Wednesday, September 5, 2012

သူတို့ပြုသမျှ နုရပါတော့မယ်


သူတို့ပြုသမျှ နုရပါတော့မယ် 

ဦးဇင်းတို့ဆန္ဒပြတာဟာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့ တွေ့ဆုံစဉ်တုန်းက ကျူးကျော်ခိုးဝင်သူ ဘင်္ဂလီတွေကို UNHCR အကူအညီနဲ့ ဒုက္ခသည်တွေအဖြစ် စခန်းသွင်း ထားရှိဖို့၊ နောက်ပြီးတော့ တတိယနိုင်ငံတစ်ခုခုသို့ ပို့ဆောင်ဖို့ အစရှိသည်အားဖြင့် ပြတ်ပြတ်သားသား ပြောသွားတာတွေကို ထောက်ခံတာဖြစ်ပါတယ် (AP Photo/Khin Maung Win)
Arakan Times, 4 September 2012 —-  (ဆောင်းပါး)  စစ်တွေ၊ ရသေ့တောင်၊ မောင်တောမှာ ဘင်္ဂလီတွေ အကြမ်းဖက်သတ်ဖြတ်တော့ ဒေသခံ တိုင်းရင်းသားတွေ သွေးမြေကျခဲ့ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ စေတီပုထိုးတွေကို မီးတိုက်၊ ဖျက်ဆီး၊ ဆရာတော်၊ သံဃာတော်တွေမှာ အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေး၊ အိုးအိမ်တွေကို မီးတိုက်ဖျက်ဆီးလိုက်တော့ ဖိနပ်မပါ အ၀တ်တစ်ထည် ကိုယ်တစ်ခုတည်းနှင့် အသက်လုပြီး လွတ်ရာလမ်းကို ထွက်ပြေးတိမ်းရှောင်းခဲ့ရတယ်။
အရေးအခင်းကာလ မောင်တောဒေသက တိုင်းရင်းသားတွေ မလုံခြုံတဲ့အတွက် မေယုတောင်တန်းကို ဖြတ်ကျော်၊ မြစ်တွေကူပြီး ဘူးသီတောင်ကို ထွက်ပြေး တမ်းရှောင်လာခဲ့ရတယ်။ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်မှာ တပ်မတော်၏ တာဝန်ဖြစ်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို၊ တပ်မတော်သားတွေနှင့် တကွ၊ ရဲလုံးထိန်းပါမကျန်၊ ဘူးသီးတောင် မြို့မိ၊ မြို့ဖတွေ၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကအစ လူသားချင်းစာနာထောက်ထားပြီး နွေးထွေးစွာ ကြိုဆို ကူညီခဲ့ကြသေးတယ်။
စပါးရှင်ကို မျောက်နှင်တဲ့ အဖြစ်မျိုးကို ကြုံခဲ့ရတယ်ဆိုတာကို ဗမာပြည်သူတစ်ရပ်လုံက ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ ကိုယ်ကွယ်ထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ လက်ရှိ ပြည်သူအစိုးလို့ ခံယူထားတဲ့ သမ္မတကြီး ဦးသိန်စိန် နှင့်တကွ၊ အမျိုးသားလွတ်တော်၊ ပြည်ထောင်စုလွတ်တော်မှာ ပုဂ္ဂိုလ်များ၊ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူများ၊ ခလေးလူကြီးပါမကျန် သိကြပါလိမ့်မယ်။
