Wednesday, September 5, 2012

သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိကြောင်း ထုတ်ပြန်


Wednesday, September 5, 2012

သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော်ရှိ ငါးလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိကြောင်း ထုတ်ပြန်   
လက်ရှိဘဏ္ဍာရေးနှစ်၏ ကုန်သွယ်မှုပမာဏမှာ သြဂုတ်လကုန်ပိုင်းအထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ဘီလျံကျော် ရရှိထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
၂၀၁၂ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ငါးလအတွင်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၃၀ ဒသမ ၇၁၆ သန်း (၃ ဒသမ ၂၃ ဘီလျံကျော်)ရရှိပြီး ပြည်ပမှတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၃၈၃ ဒသမ ၃၂၅ သန်း (၃ ဒသမ ၃၈ ဘီလျံကျော်)တန်ဖိုးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၄၀ ဒသမ ၀၉၃ သန်း (၁ ဒသမ ၃ ဘီလျံကျော်) ရှိပြီး နယ်စပ်မှ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၈၄၀ ကျော်ရှိကာ နယ်စပ်မှ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာသန်း ၄၄၉ ကျော်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ကုန်စည်များထဲတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရငွေမှာအများဆုံး ဖြစ်ပြီးဧပြီလမှ သြဂုတ်လအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိထားကြောင်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''ဧပြီလကနေ သြဂုတ်လ၂၄ ရက်အထိ ငါးလအတွင်း ပြည်ပကိုတင်ပို့တဲ့ ကုန်စည်အုပ်စုထဲမှာ သဘာဝဓာတ်ငွေ့က ၀င်ငွေအများဆုံးပဲ။ ဒုတိယအများဆုံးက ပဲတင်ပို့မှုပါ။ အဲဒီ နောက်မှာမှ ကျောက်စိမ်းတင်ပို့မှုကရတဲ့ ပမာဏရပ်တည်နေတာပါ။ တကယ်တော့ နှစ်စဉ်ကျောက်စိမ်းတင်ပို့မှုက ရတဲ့ဝင်ငွေက သဘာဝဓာတ်ငွေ့ပြီးရင် အများဆုံးပါပဲ။ ဒါပေမဲ့ မနှစ်ကစပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံကပို့တဲ့ ကျောက်စိမ်းတွေအပေါ် ကို အခွန် ၃၈ ရာခိုင်နှုန်းကျော် ကောက်လိုက်တဲ့နောက်မှာ တင်ပို့နိုင်မှု အများကြီး လျော့ကျသွားတာပါ'' ဟု ပြောကြားခဲ့ပါသည်။

ဒုတိယနေရာတွင် ရပ်တည်နေသည့် ပဲမျိုးစုံပြည်ပတင်ပို့မှုမှရသည့် ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၄၆၃ ဒသမ၄၅၃သန်းရှိပြီး သွင်းကုန်ကဏ္ဍတွင်မူ မော်တော်ယာဉ်နှင့်ယာဉ်အပိုပစ္စည်းနှင့် စက်သုံးဆီတင်သွင်းမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
http://news-eleven.com

အခြေခံဥပဒေခုံရုံးမှ စုံစမ်းစစ်ဆေးရေးကော်မတီသို့ပေးပို့သောစာ


Wednesday, September 5, 2012

အခြေခံဥပဒေခုံရုံးမှ စုံစမ်းစစ်ဆေးရေးကော်မတီသို့ပေးပို့သောစာ  

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်သူ့လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် စက်တင်ဘာ(၅)ရက်နေ့တွင် ပေးပို့သောစာဖြစ်ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။