Monday, January 14, 2013

လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်


လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်


လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ် မူတည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာ့ခေတ်သို့ပြောကြားသည်။
နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်း ခံရပြီးနောက် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး သည်ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ကြားဖြတ်အစီအရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ဦးသိန်းစိန် မြန်မာနိုင်ငံကိုပြောင်းလဲပေးနိုင်မည်လော


ဦးသိန်းစိန် မြန်မာနိုင်ငံကိုပြောင်းလဲပေးနိုင်မည်လော 


(10 Jan 2013 ရက်စွဲပါ TIME World မှ Hannah Beech ၏ The regime’s inner reformist: Can Thein Sein change Burma? ကို ဘာသာ ပြန်ပါသည်)
ယခုအခါ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးယူ မှုများလည်း ရုတ်သိမ်းသွားပြီ ဖြစ်ရာ အနောက်မှ စီးပွားရေး လုပ်ငန်းရှင်များ သည်ကမ္ဘာပေါ်မှ နောက်ဆုံးထွက်ပေါ်လာသည့် စီးပွားရေး မျက်နှာစာသစ်သို့ အပြေးအလွှား သွားရောက်နေကြပြီ ဖြစ်ပါသည်။ နိုင်ငံ ၏ကြီးမားသောနိုင် ငံ ရေးရာသီဥတု အပြောင်း အလဲ မှာ တချိန်ကအုပ်စိုးခဲ့သော စစ်အစိုးရအ တွင်း  မှ စတင် လုပ်ဆောင်သော ပြုပြင်ပြောင်း လဲရေးများကြောင့် ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲရေးသမားများ၏ အကြီးအကဲမှာ သမ္မတဦးသိန်းစိန်ဖြစ် ပြီး မြန်မာနိုင်ငံ၏ ဂေါ်ဗာချော့ဗ်လဲ ဖြစ်ပါသည်။ ယခုအပတ် Time တွင်ဖော်ပြ သောအကြောင်းအရာ တစ်ခု ဖြစ်ပါသည်။ ရုရှားသည် ဒီမိုကရေစီလမ်းကြောင်း သွားနေရာ အားနည်းမှုပြနေချိန် တွင် မြန်မာနိုင်ငံ သည် သီးခြားလမ်း ကြောင်းဖြင့် ကြိုးပမ်းရန်အခွင့်အရေး ရလာပါသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလို့ ရပြီလား??


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလို့ ရပြီလား?? 


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းပေးရန် မြို့ခံပြည်သူလူထုက ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်းနှင့် လွန်ခဲ့သည့် ဩဂုတ်လ ကလည်း မဲဆန္ဒရှင်ပြည်သူများကို စော်ကားသည်ဟုဆိုကာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်ရေး အတွက် မဲဆန္ဒရှင်တို့၏ လက်မှတ် များကို လိုက်လံစုဆောင်းနေကြောင်း၊ အပတ်စဉ်ထုတ် ဂျာနယ် စာမျက်နှာများတွင် ဖတ်ရသောအခါ တာဝန်မှ ပြန်လည် ရုပ်သိမ်းလို့ ရပြီလားဟူ၍ မေးရန် ရှိလာပါသည်။

မြန်မာနယ်စပ်သို့ တရုတ်နိုင်ငံက တပ်ဖွဲ့များစေလွှတ်

မြန်မာနယ်စပ်သို့ တရုတ်နိုင်ငံက တပ်ဖွဲ့များစေလွှတ်

(VOA News မှ 11 Jan 2013 ရက်စွဲပါ “China sends troops to Burmese border” သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်များအကြားမှ ပြင်းထန်နေသော တိုက်ပွဲလျှံထွက်လာ မည်ကို စိုးရိမ်ရသောကြောင့် မြန်မာနှင့် နယ်စပ်သို့ တရုတ်နိုင်ငံက တပ်သားများစေလွှတ်ထားသည်ဟု တရုတ်နိုင်ငံပိုင်သတင်းစာက သောကြာနေ့တွင် သတင်းဖော်ပြသည်။
တိုက်ပွဲအခြေအနေကိုသိရှိရန်အတွက် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ်အကြား နယ်စပ်ဒေသသို့ တပ်ဖွဲ့များစေလွှတ်ထားကြောင်း The Global Times သတင်းစာက ရေးသားထားသော်လည်း တပ်ဖွဲ့ဝင် အမျိုးအစားနှင့် အရေအတွက်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။