လား။ အရေးယူစရာရှိရင် အရေးယူပါ။ တရားဥပဒေအတိုင်းပဲပေါ့။ တစ်ဖက်က ပြန်ကြည့်ရင် လူထုကလည်း စည်းကမ်းတကျ အေးအေးချမ်းချမ်း ဆန္ဒပြဖို့ လိုတယ်။ ဆန္ဒပြပွဲကြောင့် မလိုလားအပ်တာတွေ မဖြစ်အောင် လူထုကလည်း ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ Democratic Culture "ဒီမိုကရေစီ ယဉ်ကျေးမှု"ဆိုတာ ရှိတယ်။ 
အစိုးရနဲ့ လူထု ဒီလိုအပြန်အလှန်သဘော ဆန္ဒတူမျှကြရင် အပြန်အလှန်အပေး အယူရှိကြတာမျိုးဟာ . . . "ဒီမိုကရေစီ ယဉ်ကျေးမှု" ပါပဲ။ အဲဒီတော့ စကားစဉ်ကို ပြန်ချုပ်ရင် . . . ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း မိန့်ကြားခဲ့သလို . . . လူထုဆန္ဒ (ပြည်သူ့ဆန္ဒ) သဘောထား မပါရှိတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ လူထုဆန္ဒပြပွဲဆိုတာ အစိုးရကို ဆန့်ကျင်တာ ရန်လုပ်တာ မဟုတ်ပါဘူး။ မိမိတို့လိုအပ်ချက်၊ နစ်နာချက်တွေကို အေးအေးဆေး ဆေးတင်ပြချင်တာပဲ ဖြစ်ပါတယ်။  ဒီအချက်ကို နှစ်ဦးနှစ်ဖက် သဘောတူမျှကြရင် အကျိုးစီးပွားဖြစ်ထွန်းစရာတွေချည်းပဲ ဖြစ်ပါကြောင်း

ငါးရက်ကြာ ပိတ်ထားခဲ့ရသော မိုးကောင်း-ဖားကန့်လမ်းပိုင်း ပြန်ဖွင့်



ငါးရက်ကြာ ပိတ်ထားခဲ့ရသော မိုးကောင်း-ဖားကန့်လမ်းပိုင်း ပြန်ဖွင့်   PDF Print
Sunday, 30 September 2012 23:33
AddThis Social Bookmark Button
စက်တင်ဘာလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်အထိ လေးရက်နှင့် ငါးညကြာ ပိတ်ထားခဲ့သော မိုးကောင်း-ဖားကန့် တစ်ခုတည်းသော လမ်းမကြီးကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။ လမ်းပိတ်ရသည့် အဓိက အကြောင်းရင်းမှာ တပ်မတော်သားအများစုက မိုးကောင်းမှဖားကန့်ဘက်သို့ တပ်ရင်းအလိုက် ချီတက်သွား၍ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။
အဆိုပါ လမ်းပိတ်ဆို့ခဲ့မှုကြောင့် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ တက္ကသိုလ်ကျောင်းတက်လာသူများ အဆင်းဘက်တွင် ကားမိုင်းမြို့၌ ပိတ်မိနေပြီး အတက်ကားများမှာ မိုးကောင်း(၈) မိုင်ဂိတ်တွင် ပိတ်မိကာ အခက်အခဲဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
"ကားမိုင်းမှာပိတ်တဲ့ကားတွေ အစီး ၇၀ လောက်ရှိတယ်။ ခရီးသည်တွေကများလွန်းတော့ စာသင်ကျောင်းတွေမှာ သွားအိပ်ကြတာ။ ၂၇ ရက် နေ့မှာ ကျောင်းတွေပိတ်လိုက်ရတယ်။ ခရီးသည်တွေ အတော်များများတော့ လမ်းစရိတ်တွေပြတ်ပြီး နီးစပ်ရာမှာ ချေးငှားသုံးကြတယ်။ ထမင်းကတော့ မြို့နယ်လူမှုကူညီရေးအသင်းက ကျွေးတယ်။ ပစ်သံခတ်သံကတော့ မြို့ထဲကတောင် ကြားနေရတယ်" ဟု ကားဆရာတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လမ်းပိတ်ဆို့မှုတွင် ဖားကန့်မြို့နယ်မှ အဝေးသင်တက္ကသိုလ် တက်ရောက်ရန် ကျောင်းသားအများစု ပါဝင်နေကြောင်းနှင့် မိုးကောင်းမြို့ တွင်လည်း တက္ကသိုလ်များမှ စာမေးပွဲပြီး၍ပြန်လာသော ကျောင်းသားအများစု ပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။
ဒေသခံများမှာ လမ်းပိတ်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ဖားကန့်ဒေသတွင် သြဂုတ်လ ၂၇ ရက်နေ့မှစ၍ စက်တင်ဘာ ၂၉ ရက်အထိ အပြန်အလှန် ပစ်ခတ်မှုများရှိနေမှုကြောင့် ဒေသခံအများစုနှင့် အခြေခံပညာအလယ်တန်း၊ အထက်တန်းပညာ သင်ယူနေသူ ကျောင်းသား ကျောင်းသူအများစုမှာ ဒေသစွန့်ခွာမှု များပြားနေကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်ရရှိသော သတင်းများအရ ကချင်ပြည်နယ် မိုးညှင်းနှင့် နမ္မားဘူတာအကြား ရေပေါက်တံတား တစ်ခုတွင် စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်းနှင့် ယခုရထားလမ်း မိုင်းခွဲခံရမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး နှစ်ဘက်တပ်များအကြား တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် ၅၃ ကြိမ်မြောက် မိုင်းခွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

