Wednesday, December 12, 2012

လက်ပံတောင်းပြဿနာ ကြီးလာမှာကို မွန်ဒီမိုကရေစီပါတီ စိုးရိမ်


လက်ပံတောင်းပြဿနာ ကြီးလာမှာကို မွန်ဒီမိုကရေစီပါတီ စိုးရိမ် 


မဇ္စျိမသတင်းဌာန. ၁၃ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-  ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာကို ပတ်သက်ပြီး အစိုးရ၏ အကြမ်းဖက်သောနည်းဖြင့် ဖြေရှင်းခြင်းဖြင့် ပိုမိုကြီး မားသော ပြဿနာရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း မွန်ဒီမိုကရေစီပါတီ (MDP) က ကြေညာချက် ထုတ်ပြန်လိုက်သည်။

နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည်


နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည်   PDF Print
Thursday, 13 December 2012 13:58
AddThis Social Bookmark Button
နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်ဖြစ်သော “'ပိုမိုတိကျသော သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)သို့ ပေးပို့ရန် နောက်ဆက်တွဲစာချုပ်နှင့် ပြုပြင်ပြောင်းလဲထား သော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးရန် ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ခြင်းမရှိကြောင်း၊အနာဂတ်တွင်လည်း ထုတ်လုပ်ရန်မရှိကြောင်း ပြသရန်အတွက်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ရေးထိုးပြီးပါက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရန်ဖြစ်သော ဆေးဝါးကုသရေး၊ လယ်ယာထွက်သီးနှံများ ပြုပြင်ထိန်းသိမ်းရေး၊ ပညာသင်ကြားရေး၊ သုတေသနလုပ်ငန်းများဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ ရရှိရေးနှင့် နိုင်ငံ၏ ကျွမ်းကျင်သူပညာရှင်များအား အတွေ့အကြုံများ ရရှိစေပြီး နိုင်ငံတ ကာ အဖွဲ့အစည်းများသို့ ထိုးဖောက်တာဝန်ထမ်းဆောင်နိုင်ရေးစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးကာ စာချုပ်ဝင်နိုင်ငံ ဖြစ်ခဲ့ကြောင်း၊ သို့သော် စာချုပ်ဝင်နိုင်ငံများက စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိသဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်အသုံးပြုမည့် ဘေးအန္တရာယ်ကို ကာကွယ်တားဆီးရန်အတွက် နျူ ကလီးယားလုံခြုံမှု စောင့်ကြပ်ရေးသဘောတူညီချက်များ ဆက်လက်ရေးဆွဲခဲ့ပြီး စာချုပ်ဝင်နိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ နျူကလီးယားလုံခြုံမှု ကာကွယ်စောင့်ကြပ်ရေး သဘောတူညီချက်နှင့် ပမာဏနည်းသည့် နျူကလီးယားသတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင် ၁၉၉၅ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
စာချုပ်ဝင်နိုင်ငံများသည် နျူကလီးယားလုံခြုံမှု ကာကွယ်စောင့်ကြပ်ရေး မူလစာချုပ်ပါပြဋ္ဌာန်းချက်များသည် ပြည့်စုံလုံလောက်မှု မရှိတော့သဖြင့် ပိုမိုတိကျသည့် သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီသို့ ပေးပို့ရန် နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုနိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း လည်း သိရသည်။
ယခင်ရေးဆွဲထားသော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်သည်လည်း ပြည်စုံမှုမရှိသည့်အတွက် ၂၄ နာရီအတွင်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟု သံ သယရှိသည့် နေရာများသို့ ၀င်ရောက် စစ်ဆေးနိုင်သည့် ပြုပြင်ပြောင်းလဲထားသော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်အား ၂၀၀၅ ခုနှစ်တွင် ထပ်မံရေးဆွဲပြီး စာချုပ်ဝင်နိုင်ငံများ ပါဝင် လက်မှတ်ရေးထိုးထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယင်းပြန်လည် ရေးဆွဲထားသည့် စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် နိုင်ငံတစ်ကာ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ဖြေရှင်းနေရသဖြင့် လက်မှတ်ရေးထိုးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"


"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား" 

