စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနယ်မြေတွင် တည်ရှိသော ပထမလယ်တီဆရာတော်ကြီး၏
ကျောင်းနှင့်စေတီတော်တို့အား အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးမည်ဟု
နိုင်ငံတော်သမ္မတက မုံရွာမြို့ရှိ ကျောင်းတိုက်များသို့ ပြန်ကြားခဲ့ကြောင်း
သိရပါသည်။
ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော လက်ပံတောင်းတောင်ရှိ
သာသနာ့နယ်မြေအား သမိုင်းမပျောက်စေရန် မေတ္တာရပ်ခံစာကို မုံရွာမြို့ရှိ
ကျောင်းတိုက် ၁၀၀ ကျော်က လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတထံ အောက်တိုဘာလ ၃၀
ရက်နေ့က ပေးပို့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ သံဃာတော်များ
ဆန္ဒပြနေစဉ် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ စစ်ကိုင်းတိုင်းဒေသကြီး
အစိုးရအဖွဲ့မှတစ်ဆင့် ပြန်ကြားစာများ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်ကြားစာတွင် ထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော
လက်ပံတောင်းတောင်ရှိ သာသနာ့နယ်မြေအား သမိုင်းမပျောက်စေရန် မေတ္တာရပ်ခံစာကို
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ထံမှတစ်ဆင့်
နိုင်ငံတော်သမ္မတထံသို့ ဆက်လက်ပေးပို့ရာတွင် နိုင်ငံတော်သမ္မတက
''သီတင်းသုံးခဲ့သည့် ကျောင်းနှင့်စေတီတော်အား အကောင်းဆုံးဖြစ်အောင် ထိန်း
သိမ်းပေးမည်''ဟု ပြန်ကြားပါကြောင်း ပါရှိပါသည်။
ထိုသို့ ဆရာတော်ကြီးများ၏ မေတ္တာရပ်ခံစာကို
အကြောင်းပြန်ကြားစာပေးပို့ခြင်းနှင့် ပတ်သတ်၍
လက်ပံတောင်းတောင်အရေးအခင်းတွင် ဒဏ်ရာရခဲ့သော မုံရွာမြို့မှ
မြို့မရွှေဂူတိုက်မှ သံဃာတော်တစ်ပါးက'' သီတင်းကျွတ်လပြည့် ပ၀ါရဏာပွဲမှာ
မုံရွာက ကျောင်းတိုက်ပေါင်း တစ်ရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာကို
အခုဒီနေ့ ဆန္ဒပြပွဲမှ လာပြီး ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့ ကျောင်းနဲ့စေတီတွေ
အကောင်း ဆုံးဖြစ်အောင် ထိန်းသိမ်းမယ်ဆိုပြီး လျောက်ထားတော့
တစ်မျိုးဖြစ်နေတယ်။ အစကဘာကြောင့် မလိုက်လျောခဲ့တာလဲလို
့မေးချင်ပါတယ်။သံဃာတော်တွေကတော့ လက်ပံတောင်းတောင်က ဒေသခံလူထုရဲ့ဆန္ဒနဲ့အညီ
ဆန္ဒပြကြတာပဲ။ အခု တောင်းဆိုတာ တောင်းပန်ခိုင်းတာ'' ဟု မိန့်ကြားခဲ့သည်။
ပထမလယ်တီဆရာတော်ကြီး သီတင်သုံးတော်မူခဲ့သည့် ကျောင်းနှင့်
စေတီတော်တို့သည် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း
တောင်မကြီးနှင့် တောင်အရန်၃၃ လုံးကြားတွင် တည်ရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ (တန်ဆောင်မုန်းလပြည့်) နံနက် ၃ နာရီ ကျော်အချိန်က
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းရာတွင် သံဃာတော်အများစုနှင့်
လူအင်အားတစ်ရာကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍
မန္တလေးဆေးရုံကြီးသို့ တက်ရောက် ကုသသည့် သံဃာတော်နှင့် လူနာ ၁၀၅
ဦးရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က
သြ၀ါဒခံယူပွဲပြုလုပ်ခဲ့ပြီး၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာနက
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြန်လည်တောင်းပန်ခဲ့သည်။
လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှ
အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
|
ရည်ရွယ်ရင်းမှာ အောက်ပါအတိုင်း ဟူလို.....
ထိမ်း = ထိမ်းမြား
သိမ်း = သိမ်းပိုက်
သေနင်္ဂဗျူဟာ အလွန်ကျွမ်းကျင်လိမ္မာသူတွေပါ ဘုရား။
Why don't you apologize to the public as well as the monks?
