Sunday, September 16, 2012

အခက်ကြုံသော်လည်း အမေရိကန် နောက်ဆုတ်မည်မဟုတ်

အခက်ကြုံသော်လည်း အမေရိကန် နောက်ဆုတ်မည်မဟုတ်

လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ်
VOA News, 14September 2012  —-  လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ အလောင်းတွေ အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama က အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်သံရုံးတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွက် ခက်ခဲတဲ့ ရက်တွေကို ရင်ဆိုင်နေရပေမဲ့ ကမ္ဘာကြီးအတွက်နဲ့ တခြားသူတွေရဲ့ လွတ်မြောက်ရေးအတွက် အမေရိကန်ရဲ့ ဆောင်ရွက်မှုတွေ ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူးလို့ သမ္မတက ပြောခဲ့ပါတယ်။
လစ်ဗျားဆိုင်ရာ အမေရိကန် သံအမတ်ကြီး Christopher Stevens  နဲ့ သံဝန်ထမ်း ၃ ယောက် တို့ရဲ့ အလောင်းတွေ Washington မြို့တော်နားမှာရှိတဲ့ လေတပ် အခြေစိုက်စခန်းဆီ သောကြာနေ့က ပြန်ရောက်လာတဲ့ အခမ်းအနားကို ဒုတိယသမ္မတ Joe Biden, နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့လဲ တက်ရောက်ခဲ့ကြပါတယ်၊ တမန်တော် မိုဟာမက်ကို လှောင်ပြောင်တဲ့ရုပ်ရှင်အပေါ် မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေက Benghazi မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ဆန္ဒပြကြရင်း အမေရိကန် သံတမန် ၄ ယောက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
အမေရိကန်သံရုံးဥပစာကို အကြမ်းဖက်တာဟာ ဘယ်လိုမှကို လက်မခံနိုင်ဘူးလို့  သေဆုံးသွား ၄ ယောက်ကို ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး Clinton က ပြောကြားခဲ့ပါတယ်၊ Egypt, Libya, Yemen, နဲ့ Tunisia ပြည်သူတွေဟာ လူအုပ်စု အကြမ်းဖက်မှုဝါဒကို လိုချင်လို့ အာဏာရှင် အစိုးရတွေကို ဖြုတ်ချခဲ့ကြတာမဟုတ်ဘူးလို့ ဝန်ကြီး Clinton ကပြောပါတယ်၊ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ ရုပ်ရှင်ဟာ အင်မတန်မှ ဆိုးဝါးလှတယ်၊ ဒါဟာ အမေရိကန်နဲ့ ဘာမှ မပတ်သက်ဘူးလို့လဲ ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း


ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း 

From : သာနောင်

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

Myanmar Express

ရန်ကုန်မြို့တွင်း ၁၄ မြို့နယ် သုံးရက်ကြာ ဂျိုးဖြူရေ ပြတ်မည်


ရန်ကုန်မြို့တွင်း ၁၄ မြို့နယ် သုံးရက်ကြာ ဂျိုးဖြူရေ ပြတ်မည် 

From : The Voice
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေများကို ဖြန့်ဝေရာ နေရာတစ်ခုဖြစ်သော လှော်ကား ရေပေးဝေကန်မှ ရေပို့ပိုက်ကြီး ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့တွင်း ၁၄ မြို့နယ်တွင် သုံးရက်ကြာ ရေပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ရေပြတ်တောက်မှုမှာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီက စတင်ကာ လှော်ကားရေပေးဝေရေးစခန်းမှ ရေဖြန့်ဝေသည့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ တာမွေ၊ ရန်ကင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ သာကေတနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းအထိ ခေတ္တရေပြတ်တောက်မည် ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လှော်ကား ရေပို့ပိုက်ကြီးမှာ ၆၆ လက်မ ကွန်ကရစ်ပိုက်ဖြစ်ပြီး ၁၉၀၄ ခုနှစ်မှ စတင်အသုံးပြုခဲ့သဖြင့် နှစ်ကာလ ကြာမြင့်သောကြောင့် လည်းကောင်း၊ မြို့နယ်များကို တိုးချဲ့ရေပေးဝေသောကြောင့် လည်းကောင်း စက်စွမ်းအား အရှိန်မြင့် အသုံးပြုနေသောကြောင့် ကွန်ကရစ်ပိုက်ပေါက်မှု ဖြစ်ကာ ရေပြတ်တောက်ခြင်း ဖြစ်ကြောင်း ရေနှင့် သန့်ရှင်းမှုဌာနမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ရေပို့ပိုက်ကြီးကို နေ့ရောညပါ လူအား၊ စက်အားဖြင့် ပြုပြင်နေပြီးစက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ရေပြန်ပေးဝေနိုင်မည် ဖြစ်ကြောင်း၊ ရေပြတ်တောက်မည့် မြို့နယ်များ အနေဖြင့် ယင်းမြို့နယ်များတွင် ဌာနပိုင် တွင်းများမှ တစ်ဆင့် ချိတ်ဆက်၍ ရေပေးဝေ သွားမည်ဖြစ်သဖြင့် နေထိုင်သူပြည်သူများ စိုးရိမ်ရန်မလိုကြောင်း ယင်းဌာနထံမှ သိရသည်။ “ရေပြတ်မယ်ဆိုရင်လည်း ကြိုတင် အသိပေးသင့်တာပေါ့။ ရေမရှိလို့ မဖြစ်ဘူးလေ။ ရှိတဲ့ရေကိုပဲ ချွေတာပြီး သုံးရမယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ လက်ရှိ ရေပြတ်တောက်သော မြို့နယ်များမှာ လှော်ကားရေပေးဝေရေး စခန်းက ပေးဝေနေသော မြို့နယ်များဖြစ်ပြီး ကျန်ရေပေးဝေရေး စခန်းများဖြစ်သော ဂျိုးဖြူရေပေးဝေရေး စခန်းနှင့် ငမိုးရိပ်ရေပေးဝေရေး စခန်းတို့မှ ကျန်မြို့နယ်များကို ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနထံမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့တော်နေ ပြည်သူလူထုကို တစ်ရက်လျှင် ရေဂါလန်သန်း ၁၆၀ ဖြန့်ဝေပေးလျက်ရှိပြီး ရန်ကုန်မြို့တော်တွင် နေထိုင်သော လူဦးရေ ၅ ဒသမ ၁ သန်းကျော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖြန့်ဝေလျက်ရှိသော သောက်သုံးရေများကို တိုက်ရိုက် ရယူသုံးစွဲသူ ၆၂ ရာခိုင်နှုန်း ရှိကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ Myanmar Express

KIA ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများမှတ်တမ်းဓါတ်ပုံ


KIA ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများမှတ်တမ်းဓါတ်ပုံ

From : မြ၀တီMyanmar Express

၂၀၁၃ မှ ၂၀၁၅ အတွင်း ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းခန့် ၀င်ရောက်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို လေးနိုင်ငံဝန်ကြီးများ သဘောတ


၂၀၁၃ မှ ၂၀၁၅ အတွင်း ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းခန့် ၀င်ရောက်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို လေးနိုင်ငံဝန်ကြီးများ သဘောတူ 

From : .7day
အရှေ့တောင်အာရှဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ကျင်းပသော ကွန်ဖရင့်၌ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် လေးနိုင်ငံမှ ခရီးသွားလုပ်ငန်း ၀န်ကြီးများသည် ၂၀၁၃ မှ ၂၀၁၅ အတွင်း ဒေသတွင်းသို့ကမ္ဘာလှည့် ခရီးသည် ၂၅
သန်းခန့် ၀င်ရောက်အောင် ဆွဲဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့သည်။
အဆိုပါ လေးနိုင်ငံပူးတွဲ ကွန်ဖရင့်ကို ဗီယက်နမ်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး ဟောင်တန်ဆန်က ကြီးမှူးကျင်းပခဲ့ပြီး နိုင်ငံတကာမီဒီယာများ တက်ရောက်ခဲ့ကြသည်။ ၀န်ကြီးများသည် ကွန်ဖရင့်တွင် ၂၀၁၀ ပြည့်နှစ်က စတင်သတ်မှတ်ခဲ့သော လေးနိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးအဆင့် ပူးတွဲကြေညာချက်ကို သုံးသပ်ခဲ့ကြသည်။ ကွန်ဖရင့်သို့ လာအိုနှင့် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ မြန်မာနိုင်ငံမှ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ဦးတို့ တက်ရောက်ခဲ့ကြသည်။
ဗီယက်နမ်ဝန်ကြီး ဟောင်တန်အန်က "ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ လေးနိုင်ငံဟာ နိုင်ငံတကာခရီးသည် ၁၂ ဒသမ ၃ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၁၀ ကထက် ခရီးသည်ဝင်ရောက်မှု ၁၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒီထဲမှာ လေးနိုင်ငံအကြား အပြန်အလှန် လည်ပတ်တဲ့ ခရီးသည်ဦးရေ ၂ ဒသမ ၁ သန်းအထိ ရှိခဲ့ပါတယ်" ဟု ပြောသည်။
CLMV ဟု အတိုကောက်ခေါ်ဝေါ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် လေးနိုင်ငံတို့သည် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အာဆီယံ-ဂျပန် (AJC)အဖွဲ့၊ အာဆီယံ-ကိုရီးယား (AKC)အဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ အပါအ၀င် ဒေသတွင်း ခရီးသွားလုပ်ငန်း အေဂျင်စီများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ အဆိုပါ လေးနိုင်ငံသည် ခရီးသွားလုပ်ငန်းဆိုင်ရာ ၀န်ကြီးအဆင့် ကွန်ဖရင့်ကို နှစ်စဉ်ကျင်းပရန် သဘောတူညီခဲ့ပြီး လာမည့်နှစ်တွင် ကွန်ဖရင့်၏ အလှည့်ကျအိမ်ရှင်မှာ ကမ္ဘောဒီးယားနိုင်ငံဖြစ်သည်ဟု သိရသည်။