ဒါကို ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင်ဘွဲ့ကို ခံယူထားတဲ့ ညီညီလွှင် (ခ) အရှင်ဂမ္ဘီရဆိုတဲ့ ပုဂ္ဂိုလ်ရေးထားတဲ့စာမှာ ” ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရဟန်းတော်တချို့ ပါဝင်လာနေကြတာကို တွေ့ရတော့ ကိုယ်တော် ဝမ်းနည်းလို့ မဆုံးပါဘူးတဲ့ “ ပြောလိုက်ကြတာက လူသားချင်းစာနာပါတယ်။ ရန်သူကို ရန်သူမှန်းသိ၊ ကျူးကျော်သူကို ကျူးကျော်မှန်းသိ၊ ဗုဒ္ဓရဲ့သားတော်တွေက ဗုဒ္ဓဘာသာ၊ သာသနာကွယ်ပျေက်မှာကို စိုးတဲ့အတွက် ကာကွယ်တဲ့ သံဃာတော်တွေကို မနေ့၊ တနေ့ကမှ လူဝတ်လှဲလိုက်တဲ့ ပုဂ္ဂိုလ်က အပြစ်တင်စကားဆိုလိုက်ပါသေးတယ်၊
“၂ဝဝ၇ စက်တင်ဘာမှာ မြန်မာ ရဟန်းတော်တွေဟာ ဓမ္မရဲ့ မီးရူးတန်ဆောင်အဖြစ် ကမ္ဘာကြီး တခုလုံးသိအောင် ထွန်းလင်းပြခဲ့ပြီးပါပြီ “ တဲ့။ ဗုဒ္ဓဘာသာ သာသနာရောင်ဝါသည်သော်မှ သာသနာ သက္ကရာဇ် (၅၀၀၀) မပြည့်မှီ ၂၅၀၀ လောက်မှာပင် မှေးမှိန်လို့လာနေတာကို ညီညီလွင် အနေနှင့် သိပါလိမ့်မယ်။ သတ္တ၀ါတွေဟူသမျှကို ကျွတ်တမ်းဝင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဂေါတမ မြတ်စွာဘုရားရဲ့ သာသနာတောင်မှ ၂၅၀၀ အတွင်းမှာ မှေးမှိန်လာနေတယ်ဆိုရင် စက်တင်ဘာအရေးအခင်းရဲ့ ဓမ္မစွမ်းအား ဘယ်လောက်ခံ နိုင်မှာလဲ။
ဘင်္ဂလီတွေရဲ့ (၇၈၆) က ၂၁ ရာစုမှာ မူဆလင် ဘာသာဝင်ကမ္ဘာကို လွှမ်းစေရမည်ဆိုတဲ့ ကြွေးကြော်နေတဲ့ ဂဏန်းအက္ခရာဖြစ်ပြီး လက်ရှိကာလက ၂၁ ရာစုထဲမှာဆိုတာကို ဂန္ဘီရ အနေနှင့် နည်းနည်းလေးမျှ မသိရှာလေသလား။
” မြန်မာပြည်သူလူထုဟာ အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတွက် ဒေသဆိုင်ရာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း အဓိကရုဏ်း တစ်ခုကို ဖန်တီးပေးလိုက်ကြပြန်ပါတော့တယ်။ အဲဒါကတော့ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်း ပဲဖြစ်ပါတယ် “ တဲ့။
ညီညီလွင်ပြောသလို ရခိုင်မှာ ရခိုင်တိုင်းရင်းအပါအ၀င်၊ ရခိုင်ပြည်မှ နှစ်ပေါင်း တစ်ဆယ်ကျော် အခြေတကျ နေထိုင်လာခဲ့တဲ့ အထက်ဗမာပြည်က တိုင်းရင်းသားတွေ ဘင်္ဂလီတွေဆီမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရလေအောင်၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်အောင် ဦးသိန်းစိန်အစိုးရကများ တကယ်ဖန်တီးပေးလိုက်တာပါလား။