It is obvious that your subordinates have done huge mistake and you are responsible for it.
On the other hand, you shall take strong action on the wrong doers.
As a head of state, you must be decisive and take prompt actions, otherwise, your power will deteriorate and nobody will respect you.
ကတိဆိုတာ တည်ဘို့လိုတဲ့ အကြောင်း၊ တရုတ်ပြည် နဲ့ တပည့်တော်တို့ဘယ်လို တိတ်တိတ်ပုန်း ဆက်ဆံမှုတွေ ရှိတယ် ဆိုတဲ့အကြောင်းတွေ သေသေချာချာ ရှင်းပြထားပီးဖြစ်လို့ လူထုကြီးကိုလဲ သူကဘဲ နားချပေးပါလိမ့်မယ်....
လူထုကြီးကလဲ မုန့်ဖိုးပဲဖိုး လေး နဲနဲပါးပါး ရသွားရင်ကျေနပ်သွားကြမှာပါ.. ဖျား... အကြောင်းသိတွေပါ.. ပူတော် မမူပါနဲ့..
ဖျာ့... တပည့်တော်တို့ မျိုထားတာလေးတွေ နဲနဲပါးပါး အန် ကျွေးလိုက်ပါ့မယ်...
ဆရာတော်တို့ကသာ ကလန်ကဆန်လုပ်ပီး လူ့ ကိစ္စတွေမှာ ၀င်မပါရင် ကောင်းမယ်နော်...... ဖျာ့....
ဒါပဲနော်.. ဖျာ့.....
တပည့်တော်တို့ ကတော့ တတက်စားလဲကြက်သွန် နှတက်စားလဲကြက်သွန် မထူးတော့ပါဘူး....
တပည့်တော်တို့ကို ခဏခဏ ငရဲကြီးအောင်တော့ လာမလုပ်ပါနဲ့လို့ ရိုသေစွာ သတိပေး လျှောက်ထားအပ်ပါသည် ဆရာတော် အရှင်သူမြတ်ကြီး တို့ ဖျား......
ပီးတော့ တရုတ်ပြည်ကလာတဲ့ ရာဝင်အိုးလောက်ရှိတဲ့ မီးဆလိုက်ကြီးတွေ ထွန်းပီးတော့လဲ ပူဇော်ပေးအုံးမယ်လေ....
ကတိဟာ ကတိပါဘဲ ဖုရား....
သူခိုးပေးတဲ့ ကတိလဲ ကတိပါဘဲ....
ဓမြပေးတဲ့ ကတိလဲ ကတိပါဘဲ....
မင်းမှာ ကတိ လူမှာ သစ္စာပါ ဖျား...................
တပည့်တော်တို့ကတော့ ဘုန်းရှင်ကံရှင် မင်းယောင်္ကျားများ ဖြစ်သည့် အားလျော်စွာ ပေးထားတဲ့ ကတိ လုံးဝ လုံးဝ မဖျက်နိုင်ပါဘူး ...ဖျား.....
တစ်ခုခုဖြစ်လို့ အထိအခိုက် အသေအပျောက် မရှိရင် အစိုးရ မျက်နှာပျက်စရာ မဖြစ်တော့ဘူးပေါ့...
တစ်ခုခုဖြစ်လို့ အထိအခိုက် အသေအပျောက် ရှိခဲ့ရင်လဲ မျက်နှာပျက်စရာ ဖြစ်ပေမဲ့လဲ အရှက်မရှိတဲ့ဒုသီလတွေဆိုတော့မျက်နှာပြောင်ပြောင် နဲ့ ဘယ်သူကမှ ဘယ်တာဝန်ကိုမှ ယူမှာ မဟုတ်ပါ။
ဓာတ်ပုံထဲကြည့်လိုက်ပါအုံး...မိုးနည်းနည်းရွာလိုက်တာနဲ့ပြိုကျတော့မယ်...
ဘယ်လိုဦးနှောက်ပိုင်ရှင်ကများ ခြံစည်းရိုးဘေးအထိမြေကိုတူးထားပါလိမ့်...
အချိန်မရွေးပြိုကျသွားနိုင်တယ်...
လောလောဆယ်အချိန်မှာ ကျောင်းထဲဘယ်သူမှမနေတာကောင်းပါတယ်...
တစ်ခုခုထပ်ဖြစ်ခဲ့ရင်... ဘယ်သူတာဝန်ယူမှာလည်း...