Tuesday, January 8, 2013

KIA စခန်း နှင့် လိုင်ဇာမြို့ကို ဓါတုလက်နက်ဖြင့် ဗုံးကျဲ



KIA စခန်း နှင့် လိုင်ဇာမြို့ကို ဓါတုလက်နက်ဖြင့် ဗုံးကျဲ  


KIA fornt of line
ဗန်းမော်- လိုင်ဇာလမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ် ဆိုသည့် KIA တပ်ရင်း (၂၄) စခန်းကို အစိုးရတပ်ဖွဲ့မှ ရက်ဆက်ထိုးစစ် ဆင်နေရာ ယနေ့မနက် (၆) နာရီတွင်လည်း ထပ်မံ စစ်ဆင်နေသည်ဟု ၄င်းနေရာရှိ ရှေ့တန်းစခန်းမှ ကျောင်းသားခေါင်း ဆောင်တဦးက ပြောပါသည်။

“ ဒီစခန်းကို (၃) ရက်ဆက်တိုက် စစ်ဆင်နေတယ်။ မနေ့ညနေ (၃) နာရီတုန်းကလည်း ရဟတ်ယာဉ် (၃) စင်း၊ တိုက် လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ပြီး ဓါတုဗုံးနဲ့ ဒုံးတွေ သုံးပါတယ်။ ယခင်တပ်ရင်း (၂၃) စခန်းကို ဓါတုဒုံးတွေ သုံးသလိုဘဲ ထပ်သုံးပါတယ်။ ဒီဓါတုဗုံးနဲ့ ဒုံးတွေကြောင့်ဘဲ KIA တပ်ရင်း (၂၃)စခန်း ကျသွားပြီးတော့ ပွိုင့် (၇၇၁) တောင်ကုန်းကို အစိုးရက သိမ်းနိုင်ခဲ့တာပါ။ အခု လည်းအဲဒီနည်းပါဘဲ။” ဟု ဆိုပါသည်။

လိုင်ဇာအနီး မြန်မာထိုးစစ် ပြင်းထန်


Monday, January 7, 2013

လိုင်ဇာအနီး မြန်မာထိုးစစ် ပြင်းထန်

07.01.2013 by VOA
ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောင့်ကျနေကြရပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေက ကချင်ရွာတွေထဲ အထိကိုပါ ကျရောက်နေပြီးတော့ စစ်ပြေးဒုက္ခသည်စခန်းတွေအတွင်းမှာရှိတဲ့ ဒုက္ခသည်တွေ ကတုတ်ကျင်းတွေမှာ ဝင်ပြီး ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်စစ်ပွဲအပေါ် သူတို့အမြင်


ကချင်စစ်ပွဲအပေါ် သူတို့အမြင် 

ဇန်နဝါရီလ ၁ ရက် နေ့က ကချင်ထိုးစစ်များ အတွက် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
တကျော့ပြန် ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာခဲ့ပြီး ပိုမိုအရှိန်မြင့် လာနေပါတယ်။ နှစ်ဘက် အကြား ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေ လည်း မှေးမှိန်လာနေပါတယ်။ ဒီစစ်ပွဲကို ဘယ်လိုရပ်နိုင်မလဲ ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများနဲ့ တိုက်ရိုက်သက်ဆိုင်သူများရော၊ တိုက်ရိုက်မသက်ဆိုင်ပေ မယ့် နိုင်ငံရေး အရ အရေးပါသူများပါ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ်မေးမြန်းထားတာကို စုစည်းတင်ပြအပ်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။