"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"  လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကို ချက်ချင်းဖျက်သိမ်းရန် အ တွက်လူထုဆန္ဒပြပွဲ တနိုင်ငံလုံး  ပြုလုပ်ကြဖို့ ကြွေးကြော်နေကြ သည်။  လက်ပံတောင်းတောင် ကျေးရွာ -၂၆-ရွာက ပတ်ဝန်းကျင်ကျေးရွာများ၏ တောင်းဆိုသံသည် ခုတော့ သင်္ဃာများကို မီးခိုးဗုံးနှင့် ဖြိုခွဲခဲ့ ၍ အနာရင့်လာသည့် အခြေအနေမျိုး ဖြစ်လာသည် ။  အပ်နှင့်ထွင်ရမည့် အနာကိုခုတော့ဖြင့် ပေါက်ဆိန်နှင့် ထွင်းဖေါက် ပေါက်ခွဲရ မည့်ပြသနာဖြစ်လာပြီ ။  ဆိုရလျှင် ပြည်သူတွေ မသိရှိခဲ့ သော မြန်မာ့စီးပွါးရေးဦးပိုင် အခဏ်းကဏ္ဍကို သိလာကြရသည် ။ ၄င်းသည်ပင် ဤပေါက်ဆိန်နှင့် ဖြေရှင်းရမည့် ပြသနာဖြစ်လာပါတော့သည် ။      တရုပ်နိုင်ငံက ၀မ်ပေါင်ကုမဏီသည် ကနေဒါနိုင်ငံက အိုင်ဗင်ဟို ကုမဏီနှင့် ဦးပိုင်တို့ ဖက်စပ်လုပ်မည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းခဲ့ ပြီးနောက် အစားဝင်လာသော ကုမဏီဖြစ်သည် ။  ယင်းသို့  မြန်မာ့ဦးပိုင်က အစားထိုး စာချုပ်ပြုလုပ်ခဲ့ ရသောကြောင့် ဦးတေဇမှာ ပွဲစားခ-မြန်မာငွေ သန်း( ၅၀ ) ရရှိခဲ့ သည်ဟု သိရသည် ။   ထို့ကြောင့် ယခုလက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် မည်ရွေ့  မည်မျှလုပ်ပိုင်ခွင့် ရှိသည်ကို အကောင်းဆုံးသိရှိသူမှာ ပွဲစားကြီး ဖြစ်သည် ။  ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေရးကော်မရှင်အဖွဲ့ သည် ပွဲစားကြီး ဦးတေဇအားစုံးစမ်းစစ်ဆေး ပါက တိကျသော သတင်းအချက်အလက်များကို ရရှိမည်ဖြစ်သည် ။       ၀မ်ပေါင်ကုမဏီသည် အမေရိကန်ဒေါ်လာ -၁-ဘီလီယံကို အရင်းစိုက်ကာ ဤစီမံကိန်းကို ဆောင်ရွက်ခွင့်ရသည် ။  ၄င်းစီမံကိန်းကို  နှစ်(၃၀ )လုပ်ပိုင်ခွင့်ရသည် ။ အကျိုးအမြတ်မှာ သူ့ ခမြာ တနှစ်လျှင် ( ၁၃.၈ )သန်းရရှိခံစားရမည်ဖြစ်သည် ။  ၀မ်ပေါင်ကုမဏီသည် အရင်းစိုက်ပြီးမည်သည့်လုပ်ငန်းခွင်သုံး ပစ္စည်း ( အဆောက်အဦ ) နှင့်မည်သည့်စီမံကိန်းနယ်မြေအနီးအနားမှာ လူထုများကို  ပေးလျှော်ခြင်း၊၀ယ်ယူခြင်းများကို ပေးရသည့် သူဖြစ်သည် ။   ဤကဲ့ သို့ပေးဆောင်ပြီးဖြစ်ပါကြောင်း တရုပ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး  မစ္စတာလီကျွင်းဟွာက သတင်းစာရှင်းလင်းပွဲမှာ တိကျစွာ ရှင်းလင်းပြော ဆိုခဲ့ သည် ။       မြန်မာအစိုးရသည် ဤစီမံကိန်းမှ နိုင်ငံတော်ကိုယ်စား အကျိုးအမြတ်ကို မြန်မာငွေ -၁၃.၈-သန်းအား တနှစ်လျှင် ရရှိမည်ဖြစ်သည် ။  မြန်မာနိုင်ငံတော်တွင် ပြုလုပ်သောစီမံကိန်းမျိုးဖြစ်၍ ရသောငွေကြေးကြောင့် မြန်မာနိုင်ငံသားတို့  လက်ခံကြေနပ်နိုင်သော အနေအထားဖြစ်ပါသည် ။  ၀မ်ပေါင်စီမံကိန်းနှင့် ဖက်စပ်လုပ်သည်ဆိုသော မြန်မာ့စီးပွါးရေးဦးပိုင် ကုမဏီကလည်း တပြားတချပ်မျှ မထည့်ဝင်ရဘဲ မြန်မာငွေ  - ၁၃.