Myanmar Express

မွတ်ဆလင်နိုင်ငံများမှ အမေရိကန် သံအမတ်ကြီးများအားလုံး ပြန်ခေါ်


မွတ်ဆလင်နိုင်ငံများမှ အမေရိကန် သံအမတ်ကြီးများအားလုံး ပြန်ခေါ်

အမေရိကန် ပြည်ထောင်စုက တူနီးရှားနဲ့ ဆူဒန် နိုင်ငံတွေ အတွင်းက အမေရိကန် သံရုံးတွေက အရေးမကြီးတဲ့ အမှုထမ်း တွေအပါအဝင် သံရုံး အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ အားလုံးကို အမေရိကန်ကို ပြန်လာဖို့ ခေါ် ယူ လိုက်ပါတယ်။
ဒါဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုတွေ ကာလတခု အထိ ဆက်ဖြစ်နေနိုင် တဲ့အတွက် အမေရိကန် အိမ်ဖြူတော်က ကြိုတင် ပြင်ဆင် လိုက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
တူးနစ္စမြို့နဲ့ ခါတွန်း မြို့ တို့က အမေရိကန် သရုံးတွေကို ပရောဖက် မိုဟာမက်ကို သရော်တဲ့ ဗီဒီယိုကြောင့် မကျေနပ်တဲ့ ဆန္ဒပြ လူအုပ်ကြီး တွေက တိုက်ခိုက် ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောခွင့်ရသူကတော့ အမေရိကန် နိုင်ငံသားတွေ အားလုံးကိုလည်း ခရီးသွားလာရေး နဲ့ ဆိုင်တဲ့ သတိပေး ချက်တွေ ထုတ် ထားပေးပြီး ဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ မွတ်ဆလင်ဘုရား နှင့် ဗုဒ္ဓဘုရား တို့ကို ရိုင်းစိုင်းစော်ကားသည့် ဗွီဒီယိုများ ပြုလုပ် ခဲ့ခြင်းကြောင့် ကမ္ဘာအနှံ့ မွတ်ဆလင်ဘာသာဝင်များက ဆန္ဒပြလျှက် ရှိပေမယ့် အမေရိကန် လုပ်သမ အထင်ကြီးကြသည့် ဗုဒ္ဓဘာသာဝင် အများအပြားနေထိုင် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ဝင် များကတော့ တစုံတရာ တုန့်ပြန်ခြင်း မရှိခဲ့ပေ။
Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံ-တရုတ်ကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံ-တရုတ်ကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည် 

From : ခေတ်လူငယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် န၀မအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မကြာမီကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။Myanmar Express

ရုရှား၊ အီဂျစ်၊ ဘရုနိုင်း၊ သြစတြေးလျ ၊ ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးများ ပြောင်းလဲ ခန့်အပ်


ရုရှား၊ အီဂျစ်၊ ဘရုနိုင်း၊ သြစတြေးလျ ၊ ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးများ ပြောင်းလဲ ခန့်အပ် 