ကျူးကျော်နေထိုင်သူများ တစ်ပတ်အတွင်း ဖယ်ရှားပေရမည်ဖြစ်ပြီး ပြန်လည်နေရာချထားပေးရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း ပြောကြား


ကျူးကျော်နေထိုင်သူများ တစ်ပတ်အတွင်း ဖယ်ရှားပေရမည်ဖြစ်ပြီး ပြန်လည်နေရာချထားပေးရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း ပြောကြား   PDF Print
Sunday, 30 September 2012 23:46
AddThis Social Bookmark Button
ဖယ်ရှားရှင်းလင်းခံခဲ့ရမည့်သူများမှ မြို့တော်ဝန်ကားအား တားဆီးပြီး ဆန္ဒဖော်ထုတ်နေကြစဉ် ဓာတ်ပုံ - ဌေးလှအောင်
စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာတို့ရှိ ကျူးကျော်နေထိုင်သူများအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သွားရောက် ဖယ်ရှား ရှင်းလင်းခဲ့ရာတွင် ကျူးကျော်နေထိုင်သူများနှင့် စည်ပင်ဝန်ထမ်း၊ ရဲဝန်ထမ်းများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် သတင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
''ဒီလိုတရားမ၀င် ကျူးကျော်နေထိုင်နေတဲ့သူတွေကို ဖယ်ရှားရှင်းလင်းမယ်လို့ မပြုလုပ်ခင်ကတည်းက သတင်းစာတွေနဲ့ သူတို့တစ်တွေကို တရားဝင် အသိပေး ပြောကြားထားပြီးသား ဖြစ်ပါတယ်။ ဒီလိုနေထိုင်နေတာကလည်း ဥပဒေမဲ့ဆန်ဆန်လုပ် ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီနေ့ဖြစ်တဲ့ ကျူးကျော်ကိစ္စဆိုရင် သူတို့ဘက်က လောလောဆယ်မှာ မဖယ်ပေးနိုင်ဘူးဆိုတော့ သူတို့ကို တစ်ပတ်အချိန်ပေးပြီး စောင့်သွားမှာပါ။ တစ်ပတ်ပြည့်တာနဲ့ အစီအစဉ်ရှိတဲ့အတိုင်း ဆက် လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မဖယ်ရှားပေးလို့ကတော့ လုံးဝမရပါဘူး။ အဲဒီနေရာတွေက တချို့ဆိုရင် ပိုင်ရှင်ရှိနေပြီး ဂရန်ပေါက်ထားပြီးသားဖြစ်တဲ့ နေရာတွေထဲမှာပါ ၀င်ရောက်နေထိုင်နေကြတာတွေ ရှိပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး မြေ ကွက်ပိုင်ရှင်တွေဆီကနေ မြို့တော်စည်ပင်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ဆီမှာ တိုင်စာတွေ အမြောက်အများ လက်ခံရရှိထားပါတယ်။ အဲဒီကျူးကျော်တွေနေထိုင်တဲ့ နေရာတွေကိုတော့ မြို့ကွက်သစ်စီမံကိန်းအနေနဲ့ ဖော်ထုတ်ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ အဲဒီမြို့ကွက်သစ်မှာ လာရောက်နေထိုင်လို့ရအောင်လည်း ဖိတ်ခေါ်သွားမှာပါ''ဟု မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းက ပြောကြားသွားခဲ့သည်
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် သတင်းသမားများကိုလည်း သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ရာ ယခုလက်ရှိ ဖယ်ရှားလိုက်သည့် ကျူးကျော်များကိုလည်း နေရာအသစ် ပြန်လည်ချ ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းအား မေးမြန်းခဲ့ရာ အစီအမံရှိကြောင်း၊ သို့သော် စိစစ်မှုများစွာ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး မြို့တော်ဝန်၏ ကားကိုတားဆီးခဲ့သူများကို အရေးယူမှု ရှိ၊ မရှိ မေးမြန်း ရာ ပုဂ္ဂလိကဆန္ဒလေးတွေကို တောင်းဆိုခဲ့ကြတာပါ။ အရေးယူဖို့ အစီအစဉ်မရှိပါဘူးဟု ပြန်လည်ဖြေကြားသွားခဲ့သည်။
