Sunday, September 30, 2012

၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား


၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား   PDF Print
Saturday, 29 September 2012 16:58
AddThis Social Bookmark Button
Asia Society ၌ သမ္မတဦးသိန်းစိန်က မေးမြန်းသည်များကို ပြန်လည်ဖြေကြားနေစဉ် Photo:asia society
မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အာရှအသင်းနှင့် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက် ပြင်ဆင်သွားရန် ရှိ၊ မရှိ မေးမြန်းမှုနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''သက်တမ်းအားဖြင့်တော့ ကျွန်တော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစောကပြောသလို one term ပဲ လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့ မျှော်မှန်းချက်ကတော့ one term ပဲလုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ဖြေကြားခဲ့သည်

တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့မျှော်မှန်းချက်ကတော့ one term ပဲ လုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်  .  .
သမ္မတ ဦးသိန်းစိန်က မိမိ၏ ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ နောက်ဆုံးပတ်က Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
Channel News Asia ရုပ်သံက "နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရ ရှိနေစေချင်ပါသလဲ။ ဘယ်လိုမျိုး မှတ်မှတ်သားသား ရှိနေစေချင်ပါသလဲ"ဟု မေးမြန်းခဲ့ရာတွင် ''တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့ အသက်အရွယ်အရ၊ ကျွန်တော့်ရဲ့ ကျန်းမာရေးအရ ဒီလို စဉ်းစားလာတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီလိုမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။
Comments 
 
+2 #12 joyseeker 2012-10-01 09:07
Other than u Thein Sein and Aung San Suu Kyi,i wish to have another party coz every day these two are making the front page and i think that without antagonists our country won't be the best country in the world.
 
+52 #11 layzaw1 2012-09-29 22:40
အရင်တုန်းကတော့ ပထမသက်တမ်းဘဲလုပ်မယ်ပြောပြီးတော့..ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်ပေးနိုင်မယ်ဆိုရင် ဘယ်သူသမ္မတလုပ်လုပ် ကြိုဆိုလျှက်ပါခင်ဗျာ..
 
+24 #10 casperchitoo 2012-09-29 22:36
စကားကျွံတာတွေ သိပ်များနေရင် မကောင်းပါဘူးဗျာ.....
 
+55 #9 Thanshein 2012-09-29 22:08
သမ္မတကြီးရဲ့  မိမိကိုယ်ကို နှိမ့်ချတတ်မှု. အများသဘောကို ရှေ့ တန်းတင်မှု ပြတ်သားမှုတို့ က ကျွန်တော်တို့ လူငယ်တွေအတွက် အတုယူစရာပါ. အထူးသဖြင့် ခေါင်းကျက်ခေါင်းစား အမြီးကျက် အမြီးစားတဲ့ ကျုပ်တို့ မြန်မာနိုင်ငံထဲမှာ ခုလို လူပုဂ္ဂိုလ်မျိုးဆိုတာ. တော်တော်ရှားပါတယ်. ဒါပေမယ့် အသက်အရွယ်ကို ထောက်ကြည့်ရင်တော့ နောက်တဆက်မှာ ပိုပြီးတက်ကြွ လှုပ်ရှားမှုအားကောင်းတဲ့ ၄၀ နဲ့  ၅၀ ကြားလောက်က ပြည်သူအတွက် တကယ်အကျိုးပြုတဲ့ သူတယောက်လောက်ဆို. မဆိုးဘူး ထင်ပါတယ်...
 
+26 #8 kcho 2012-09-29 21:52
သမ္မတကြီးကိုနောက်ထပ်(၅)နှစ်လောက်တာဝန်ဆက်ထမ်းဆောင်
စေချင်ပါတယ်
 
+60 #7 Mr.talkative11 2012-09-29 21:34
'ဆိုခဲစေ မြဲစေ' ဆိုရင်တော့ ပိုကောင်းမှာပေါ့
ရှားရှားပါးပါး ပြောင်းလဲလာတဲ့ 'great reformer'တယောက်အဖြစ် သမ္မတကြီးကို လူထုက သဘောကျချင်ပေမဲ့ သမ္မတကြီးရဲ့ ပါတီကိုတော့...
နိုင်ငံရေးဇတ်ခုံမှာ တထောင့်တနေရာကနေ ဆက်ပါဖို့တော့ ရိုးရိုးသားသား မျော်လင့်မိပါတယ်..
 