ဂန္ဘီရပြောသလိုသာ မှန်ခဲ့မယ်ဆိုရင် ပြည်သူ့အစိုးရလို့ခံယူထားတဲ့ ဦးသိန်းစိန် အစိုးရက မိမိရဲ့တိုင်းပြည်မှာနေထိုင်တဲ့၊ တိုင်းရင်းသားတွေအပေါ်မှာ သနားညာတာစိတ် တစိုးတစေ့မျှ မရှိလေဘူးလား။ ရခိုင်တိုင်းရင်းသားတွေ အပေါ်မှာ လူသားချင်းစာနာထောက်မှု မရှိလို့လား။ ဘူးသီးတောင်၊ မောင်တောမှာ ရခိုင်တိုင်းရင်းသားတွေ အင်မတန်နည်းပါးပြီး နိုင်ငံခြားသား ဘင်္ဂလီတွေ အဆမတန် များလွန်းနေတာကို ဦးသိန်းစိန်အနေနှင့်သိပါလိမ့်မယ်။ ဒီလို အဓိကရုဏ်းဖြစ်လာပြီးဆိုရင် မေယုဒေသမှ နေထိုင်တဲ့ လူနည်းစုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဘင်္ဂလီတွေရဲ့ အကြမ်းဖက် ရက်စက်မှုကို ခါးသီးစွာခံရမယ်ဆိုတာကို စဉ်စားစရာတောင် မလိုပါ။
မေယုဒေသက ရခိုင်တွေ အကြမ်းဖက်ခံရတော့၊ လူနည်းစုကို လူများစုက သနားငှဲ့ညာရမယ်ဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် တစ်ခွန်တလေမျှ မပြောခဲ့ပါလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားချင်းစာနာမှုက ရခိုင်တွေအတွက် တစိုးတစေ့မျှ မရှိလေသလား။
ရခိုင်တွေ အရေးနိမ့်လို့ မေယုဒေသကို ဘင်္ဂလီလက်ထဲ အပ်လိုက်ရပြီဆိုလျှင် ရခိုင်ရိုးမ တံတိုင်းကြီးကို ချိုးဖဲ့၊ ဖျက်ဆီးပြီး ဗမာပြည်တစ်ခုလုံး ၀ါးမြိုခံရမည်ကို နည်းနည်လေးမျှ မစဉ်စားမိကြပါလား။
ဘယ်အချိန်က ရခိုင်ကို မုန်းတီးနေမှန်းမသိ၊ မဇ္စျိမ သတင်းဌာနက ညီညီလွင်နှင့်များပေါင်းပြီး လုပ်လိုက်လေသလား။ ညီညီလွင်ရေးတဲ့စာကို ကောက်နုတ်ပြီး ” ထောင်ချောက်တွင်း မဆင်းမိစေရန် ရွှေဝါရောင် ခေါင်းဆောင် သတိပေး “ ဆိုတဲ့ ခေါင်းစဉ်နဲ့ သူများစာကို သတင်းဖြစ်အောင် အားပေးအားမြှောက် သတင်းလုပ်လိုက်ပြန်သေးတယ်။
စတုတ္ထမဏ္ဍိုင်လို့ ခံယူထားတဲ့ သတင်းမီဒီယာ ဇာတ်ခုံပေါ်က ပြဇတ်မင်းသား၊ မင်းသမီးတွေကလည်း ဘင်္ဂလီနှင့် ရခိုင်တွေ ကြားမှာ စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်မတည်နိုင်ကြတော့ဘူး။ ငွေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတော့ စားပွဲခုံက ခြေထောက်လေးချေင်း တစ်ချောင်းကျိုးပြီပေါ့။ မြန်မာပြည်ဖွါး တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအပေါ်မှာ သနားကြင်နာစိတ် တစိုးတစေ့မှ မရှိလေကြ။
ကိုယ့်နိုင်ငံကို ထိပါးနှောင့်ယှက်လာမည့် နယ်ချဲ့ကျူးကျော် ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေကိုမှ အရေးထားကြပြီး ပြည်ပက နည်းလမ်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေတဲ့၊ သွေးထိုးလှုံ့ဆော်နေတဲ့၊ မြန်မာနိုင်ငံကို ဘင်္ဂလီ နိုင်ငံဖြစ်အောင် လုပ်ကြံဖန်တီးနေတဲ့ သူတွေဘက်က ရပ်တည်ပြီး သူတို့အကြိုက် နိုင်ငံတကာ သိအောင် အော်ပေးခဲ့ကြသေးတယ်။
ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားလူမျိုး ကမ္ဘာမှာ မရှိဆိုတာကို မီဒီယာသမားတွေက ပိုသိပါလိမ့်မယ်။ သိသော်လည်း မသိချင်ယောင်ဆောင်တာဖြစ်နေပါလိမ့်မယ်။ မရှိတာကို သိပါလျှက်နှင့် ရခိုင်ပြည်ကို ရိုဟင်ဂျာ ပြည်ပါဆိုပြီး မြေပုံနှင့်တကွ ကမ္ဘာသိအောင် သတင်းထုတ်ဖေါ်ပေးခဲ့ကြတယ်။
တစ်ချို့မီဒီယာတွေကလည်း ဘင်္ဂလီတွေ လုပ်ကြံဖန်တီး၊ ပြောဆို၊ ဖော်ပြတာတွေကို အဟုတ်မှတ်ပြီး လိုက်လုပ်ကြတော့ နိုင်ငံတကာက ထလာပြီးပေါ့။ လူ့သားချင်းစာနာပါ။ လူ့အခွင့်အရေးကို လေးစားလိုက်နာပါဆိုတဲ့ ဆောင်ပုဒ်ကြီးတွေကိုင်ပြီး မြန်မာနိုင်ငံကို သူ့ထက်ငါရင် တဟုန်ထိုးပြေးဝင်လာခဲ့ကြပြီး။
သမ္မတကြီးကို လူသားချင်းစာနာထောက်ထားရေးနှင့်တစ်နည်း၊ လူအခွင့်အရေးနှင့် တစ်ဖုံ၊ ကယ်ဆည်ရေးကဏ္ဍနဲ့ တစ်မျိုးစည်းရုံး ဘင်္ဂလီတွေကို ကူညီစောင့်ရှောင့်နိုင်သည့်နည်းလမ်းကို ရှာလာကြသည်။ ရခိုင်သားတွေဘက်မှာ ရပ်တည်ချက်ပေးခဲ့တဲ့မူကို သမ္မကြီးလည်း ပြောင်းဖို့ကြိုးစား လာရတယ်။
အရေးအခင်းဖြစ်ပြီးကာလတွင် ဦးသိန်းစိန်အစိုရက တိုင်းရင်းသား လူမျိုးများကို တာဝန်ယူမည်ဖြစ်ပြီး တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ဘင်္ဂါလီရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ UNHCR သို့ အပ်နှံ၍ ဒုက္ခသည် စခန်းများ ဆောက်ပေးပြီး တတိယနိုင်ငံက လက်ခံလျင် ပို့ဆောင်ပေးတာကို ဇူလိုင်လ (၁၁) ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မိဘရဲ့ မေတ္တာ ငတ်နေတဲ့ ခလေးငယ်ပမာ တစ်ခါမှ မကြားဖူသော စကားကို သမ္မတထံက ကြားလိုက်ရတော့ ရခိုင်သားတွေအဖို့ ၀မ်းသာပီတိ ဖြစ်ရ၏၊ ဒီလိုဖြစ်လာမည့် အချက်ကို ဘယ်တုန်းကများ စောင့်စားနေတာလဲ မစဉ်စားတတ်ဘူး။ မကြာခင် အချက်(၅)ပါသည့် သဲတဖွင့်စာထွက်ပေါ်လာခဲ့တယ်။ ဘယ်သူက ထုတ်ဝေလိုက်မှန်းမသိ၊ သတင်းရအောင်များ သတင်းသမားတွေက ဖန်တီးထုတ်လွှင့်လိုက်တာလား။
သမ္မတကြီးအား ထောက်ခံတဲ့အနေနှင့် ကြယ်တစ်လုံးအလံကို (၉)ရက်တိတိ ထုတ်လွင့်ရမည်တဲ့။ ရခိုင်တွေ ဘာမှ စဉ်းစားမနေတော့ဘူး။ စိတ်ဖြေသိမ့်မှု တစ်ခုအရ ဘုမသိ၊ ဘမသိ ကြယ်တစ်လုံအလံကို လွှင့်ထူးခဲ့ကြတယ်။ မကြာလိုက်ပါဘူး လုပ်လေသမျှ သဲထဲရေသွန် ဖြစ်ခဲ့ရတယ်။ သမ္မတကြီးက ပြောတော့ တစ်မျိုး၊ လုပ်တော့တစ်မျိုး၊ မှတ်ရာ တခြား၊ ခုတ်ရာ တခြားပေါ့။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံက ၀င်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒပျောက်ပျက်မည့် လမ်းစပေါ်လာတယ်။