ယခုလက်ရှိ ကျူးကျော်နေထိုင်ကြသည့် နေရာများမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ကွက်သစ် စီမံကိန်းဖော်ထုတ်သွားမည်ဖြစ်ကာ လမ်းတံတားများ၊ ဆေးခန်း၊ မီးသတ်၊ ကစားကွင်း၊ ဈေး၊ ကျောင်း၊ အစရှိသည်တို့ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး လျှပ်စစ်မီးပါ အလုံအလောက်ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား


၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား   PDF Print
Saturday, 29 September 2012 16:58
AddThis Social Bookmark Button
Asia Society ၌ သမ္မတဦးသိန်းစိန်က မေးမြန်းသည်များကို ပြန်လည်ဖြေကြားနေစဉ် Photo:asia society
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အာရှအသင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက် ပြင်ဆင်သွားရန် ရှိ၊ မရှိ မေးမြန်းမှုနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''သက်တမ်းအားဖြင့်တော့ ကျွန်တော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစောကပြောသလို one term ပဲ လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့ မျှော်မှန်းချက်ကတော့ one term ပဲလုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ဖြေကြားခဲ့သည်

တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့မျှော်မှန်းချက်ကတော့ one term ပဲ လုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်  .  .
သမ္မတ ဦးသိန်းစိန်က မိမိ၏ ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ နောက်ဆုံးပတ်က Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
Channel News Asia ရုပ်သံက "နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရ ရှိနေစေချင်ပါသလဲ။ ဘယ်လိုမျိုး မှတ်မှတ်သားသား ရှိနေစေချင်ပါသလဲ"ဟု မေးမြန်းခဲ့ရာတွင် ''တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့ အသက်အရွယ်အရ၊ ကျွန်တော့်ရဲ့ ကျန်းမာရေးအရ ဒီလို စဉ်းစားလာတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီလိုမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။
Comments 
 
+2 #12 joyseeker 2012-10-01 09:07
Other than u Thein Sein and Aung San Suu Kyi,i wish to have another party coz every day these two are making the front page and i think that without antagonists our country won't be the best country in the world.
 