 
-59 #6 kat267 2012-09-29 21:15
ပြည်သူအများစုက ထောက်ခံတော့လည်း မလွဲသာ မရှောင်သာ
အားနာပါးနာ ဘာညာပေါ့။
 
 
+90 #5 myint thein 2012-09-29 20:28
သမ္မတကြီးပြောတာ အလွန်မှန်ပါတယ်။ ပီပြင်တဲ့ ဒီမိုကရေစီစံနစ်မှာ အခြေခံဥပဒေနဲ့ တရားဥပဒေသည် အရေးကြီးဆုံးဖြစ်ပါသည်။ သမ္မတ၏သက်တမ်းသည်လည်း အခြေခံဥပဒေသတ်မှတ်ချက်အတိုင်းဖြစ်ရပါမည်။ သမ္မတလုပ်လိုသူများသည် ဥပဒေနှင့်ညီလျှင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခွင့်ရှိရပါမည်။ လူထုကကြိုက်နှစ်သက်လို့ ထောက်ခံလို့ မဲ အများဆုံးရလျှင် သမ္မတဖြစ်ဖို့ အလားအလာ သေချာပါသည်။ ကျွန်တော့်ပုဂ္ဂလိကအမြင်အရကတော့ သမ္မတသည် နှစ်ကြိမ် ဆက်တိုက်အရွေးခံနိုင်ခွင့် ရှိရပါမည်။ သက်တမ်းနှစ်ကြိမ်ထက်လည်းမပိုသင့်ပါ။ တခြားပုဂ္ဂိုလ်တွေ အစွမ်းပြဖို့၊ တိုင်းပြည်အတွက် အားထုတ် အကျိုးဆောင်ဖို့ အလှည့်လည်းပေးသင့်ပါသည်။ နိုင်ငံတနိုင်ငံမှာ လူတော်လူကောင်းများလေ၊ နိုင်ငံတိုးတက်လေဖြစ်ပါသည်။ ယှဉ်ပြိုင်ဖို့ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ပေးရပါမည်။ ယ္ခုလက်ရှိသမ္မတကြီး ဒီလိုစံနမူနာကောင်းတွေ ပြသွားနိုင်လျှင် တိုင်းပြည်အနာဂတ်ရေးအတွက် အဖိုးအနဂ္ဂ ဖြစ်ပါသည်။
 
+63 #4 shyat_sayagyi 2012-09-29 20:02
ကောင်းတာလုပ်တာပဲ လုပ်နိုင်သလောက်သာ လုပ်ပါ၊
Pacemaker လေးကိုလည်း ဂရုစိုက်ပါ။
 
-72 #3 April Fool 2012-09-29 19:29
မင်းသားကြီး ဦးကျော်ဟိန်း……အနားယူမယ်ဆိုပြီး ကြေညာလိုက် သက်တန်းတိုးလိုက်နဲ့ သူတကယ်အနားယူမဲ့နှစ်ကို တနှစ်ပြီးတနှစ် လှလှပပလေး ရွှေ့သွားခဲ့တယ်နော်
ပရိသတ်ကလည်း သူ့ထွင်လုံးကိုသိသိကြီးနဲ့ မသိချင်ယောင်ဆောင် သဘောကျနေပေးလိုက်တာပဲ
နည်းနည်းလေးတော့ရှက်သလိုလိုဖြစ်ရပေမဲ့ သူ့အတွက်ကတော့ နောက်ဆုံးနှစ် နောက်ဆုံးနှစ်ဆိုပြီး ပရိယာယ်သုံးလိုက်တာ နောက်ဆုံးဇာတ်ကားပေါင်းများစွာနဲ့ တော်တော်အထုတ်ပိုက်မိသွားတယ်
ဘာပဲဖြစ်ဖြစ်ပါ ပရိသတ်ကလည်း နောက်ဆုံးဇာတ်ကားတွေ များများကြည့်လိုက်ရတာပေါ့
မင်းသားကြီး ဦးကျော်ဟိန်း တကယ်လုပ်သွားတာပါ
ကျွန်တော်က သူ့အကြောင်းပြောတာပဲဟာကို
ဘာလို့ စိတ်ဆိုးကြတာလဲဟင်............
 
+146 #2 kyoung thar lay 2012-09-29 19:01
သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံတိုးတက်ရေးအတွက် လုပ်ချင်ကိုင်ချင် စိတ်ရှိတဲ့ ၊အနစ်နာခံပြီး ၊ပြည်သူ့ မျက်နှာကြည့်တဲ့ခေါင်းဆောင်ကောင်းတွေ များများပေါ်ထွက် လာပါစေ ။

သမ္မတကြီး ကျန်းမာပါစေ ။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ။
 
+148 #1 Snipher 2012-09-29 18:17
တကယ့်လုပ်နိုင်တဲ့ သူတွေ နိုင်ငံရေးဇာတ်ခုံမှာ ရှိနေပါစေ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။