Sunday, December 2, 2012

အကြမ်းဖက်ရဲဝန်ထမ်းများ တက်ရောက်ခြင်းမရှိသော ရွှေစည်းခုံသြ၀ါဒခံယူပွဲ


အကြမ်းဖက်ရဲဝန်ထမ်းများ တက်ရောက်ခြင်းမရှိသော ရွှေစည်းခုံသြ၀ါဒခံယူပွဲ 


Myitmakha Media Group, 3 December 2012  —  လက်ပံတောင်းတောင်သပိတ်ဖြိုခွဲမှုနှင့်ပတ်သက်၍ မုံရွာမြို့ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်း ဓမ္မာရုံ၌ စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ပြုလုပ်သည့် မုံရွာမြို့စာသင်တိုက်ဆရာတော်ကြီးများထံတွင် သြ၀ါဒခံယူပွဲအား တစ်ဖက်သက်ပြုလုပ်သည့် သြ၀ါဒခံယူပွဲဟု ထင်မြင်ကြောင်း ဒေသခံပြည်သူများက ဆိုသည်။

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ


လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ 

Photo: RFA/Sai Htun Aung Lwin Generation Waveအဖွဲ့မှကိုမိုးသွေးနဲ့ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးကိုရဲတပ်ဖွဲ့ဝင်များမှမဖမ်းဆီးခင် တွေ့ရစဉ်
RFA News, 2 December 2012  —-   လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

လက်ပံတောင်းအရေး ဆန္ဒပြမှု အဖမ်းအဆီးတချို့ရှိ


လက်ပံတောင်းအရေး ဆန္ဒပြမှု အဖမ်းအဆီးတချို့ရှိ 

လက်ပံတောင်းတောင်အကြမ်းဖက် နှိမ်နင်းမှုတွေကိုရှုတ်ချတဲ့သံဃာတော်တချို့ ရန်ကုန်မြို့မှာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၃၀၊ ၂၀၁၂)။
VOA News, 2 December 2012  —-   လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ်မှာ ရှုတ်ချတဲ့ အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ မြင်းခြံမြို့တွေမှာ သံဃာတော်နဲ့ပြည်သူ တချို့ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့မှာတော့ ဒီကနေ့ ဆန္ဒပြ ခေါင်းဆောင်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

အကြမ်းဖက်ရဲဝန်ထမ်းများ တက်ရောက်ခြင်းမရှိသော ရွှေစည်းခုံသြ၀ါဒခံယူပွဲ


အကြမ်းဖက်ရဲဝန်ထမ်းများ တက်ရောက်ခြင်းမရှိသော ရွှေစည်းခုံသြ၀ါဒခံယူပွဲ 


Myitmakha Media Group, 3 December 2012  —  လက်ပံတောင်းတောင်သပိတ်ဖြိုခွဲမှုနှင့်ပတ်သက်၍ မုံရွာမြို့ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်း ဓမ္မာရုံ၌ စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ပြုလုပ်သည့် မုံရွာမြို့စာသင်တိုက်ဆရာတော်ကြီးများထံတွင် သြ၀ါဒခံယူပွဲအား တစ်ဖက်သက်ပြုလုပ်သည့် သြ၀ါဒခံယူပွဲဟု ထင်မြင်ကြောင်း ဒေသခံပြည်သူများက ဆိုသည်။

လက်ပံတောင်းကော်မရှင်မှာ ၈၈ တွေ မပါဝင်လို


လက်ပံတောင်းကော်မရှင်မှာ ၈၈ တွေ မပါဝင်လို 


BBC News, 2 December 2012  —-  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ထဲမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ မပါဝင်လိုကြောင်း ထုတ်ဖော် ကြေငြာ လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် စုစုပေါင်း ၃၀ ပါရှိတဲ့ ကော်မရှင်ကို သမ္မတ ဦးသိန်းစိန်က စနေနေ့တုန်းက ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။