Myanmar Express

SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး


SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး 

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာတည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာ
အခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြပါတယ်။
တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား
ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲကို လူ သုံးသောင်းနှစ်ထောင် ဆန့်တဲ့ ဇမ္ဗူသီရီ အားကစားရုံမှာ ကျင်းပမယ်လို့ ဆိုပါတယ်။
လူသုံးသောင်းကျော်ဆန့်တဲ့ ဇေယျာသီရိ အားကစားရုံမှာတော့ ပြေးခုန်ပစ်
ပြိုင်ပွဲအမျိုးမျိုး ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလမှာ အသင့်ဖြစ်နေဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။
လာမယ့် ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံဟာ ဆုတံဆိပ် အများဆုံးရရှိဖို့
မျှော်မှန်းထားတယ်လို့လည်း မလေးရှား Banama သတင်းက
ဖော်ပြပါတယ်။
တစ်ချိန်က မြန်မာဟာ အားကစား အရာမှာ ဒေသတွင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပေမဲ့ စစ်အစိုးရ အဆက်အဆက် နောက်ပိုင်းမှာ အဆင့်နိမ့်ကျသွားခဲ့ပါတယ်။

Myanmar Express

ပိုဆိုးလာတဲ့ကချင်ပြည်နယ်


ပိုဆိုးလာတဲ့ကချင်ပြည်နယ် 

From :ဝေယံမိုး
KNG ၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ မကြာမကြာဖော်ပြနေတဲ့ လူပြောသူပြောများတဲ့ ကချင်ပြည်နယ်ဘက်ကို ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာကျောက်လုပ်နေတဲ့ ကျွန်တော့်ဦးလေးတွေနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေကြည့်ရင်း ဒုက္ခသည်တွေကို လှူရင်းတန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကတော့ စစ်ရေးအခြေအနေမကောင်းလို့ ခဏရပ်ထားရတယ်။ ဟိုရောက်မှပဲ ကြောက်ရကောင်းမှန်း သိတော့တယ်ဗျာ။ လက်နက်ကြီးသံတွေ ဖားကန့်ကနေ မကြာခဏ ကြားနေရတယ်။ ဒေသခံတွေမေးကြည့်တော့ KIA က တော်တော်လေးနယ်ချဲ့လာပုံရတယ်။ အရင်တုန်းက ဖားကန့်နယ်မြေမှာ ကေအိုင်ကေက အခုလောက်မများဘူးလို့ သိရတယ်။ သူတို့ရဲ့ အဓိကဆက်ကြေးကောက်တဲ့နေရာဆိုတော့ ဒီဒေသကို လက်မလွှတ်နိုင်ဘူးနဲ့ တူပါ တယ်။ နှစ်စပိုင်းတုန်းကလည်း ကုမ္ပဏီတစ်ခုကို KIA က သိန်း ၂၀၀၀ တောင်းတယ်။ မပေးရင် Back Hole တို့ Loader တို့ မြေသယ်ယာဉ်တို့ကို မိုင်းခွဲပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ ဈေးဆိုင်တွေနဲ့ လုပ်ငန်းအသေးလေးတွေအပါအ၀င် ဆက်ကြေးအတင်းအဓမ္မ ကောက်ခဲ့ကြ တယ်။ ဓားပြတွေလိုပဲ။ အခြေအနေမကောင်းတော့ ကုမ္ပဏီတွေ အိမ်ပြန်ခေါက်ကြတယ်။ သူတို့အကြိုက်ဖြစ်သွားတယ်။ သူတို့လူတွေနဲ့ပေါင်းပြီး ခိုးထုတ်နေကြတယ်။ ရသမျှဟာ သူတို့ အတွက်ပဲလေ။ အချို့ကုမ္ပဏီတွေက မိုးကျလာတော့ ပစ္စည်းတွေပြန်မသယ်နိုင်ဘဲ Site ထဲမှာ ပဲထားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၉ ရက်နေ့ကဆိုရင် ရွှေဂေါင်ဂေါင် ကျောက်စိမ်းကုမ္ပဏီထဲဝင်ပြီး ဆက်ကြေးတောင်းတာမရလို့ ကုမ္ပဏီက မိုးကျလို့ မသယ်နိုင်ဘဲ ထားခဲ့တဲ့ ယန္တရားတွေနဲ့ မြေသယ်ကားတွေ၊ ဂိုဒေါင်တွေ၊ အဆောက်အအုံတွေအကုန်လုံး မီးရှို့လိုက်တယ်လို့ သိရတယ်။
အခုလည်း အခြေအနေမကောင်းလို့ ရွာကနေ ဖားကန့်ဘက်ကို ပြောင်းလာကြတာ အိမ်ထောင်စု ၁၀၀၀ ကျော်လောက်ရှိတယ်။ လူဦးရေကတော့ ၇၀၀၀ ကျော်လောက် ရှိမယ် ထင်တယ်။ ကျွန်တော့်ဦးလေးတွေကလည်း သူတို့ရဲ့အလုပ်သမားအသိတွေများတော့ လိုတာ တွေ လိုက်ကူညီပေးခဲ့ကြတယ်။ သူတို့တွေ ပြောပြချက်အရတော့ တပ်ရော၊ KIA ရော နေရာအတော်များများမှာ သူချကိုယ်ချ တိုက်ပွဲဖြစ်နေကြတယ်လို့ သိရတယ်။ နှစ်ဖက်စလုံး ကတော့ အထိအခိုက်ရှိတယ်လို့ ပြောတယ်။ သူတို့တွေ ဖားကန့်ကိုတက်လာတော့ KIA နဲ့ မနည်းရှောင်ပြေးလာခဲ့ရတယ်။ ရွာသားတွေမရှိရင် KIA က အထောက်အပံ့မရမှာစိုးလို့ ရွာသား တွေကို ပေးမသွားဘူး။ ရွာသားတွေမရှိရင် KIA က ဒီနယ်မြေမှာ ကြာကြာမခံပါဘူးလို့ ရွာသား တစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြတယ်။ စစ်တပ်လို သူတို့မှာ ရိက္ခာမရှိဘူးလေ။ ရွာသားတွေဆီကပဲ တောင်းစားရတာ။ မြစ်ကြီးနားက ကြက်ခြေနီအဖွဲ့က ဒုက္ခသည် တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး ဖားကန့်ကိုထွက်လာတဲ့ကားတွေကို KIA က မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ရွာနားမှာ လမ်းပိတ်ပြီး ပြန်မောင်းထုတ်တယ်လို့ သိရတယ်။ သူတို့တွေ နေရာအတော်များများမှာ မိုင်းတွေထောင်ထားတယ်။ စစ်တပ်တွေဝင်လာရင် ထိအောင်လို့ပေါ့။ ဒါပေမယ့်လောလောဆယ် ရွာသားတွေပဲ ခံရတယ်။ မြစ်ကြီးနားဆေးရုံမှာ ဆိုရင် မိုင်းထိလို့ဆေးရုံတက်နေတာ တော်တော်များတယ်လို့သိရတယ်။
ကျွန်တော့်ဦးလေးတွေနဲ့ ဗန်းမော်ကနေ လွယ်ဂျယ်ဘက်ကိုလည်း ရောက်ခဲ့သေးတယ်။ အဲ့ဒီဘက်ကလည်း အခြေအနေသိပ်မဟန်ပါဘူး။ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းပေါ် အချို့ နေရာတွေမှာတော့ စစ်သားတွေတွေ့ရတယ်။ လမ်းကြောင်းလုံခြုံရေးအဖွဲ့တွေဖြစ်ဟန် တူတယ်။ ကားတွေ၊ ဆိုင်ကယ်တွေတော့ သွားလာနေကြတယ်။ ဒီဘက်မှာလည်း ကားလမ်း ပေါ်မှာ တိုက်ပွဲတွေမကြာမကြာဖြစ်တယ်လို့ သိရတယ်။ လွယ်ဂျယ်ရောက်တော့ လီဆူးဘုရား ကျောင်းမှာ ဒုက္ခသည်တွေကို သွားလှူကြတယ်။ သူတို့တွေက အရင်က တရုတ်နိုင်ငံဘက် လားရင်ဒုက္ခသည်စခန်းမှာနေရင်း တရုတ်ကလက်မခံလို့ ဒီကိုပြန်ရောက်လာကြတာ။ သူတို့တွေရဲ့ အဖြစ်ကြားရတာလည်း စိတ်မကောင်းစရာပါပဲ။ အရင်က သူတို့ ခရိန်မုဒန်း၊ ဟန်ယော (ယောယုံ)ဗျင်ဝိုင်ရွာသားတွေပါ၊ KIA အစီအစဉ်နဲ့ ဒုက္ခသည်အမည်ခံပြီး တရုတ် နယ်စပ်မှာနေတယ်။ ကြုံရာကျပန်း လုပ်ကိုင်စားရတယ်။ အလှူရှင်တွေက ရတဲ့ ငွေ/ပစ္စည်း တွေက ဒုက္ခသည်တွေဆီကို ရောက်မလာဘူး။ KIA ရန်ပုံငွေဖြစ်သွားတယ်လို့ ဒုက္ခသည်တွေရဲ့ ပြောပြတာကို ကြားခဲ့ရတယ်။ အောက်ခြေမှာ ဒီလိုဖြစ်ပျက်နေတာ KIA ကိုကြောက်တော့ ဘယ်သူမှ မပြောရဲကြဘူး။ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ပေးတဲ့ငွေတွေက KIA စစ်သား တွေကို ထောက်ပံ့ပေးတာနဲ့ အတူတူပါပဲလေ။
တကယ်တမ်း နက်နက်နဲနဲတွေးကြည့်ရင် KIA ဟာ အကြမ်းဖက်သမားလိုဖြစ်နေပြီ။ ကျွန်တော်တို့တွေ၊ အဖွဲ့အစည်းတွေက ကချင်ပြည်နယ်ငြိမ်းချမ်းရေးရဖို့ လူထုလှုံ့ဆော်တာ တစ်မျိုး၊ မီဒီယာတွေကနေ တွန်းအားပေးတာကတစ်မျိုး နည်းမျိုးစုံနဲ့ KIA ဘက်ကနေပြီး ရပ်တည်ခဲ့ကြတယ်။ သမ္မတကြီးနဲ့ နအဖမျိုးဆက်ဖြစ်တဲ့ စစ်တပ်ကို တစ်ဖက်သတ် အပြစ်တင် ခဲ့ကြတယ်။ တကယ်တမ်း ကိုယ်တိုင်သွားကြည့်တော့ On Ground မှာ ဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။ KIA အပေါ်မှာ ဒေသခံတွေအနေနဲ့ အတော်လေးကြောက်ရွံ့ နေကြတယ်။ ဒေသခံတွေ ခံစားနေရတဲ့ ခါးသီးမှုတွေဟာ အကြောက်တရားက လွှမ်းမိုး ထားတာကြောင့် ပပျောက်ကုန်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မဝေဖန် လိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲဆိုတာ အောင်နိုင်သူရဲ့ မှတ်ကျောက်ပဲလို့ စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဒါပေမယ့် ကိုယ့်တိုင်းရင်းသားပြည်သူတွေရဲ့ ဘ၀တွေကိုတော့ ထောက်ထားသင့်ပါတယ်။ ဒီမိုကရေစီအသီးအပွင့်ဖြစ်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုဆိုတာ လူတိုင်းလိုချင်နေကြတာပါ၊ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာလည်း တိုင်းရင်းသား ပြည်သူ ထဲကပဲ ပေါက်ဖွားလာခဲ့တာပါ။ ပြည်သူ့အရေးဟာ သူတို့အရေးကိစ္စဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေးရရေးအတွက် စားပွဲပေါ်မှာ ငြိမ်းချမ်းစွာနဲ့ တိုက်ပွဲဝင်နေကြပြီ လေ။ နိုင်ငံရေး ရေစီးကြောင်းနှင့်အတူ နောက်ကျန်မနေဘဲ KIA/KIO အနေနှင့်လည်း ကချင် လူမျိုးရေး၊ ကချင်ပြည်နယ်အရေးကိစ္စအတွက် စားပွဲပေါ်မှာပဲ တိုက်ပွဲဝင်သင့်ပြီလို့ ထင်တယ်။ ဟိုနေရာမှာ ဆွေးနွေးမယ်၊ ဒီနေရာမှာ ဆွေးနွေးမယ်ဆိုတာထက် မိမိပြည်တွင်းမှာ ပြည်သူ့ရှေ့ မှာပဲ ဆွေးနွေးသင့်ပါတယ်။ ဒီထက်ပိုပြီး ခေါင်းမာနေရင်တော့ အကြမ်းဖက်သမားလို့ စွပ်စွဲရလိမ့်မယ်။

Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။