အပြစ်ရှိပါတယ်ဆိုပြီး ဘင်္ဂလီတွေကို ပြစ်ဒဏ်ချမှတ်ထားပြီးမှ ကုလလူ့အခွင်းအရေး ကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ဖမ်းဆီးထားတဲ့ ဘင်္ဂလီတွေကို ပြန်လွှတ်ဖို့ တောင်းဆိုလိုက်တာနဲ့ မကြာလိုက်ပါ။ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီတဲ့။ တစ်ဘက်မှာတော့ ညမထွက်ရအမိန့်နဲ့ ရခိုင်တိုင်းရင်းသားတွေကို ထောင်ချနေတယ်။
ဘင်္ဂလီတွေကို ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆောင်ပုဒ်အောက်က အော်မယ့်သူရှိတယ်။ ရခိုင်တွေမှာ လူ့အခွင့်အရေးလည်းမရှိ၊ အော်မယ့်သူလည်း မရှိတော့ ဦးသိန်းစိန်က ပြန်မလွှတ်ပေးတာလား။
ရခိုင်တွေဟာ တိုင်းရင်းသားဖြစ်ပါလျှက်နဲ့၊ နိုင်ငံသားဖြစ်ပါလျှက်နဲ့ အခွင့်အလမ်းမရှိ၊ လူမျိုးခြားတွေဆီးမှာ အခွင့်အရေးချိုးဖောက်ခံနေရတာကို မြန်မာတိုင်းရင်းသားတွေက မမြင်လေသလား။ ရခိုင်နဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ကို ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေသာ ဆက်လုပ်နေကြတယ်။
Coral Arakan သတင်းဌာနရဲ့ ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့ ညမထွက်ရအမိန့်ကို ဖေါက်ဖျက်ပါတယ် ဆိုပီးတော့ မကြာသေးခင်က ထောင်ဒဏ်ချလိုက်တဲ့ (၆၃) ယောက်ထဲမှာ အများစုဟာ ရခိုင်တိုင်းရင်းသားလူမျိုးတွေ ဖြစ်ကြတယ်။ နောက်ပြီးတော့ ဇွန်လကနေ ယခုအချိန်အထိ ကျောက်တော်မြို့နယ်အတွင်း မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးထားသူ ရခိုင်လူမျိုးအရေအတွက်ဟာ စုစုပေါင်း (၃၁) ယောက်ရှိပါတယ်။
ဒါပေမဲ့ ဆရာတော်ပြောသလို အပြစ်ရှိရင် ရှိသလို စီရင်ရဲ့လားလို့ တစ်ဘက်ကိုကြည့်မယ်ဆိုရင် အရေးအခင်းဖြစ်ပေါ်အောင် လှုံ့ဆော်တယ်လို့ ယူဆရတဲ့ ဘင်္ဂါလီလူမျိုး UN နဲ့ INGO ၀န်ထမ်းတွေကို အရှိုရှိုပြန်လွှတ်ပေးနေတာကို တွေ့ရတယ်။ အဲသလို ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ဆယ်ယောက်ထဲက ခုနစ်ယောက်ကို သြဂုတ် (၁၆) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်။