၃ သန်းကို နာမည်ခံရုံနှင့် ရရှိခံစားရပါတော့သည် ။   သို့ သော် စီမံကိန်း၏အမြတ်ငွေတရာတွင်  ( ၅၆.၁) သန်း ဆိုသော အမြတ်ငွေ က ပျောက်နေပါတော့သည် ။  ၄င်းငွေကြေးအမြတ်ငွေကို မည်သူက ရရှိသွားသည်ကို တရုပ်သံအမတ်ကြီးမစ္စတာ လီကျွင်းဟွာက မရှင်းလင်းဘဲ နေခဲ့ သည် ။  သို့ ဆိုလျှင် မြန်မာအစိုးရသည်၎င်း ၊ ဦးပိုင်ကုမဏီသည်၎င်းအတူတူပင်ဖြစ်နေပြီး  နောက်ထပ် အမေရိကန် ဒေါ်လာ ( ၅၆.၁) သန်းကိုလည်းမြန်မာအစိုးရမှ ရရှိသွားပြီဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နေအိမ်မှ ထမင်းချက်တို့   ကားဒရိုင်ဘာတို့  မာလီတို့ အတွက်ပေးစရာငွေမရှိ၍ လွှတ်တော်မှ  တောင်းခံသည်ဆိုခြင်းမှာလူအများရယ်စရာဖြစ်နေပါတော့သည် ။  သို့ သော် ၀မ်ပေါင်ကုမဏီနှင့် ဦးပိုင်တို့  ဖက်စပ်လုပ်သည့် -၂၀၀၈-ခုနှစ်စာချုပ်အရဆိုလျှင် ယခုလက်ရှိ သမ္မတ ဦးသိန်းစိန်၏ တာဝန်ရှိကြောင်း သိနိုင်ပါတော့သည် ။   မည်သို ပင်ဆိုစေ လောလောဆယ်တွင် တနှစ်ပြည့်နေသောစီမံကိန်းလုပ်ငန်းအရ မြန်မာအစိုးရဘဲခေါ်ခေါ် ဦးပိုင်ဘဲ ခေါ်ခေါ် အမေရိကန် ဒေါ်လာ ( သန်း-၅၆-၁)သန်းကို စာရင်းပျောက် ကာ သူတို့  ရရှိခံစားနေကြပါပြီ ။  ၄င်းငွေကြေးရရှိခံစားနေသူများသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးဖို့  မည်သို့ မျှ လုပ်ချင်သည့်ဆန္ဒရှိမည်မဟုတ် ။  ရဟန်းသင်္ဃာတော်တွေကို အကြမ်းဖက် လုပ်ကိုင်ခြင်းကို ကြည့်ရုံမျှ သိနိုင်ပါတော့သည် ။  အခြားတဖက်မှာ တရုပ်နိုင်ငံကလည်း စီမံကိန်းနှင့် ဆက်စပ်နေသည့် ကျေးရွာများကိုလည်း နစ်နာကြေးများ ပေးချေထားပြီးဖြစ်သည်ဟု ပြောဆိုထားသည် ။   ယခုမှ မည်သို့ ကြောင့်ဖြစ်လာသည်မသိတော့ပါဆိုပြီးတရုပ်သံအမတ်ကြီးက ညီးညူပြောဆိုသွားသည်ကို တွေ့ ရပါသည် ။    ဤသို့ပြောဆိုခြင်းသည် နစ်နာကြေးများ လျော်ကြေးများ နည်း ပါးနေသောကြောင့်ဖြစ်ပွါးလာသလို ထောက်ပြပြောဆိုခြင်းမျိုး  ဖြစ်နေသည် ။         စင်စစ်အားဖြင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးများ နှင့် သမ္မတဦးသိန်းစိန်အပါအ၀င် အာဏာလက်ကိုင်ထားသူများသည် အမေရိကန် ဒေါ်လာ( ၆၇-သန်း ) ခန့် ကို ဤစီမံကိန်းမှ ငွေကြေားတပြားတချပ်မျှ အရင်းမစိုက်ဘဲ ခံစားနေရခြင်းဖြစ်သည် ။   လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးအတွက် ဆန္ဒပြပွဲဖြို ခွင်းမှုသည်ဤစစ်အာဏာရှင်များကိုအကာကအကွယ်ပေးထားခြင်းဖြစ်သည် ။   ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောစုံစမ်းစစ်ဆေးရေးကော်မီ သည် ဤဒေါ်သန်း( ၆ရ ) ဖိုးခန့်  