+52 #11 layzaw1 2012-09-29 22:40
အရင်တုန်းကတော့ ပထမသက်တမ်းဘဲလုပ်မယ်ပြောပြီးတော့..ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်ပေးနိုင်မယ်ဆိုရင် ဘယ်သူသမ္မတလုပ်လုပ် ကြိုဆိုလျှက်ပါခင်ဗျာ..
 
+24 #10 casperchitoo 2012-09-29 22:36
စကားကျွံတာတွေ သိပ်များနေရင် မကောင်းပါဘူးဗျာ.....
 
+55 #9 Thanshein 2012-09-29 22:08
သမ္မတကြီးရဲ့  မိမိကိုယ်ကို နှိမ့်ချတတ်မှု. အများသဘောကို ရှေ့ တန်းတင်မှု ပြတ်သားမှုတို့ က ကျွန်တော်တို့ လူငယ်တွေအတွက် အတုယူစရာပါ. အထူးသဖြင့် ခေါင်းကျက်ခေါင်းစား အမြီးကျက် အမြီးစားတဲ့ ကျုပ်တို့ မြန်မာနိုင်ငံထဲမှာ ခုလို လူပုဂ္ဂိုလ်မျိုးဆိုတာ. တော်တော်ရှားပါတယ်. ဒါပေမယ့် အသက်အရွယ်ကို ထောက်ကြည့်ရင်တော့ နောက်တဆက်မှာ ပိုပြီးတက်ကြွ လှုပ်ရှားမှုအားကောင်းတဲ့ ၄၀ နဲ့  ၅၀ ကြားလောက်က ပြည်သူအတွက် တကယ်အကျိုးပြုတဲ့ သူတယောက်လောက်ဆို. မဆိုးဘူး ထင်ပါတယ်...
 
+26 #8 kcho 2012-09-29 21:52
သမ္မတကြီးကိုနောက်ထပ်(၅)နှစ်လောက်တာဝန်ဆက်ထမ်းဆောင်
စေချင်ပါတယ်
 
+60 #7 Mr.talkative11 2012-09-29 21:34
'ဆိုခဲစေ မြဲစေ' ဆိုရင်တော့ ပိုကောင်းမှာပေါ့
ရှားရှားပါးပါး ပြောင်းလဲလာတဲ့ 'great reformer'တယောက်အဖြစ် သမ္မတကြီးကို လူထုက သဘောကျချင်ပေမဲ့ သမ္မတကြီးရဲ့ ပါတီကိုတော့...
နိုင်ငံရေးဇတ်ခုံမှာ တထောင့်တနေရာကနေ ဆက်ပါဖို့တော့ ရိုးရိုးသားသား မျော်လင့်မိပါတယ်..
 
 
-59 #6 kat267 2012-09-29 21:15
ပြည်သူအများစုက ထောက်ခံတော့လည်း မလွဲသာ မရှောင်သာ
အားနာပါးနာ ဘာညာပေါ့။
 