အဲသလို လွှတ်ပေးလိုက်တဲ့ INGO ၀န်ထမ်း ဘင်္ဂါလီတွေဟာ အရေးအခင်းမှာ အမှန်တကယ် ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရရှိထားပြီးသားတွေ ဖြစ်တာကြောင့် သူတို့ကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဇူလိုင် (၃၀) ရက်နေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီး ဌာရုံးဟောင်း ရှင်းလင်းပွဲမှာ ခိုင်ခိုင်မာမာ ထုတ်ဖေါ်ပြောဆိုခဲ့တဲ့ သူတွေဖြစ်တယ်။
ကျန်တဲ့သုံးယောက်ဖြစ်တဲ့ ဦးခင်ရွှေ (WFP)၊ ဦးခင်မောင်ဟာ (UNHCR)နဲ့ ဒေါ်ချိုလေးမာခါတုန် (CSSEP)တို့ကို သြဂုတ်လ (၂၄) ရက်နေ့မှာ မလွဲမရှောင်သာ ပြစ်ဒဏ်တွေချမှတ်ပြခဲ့ပြီး၊ ချက်ချင်းဆိုသလို နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်အရ လွှတ်လိုက်ပြန်ပါတယ်။ ဒါဟာ မူဆလင်နိုင်ငံများအဖွဲ့ (OIC) နဲ့ မူဆလင်နိုင်ငံတွေရဲ့ ဖိအားကြောင့်လို့ တချို့က ယူဆကြပါတယ်။
ဒီတော့ အခုလို ဘင်္ဂလီတွေကိုလွှတ်ပြီး ရခိုင်တွေကိုဖမ်းထားတဲ့အတွက် သမ္မတကြီးကို ထောက်ခံတာ ဖြစ်ပါသလားလို့ Coral Arakan ကမေးတော့ ” မဟုတ်ပါဘူး။ ဆန်ရင်းနာနာဖွတ်ဆိုတဲ့ စကားပုံကို ဒီနေရာမှာ ကျင့်သုံးပြီးတော့ ကိုယ့်လူကိုနာစေ ဟိုဘက်ကလူကိုသာစေ မလုပ်သင့်ပါဘူး။
” တကယ်တော့ ဦးဇင်းတို့ဆန္ဒပြတာဟာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့ တွေ့ဆုံစဉ်တုန်းက ကျူးကျော်ခိုးဝင်သူ ဘင်္ဂလီတွေကို UNHCR အကူအညီနဲ့ ဒုက္ခသည်တွေအဖြစ် စခန်းသွင်း ထားရှိဖို့၊ နောက်ပြီးတော့ တတိယနိုင်ငံတစ်ခုခုသို့ ပို့ဆောင်ဖို့ အစရှိသည်အားဖြင့် ပြတ်ပြတ်သားသား ပြောသွားတာတွေကို ထောက်ခံတာဖြစ်ပါတယ် “ တဲ့၊
အမှန်တော့ သမ္မတကြီးဟာ နိုင်ငံတကာ တောင်းဆိုမှုတွေကို အဓိကဦးစားပေးလုပ်နေတော့ ဒီဘင်္ဂလီတွေကို ဒုက္ခသည်စခန်းဖွင့်ပြီး တတိယနိုင်ငံပို့ဖို့ကိစ္စကို မဟာမင်းကြီးက လက်မခံခဲ့ဘူး။ နောက်ပြီးတော့ သမ္မတကြီးက ရခိုင်နိုင်ငံရေးပါတီတွေကို ခေါ်ပြောတဲ့အခါမှာလည်း ဘင်္ဂလီနဲ့ ရခိုင် အတူတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရမယ့် သဘောထားတွေပါလာတယ်။
ဦးဝီရသူအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ သနားညာတာပြီး ဂရုဏာပွားမယ်ဆိုရင် ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ထောင်ဆိုမယ်။ ထောင်ချထားတဲ့သူတွေကို ဘင်္ဂလီတွေလို လွတ်ငြိမ်းချမ်းသာခွင့် ပေးခိုင်းလိုက်မယ်ဆိုရင် ရခိုင်တွေအတွက် အပြုံ့တစ်ပွင့် ဖြစ်လာနိုင်ပါတယ်။