ခံစားနေမှုကိုစုံစမ်းစစ်ဆေးနေချိန်တွင်  ဖေါ်ထုတ်ရှာဖွေ တွေ့ ရှိလာမည်ဖြစ်သည် ။  နိုင်ငံတော်အတွက်ဆိုလျှင် မည်သူမဆို လက်ခံနိုင်ပါသည်ဟု လက်ပံတောင်းတောင် ဆန္ဒပြသူများက ထုတ်ဖေါ်ပြောဆိုထားရာ ၄င်းဒေါ်လာ-၆ရ-သန်းသည်လည်း နိုင်ငံတော်ဘဏ္ဍာငွေသို့  ၀င်ရောက်သွားရမည်ဖြစ်သည် ။   မည်သည့်စစ်အာဏာရှင်တိုထံသို့  မရောက်ရှိသင့် ။ အကယ်၍ ရောက်ရှိနေ အုံးမည်ဆိုပါကအစိုးရပြုတ်လျှင် ပြုတ် -မပြုတ်လျှင် ပြည်သူတို့  ခါးစည်းခံရပေတော့မည်သာဖြစ်သည်မို့  တိုက်ပွဲကို ရေကုန်ရေခန်း တိုက်ကြရမည်ဖြစ်ကြောင်း သိနိုင်သည် ။   သို့ သော် မြန်မာနိုင်ငံသူများအဖို့ ယခုအချိန်တွင် အကောင်းဆုံးအတိုက် အခံသမားဆို၍ ရှာမတွေ့ တော့ပြီဖြစ်ရာဤတကြော့လည်း စစ်အာဏာရှင်တို့  ၏ လက်ခုပ်ထဲက ရေလို ဖြစ်သွားရပြီဟု ပြောစရာဖြစ်လာနိုင်သည် ။  သွေးတို့ သည် အေးစက်သွားပြီဟု ပြော၍ ရနိုင်ကောင်းသည် ။  ၁၉၈၈-ခုနှစ်က ဒေါက်တာမောင်မောင်မှ ပါလီမန်ရွေးကောက်ပွဲကို ခေါ်ပေးမည်ဆိုကာ ဆန္ဒပြနေကြသော မြန်မာနိုင်ငံသားများကို ချွေးသိပ်လိုက်ရာ လူတိုင်းသည် သွေးအေးသွားပြီး ခဏတာလေး အုပ်ချုပ်ရေးအာဏာကို မိမိတို့  သဘောအတိုင်း ပြုလုပ်ခွင့် ရခဲ့ ကြသည် ။   သို့ သော် စစ်တပ်မှ အာဏာသိမ်းလိုက်သောအခါ အရာခပ်သိမ်းတို့ သည် ပျောက်ကွယ်ဆုံးရှုံးသွားခဲ့ ရပါတော့သည် ။  ခိုင်အောင်ကျော် ( နယူးယောက် ) http://shwemyanmarmediagroup.blogspot.com/2012/12/blog-post_3305.html#more‎"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ချက်ချင်း ဖျက်သိမ်းရန် အ
တွက်လူထုဆန္ဒပြပွဲ တနိုင်ငံလုံး
ပြုလုပ်ကြဖို့  ကြွေးကြော်နေကြ
သည်။ လက်ပံတောင်းတောင် ကျေးရွာ -၂၆-ရွာက ပတ်ဝန်း ကျင်ကျေးရွာများ၏တောင်းဆိုသံသည် ခုတော့ သင်္ဃာများကို မီးခိုးဗုံးနှင့် ဖြိုခွဲခဲ့ ၍အနာရင့်လာသည့် အခြေအနေမျိုး ဖြစ်လာသည် ။

လက်ပံတောင်းတောင်အရေးနှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း အပိုင်း (၁)


လက်ပံတောင်းတောင်အရေးနှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း အပိုင်း (၁) 

Arakan Times, 12 December 2012 —-
လက်ပံတောင်းတောင် အရေးသည် အမှိုက်ကစ ပြသာဒ် မီးလောင်ခြင်း မဟုတ်ပါ။ ပြသာဒ်ကြီး တစ်ခုလုံးကို လောင်နေသော မီးကျီးခဲသည် အမှိုက်ကလေးတစ်စကို ထပ်မံရှို့မိပြီး ထတောက်လာခြင်း သာ ဖြစ်သည်။ ပြသာဒ်ကြီး တစ်ခုလုံးကို လောင်နေသော မီးကျီးခဲကို စနစ်တကျငြိမ်းသတ်နိုင်မှသာ လက်ပံတောင်းကဲ့သို့ မီးတောက် ကလေးများ တစ်ပြည်လုံးတွင် အလိုလို ငြိမ်းသွားပါမည်။ ဤသည်ကို ရှင်းပါမည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။