 
+90 #5 myint thein 2012-09-29 20:28
သမ္မတကြီးပြောတာ အလွန်မှန်ပါတယ်။ ပီပြင်တဲ့ ဒီမိုကရေစီစံနစ်မှာ အခြေခံဥပဒေနဲ့ တရားဥပဒေသည် အရေးကြီးဆုံးဖြစ်ပါသည်။ သမ္မတ၏သက်တမ်းသည်လည်း အခြေခံဥပဒေသတ်မှတ်ချက်အတိုင်းဖြစ်ရပါမည်။ သမ္မတလုပ်လိုသူများသည် ဥပဒေနှင့်ညီလျှင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခွင့်ရှိရပါမည်။ လူထုကကြိုက်နှစ်သက်လို့ ထောက်ခံလို့ မဲ အများဆုံးရလျှင် သမ္မတဖြစ်ဖို့ အလားအလာ သေချာပါသည်။ ကျွန်တော့်ပုဂ္ဂလိကအမြင်အရကတော့ သမ္မတသည် နှစ်ကြိမ် ဆက်တိုက်အရွေးခံနိုင်ခွင့် ရှိရပါမည်။ သက်တမ်းနှစ်ကြိမ်ထက်လည်းမပိုသင့်ပါ။ တခြားပုဂ္ဂိုလ်တွေ အစွမ်းပြဖို့၊ တိုင်းပြည်အတွက် အားထုတ် အကျိုးဆောင်ဖို့ အလှည့်လည်းပေးသင့်ပါသည်။ နိုင်ငံတနိုင်ငံမှာ လူတော်လူကောင်းများလေ၊ နိုင်ငံတိုးတက်လေဖြစ်ပါသည်။ ယှဉ်ပြိုင်ဖို့ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ပေးရပါမည်။ ယ္ခုလက်ရှိသမ္မတကြီး ဒီလိုစံနမူနာကောင်းတွေ ပြသွားနိုင်လျှင် တိုင်းပြည်အနာဂတ်ရေးအတွက် အဖိုးအနဂ္ဂ ဖြစ်ပါသည်။
 
+63 #4 shyat_sayagyi 2012-09-29 20:02
ကောင်းတာလုပ်တာပဲ လုပ်နိုင်သလောက်သာ လုပ်ပါ၊
Pacemaker လေးကိုလည်း ဂရုစိုက်ပါ။
 
-72 #3 April Fool 2012-09-29 19:29
မင်းသားကြီး ဦးကျော်ဟိန်း……အနားယူမယ်ဆိုပြီး ကြေညာလိုက် သက်တန်းတိုးလိုက်နဲ့ သူတကယ်အနားယူမဲ့နှစ်ကို တနှစ်ပြီးတနှစ် လှလှပပလေး ရွှေ့သွားခဲ့တယ်နော်
ပရိသတ်ကလည်း သူ့ထွင်လုံးကိုသိသိကြီးနဲ့ မသိချင်ယောင်ဆောင် သဘောကျနေပေးလိုက်တာပဲ
နည်းနည်းလေးတော့ရှက်သလိုလိုဖြစ်ရပေမဲ့ သူ့အတွက်ကတော့ နောက်ဆုံးနှစ် နောက်ဆုံးနှစ်ဆိုပြီး ပရိယာယ်သုံးလိုက်တာ နောက်ဆုံးဇာတ်ကားပေါင်းများစွာနဲ့ တော်တော်အထုတ်ပိုက်မိသွားတယ်
ဘာပဲဖြစ်ဖြစ်ပါ ပရိသတ်ကလည်း နောက်ဆုံးဇာတ်ကားတွေ များများကြည့်လိုက်ရတာပေါ့
မင်းသားကြီး ဦးကျော်ဟိန်း တကယ်လုပ်သွားတာပါ
ကျွန်တော်က သူ့အကြောင်းပြောတာပဲဟာကို
ဘာလို့ စိတ်ဆိုးကြတာလဲဟင်............
 
+146 #2 kyoung thar lay 2012-09-29 19:01
သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံတိုးတက်ရေးအတွက် လုပ်ချင်ကိုင်ချင် စိတ်ရှိတဲ့ ၊အနစ်နာခံပြီး ၊ပြည်သူ့ မျက်နှာကြည့်တဲ့ခေါင်းဆောင်ကောင်းတွေ များများပေါ်ထွက် လာပါစေ ။

သမ္မတကြီး ကျန်းမာပါစေ ။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ။
 
+148 #1 Snipher 2012-09-29 18:17
တကယ့်လုပ်နိုင်တဲ့ သူတွေ နိုင်ငံရေးဇာတ်ခုံမှာ ရှိနေပါစေ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။