ထိရောက်မှုရှိအောင် တောင်းဆိုပေးကြပါ။ သတင်းမီဒီယာမျက်နှာစာ၊ နိုင်ငံတကာမျက်နှာစာမှာ နာမည်တက်ချင်လို့ ရခိုင်ကို အသုံချတဲ့နည်းနဲ့ မကြိုးစားချင်ကြပါနဲ့။ ရခိုင့်ခေါင်းကို နင်းပြီးတော့ စင်ပေါ်မတင်ချင်ကြပါနဲ့။ ဂရုဏာ၊ စေတနာ၊ မေတ္တာရှင်တွေ လုပ်လေ၊ ရုန်းလေသမျှ ဒဏ်ကို ရခိုင်တွေ ရင်နဲ့ပြီး ခါးသက်စွာခံစားနေရပြီ။
ရခိုင်တွေကို သနားပါတယ်။ ရခိုင်တွေဒုက္ခကို ကူညီချင်ပါတယ်။ ဒုက္ခသည်စာရင်းတွေ၊ သတင်းအချက်အလက်တွေ ရခိုင့်ခေါင်းကိုနိုင်ငံတကာမှာ ရောင်းစား၊ ရလာတဲ့ ငွေထဲက မဆိုသလောက် ငွေလေးကို လူသားချင်းစာနာထောက်ထားပြီး ကူညီတာပါတဲ့။ ရခိုင်တိုင်းရင်းသားတွေက ကံဆိုးလေတော့ ပေးလာတဲ့ ငွေလေးကိုတောင် မရကြဘူး။ ဖြတ်စားလိုက်တော့ ကုန်ပါလေရော။
မောင်တောမှာ မီးလောင်သွားတဲ့ အိမ်တွေကို ပြန်ဆောက်ပေးတာ လိုအပ်တာထက် ပိုပြီးဆောက်ထားပါတယ်လို့ ပြောလိုက်သေးတယ်။ မီးဘေးသင့်တဲ့ ရခိုင်တိုင်းရင်းသားတွေ နိုင်ငံတော်က ဆောက်ပေးထားတဲ့ အိမ်မှာမနေဘ ဘယ်မှာသွားနေကြလဲ။ ရခိုင်တွေက ကိုယ့်မြေ၊ ကိုယ့်အိမ်မှာ နေရင်းနဲ့ ဒုက္ခသည်ဖြစ်သွားရတယ်။
” ငါတို့ကို ဘယ်သူတွေလာပြီး ထမင်းကျွေးမှာလဲ။ ” ” ငါတို့ ဘယ်မှာသွားနေရမှာလဲ “ တဲ့။ ကြေကွဲစရာ ကောင်းတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ ပြောလာတဲ့စကားသံတွေ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်မြေဖြစ်ပါလျှက်နဲ့ သူတို့တွေဟာ ကိုယ့်မြေကိုယ်မပိုင်၊ ကိုယ့်မြေမှာတောင်မှ လွတ်လွတ်လပ်လပ် သွားလာလို့မရတဲ့ သူတို့တွေရဲ့ ဖြစ်ရပ်ကို ကိုယ်ချင်းစာကြည့်တတ်ဖို့ လိုပါတယ်။
အိမ်ကို မီးလောင်သွားလို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရတဲ့သူတွေက နည်းနည်းလေးပါ။ အိမ်ကို မီးလောင်တာလည်း မဟုတ်၊ အသတ်ခံရတဲ့ မိသားစုထဲကလည်းမဟုတ်တဲ့ အများက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတာကို မခံရတဲ့ စိုးရိမ်ကြောက်ရွံ့မှုကြောင့် ဒုက္ခရောက်နေတဲ့ သူတွေက အဆမတန်များလွန်းပါတယ်။
ဘင်္ဂလီတွေနဲ့ထိစပ်နေတဲ့ကျေးရွာတွေက ရခိုင်တိုင်းရင်းသားတွေဟာ သူတို့တွေရဲ့အလုပ်ကို သွားပြီးမလုပ်ရဲကြ။ တစ်နေ့ရှာ၊ တစ်နေ့စားတွေ အတွက်ဆိုပိုဆိုးသေးတယ်။ ” ဈေးရောင်းစားလို့လည်း မရတော့ဘူး၊ ဆန်မရှိလို့ ကစွန်းဥကို စားနေရတယ် “ တဲ့။ ဘင်္ဂလီတွေကတော့ မျက်နှာထားတင်း၊ ရင်ကော့ပြီး သွားချင်သလို သွားလာနေတဲ့အချိန်မှာ ရခိုင်တွေက နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အဖြစ်မျိုးကို ရောက်နေပြီ။ ဘူးသီးတောင်မှာလည်း ခုတလော အပြင်မှာ အလုပ်ထွက်လုပ်တဲ့သူတွေဟာ ဘင်္ဂလီတွေရဲ့အကြမ်းဖက်မှုကို ခံနေရဆဲပါတဲ့။
ဒါကိုတရားဥပဒေ စိုးမိုးမှု မရှိလို့ပြောရမှာလား။ ဘင်္ဂလီတွေ အပေါ်မှာသာ ဥပဒေစိုးမိုးရေးမရှိတာပါ။ အစိုးရရဲ့ ဥပဒေစိုးမိုးရေးက ရခိုင်တွေ အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ ရခိုင်တွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို ဗုဒ္ဓရဲ့ အဆုံးအမနဲ့အညီ ကျင့်ကြံအားထုတ် နေထိုင်ကြတာကြောင့် လူ့အသက်ကို သတ်မယ် မဆိုထားနဲ့ ကြက်ကလေး၊ ငှက်ကလေးတွေကို မသတ်ရဲသူတွေပါ။ ဒီလောက်စိတ်သဘောထား နုညံ့တဲ့သူတွေက လူသတ်ဖို့ကိုလည်း ၀န်မလေး၊ အင်မတန်မှ ယုတ်မာရိုင်းစိုင်းတဲ့ အဟိတ်တိရိစ္ဆာန်တွေနဲ့ အတူနေရတဲ့ သူတွေရဲ့နေရာမှာ ၀င်ပြီးခံစားကြည့်ပေးကြပါ။
” ရခိုင်ပြည်သူတွေ ဘက်ကနေ ကိုယ်ချင်းစာ နားလည်ပေးရမယ်။ ရခိုင်ပြည်ကို ခေတ်အဆက်ဆက် လူမျိုးခြား၊ ဘာသာခြား ၀ါးမျိုခြင်းမခံရအောင် ရခိုင်ပြည်သူတွေ စောင့်ထိန်းကာကွယ် ခဲ့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင် အစိုးရက ရခိုင်ပြည်သူတွေကို လျှစ်လျူ ရူကာ အမျိုးသားကို မတွက်ဘဲ ငွေမျက်နှာ တစ်ခုတည်းကြည့်ကာ ရခိုင်ပြည်တွင်းသို့ ဘင်္ဂလီ မူဆလင်တွေ တရားမ၀င် အမြောက်အမြား ၀င်လာခဲ့ကြတယ်။ ရခိုင်တွေ မနာရင် ဘယ်သူတွေနာမှာလဲ “ ဆိုပြီး ဦးကျော်သူ စစ်တွေရောက်လာတုန်းက ပြောခဲ့ပါသေးတယ်။ ဒီစကားက တမင်တကာဖန်တီးပြောတဲ့စကားမှ မဟုတ်တာ။ ရခိုင့်သမိုင်းစာမျက်နှာမှာ ခိုင်မာတိကျတဲ့ သမိုင်းအထောက် အထားတွေ အများကြီးရှိခဲ့လို့ပါပဲ။
နိုင်ငံတကာကပြောတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်။ လူသားချင်းစာနာမှုမရှိဘူးဆိုရင် ယနေ့ ရခိုင်မှာ ဘယ်သူတွေက လူ့အခွင့်အရေးချိုးဖောက်ခံနေရတာလဲ။ ဘယ်သူတွေက လူသားချင်းစာနာတတ်တယ်ဆိုတာကို သေချာဆန်းစစ်ဖို့လိုပါလိမ့်မယ်။ “လူသားချင်းစာနာထောက်ထား” တယ်ဆိုတဲ့ စကားကို နိုင်ငံတကာက မနေ့တစ်နေ့ကမှ ထအော်လာတာပါ။ ရခိုင်လူမျိုးတွေက လူသားချင်းစာနာထောက်ထား တာတွေကို ရခိုင်ဘုရင်လက်ထက်ကပင် လုပ်ခဲ့လို့ ဒီရလဒ် ဆိုးကျိုးဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း ဆိုတာကို ရှေ့နှစ်ပေါင်းမြောက်များစွာကပင် ယနေ့ထက်ထိ ရခိုင်တစ်မျိုးလုံး ခံနေရဆဲဖြစ်ပါတော့သည်။
Written by ဒေါင်းမြရင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။